ရောမနိုင်ငံသမိုင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရောမနိုင်ငံသမိုင်း[ပြင်ဆင်ရန်]

ရှေးနှစ်ပေါင်း ၁၅ဝဝ ကျော်ခန့်က ရောမအင်ပိုင်ယာကြီး ပြိုကွဲခဲ့သော်လည်း ရောမတို့၏ ယဉ်ကျေးမှုမှာ ယနေ့ထက်တိုင် တည်တံ့လျက် ရှိပေသည်။ ယခုခေတ် ရောမမြို့တော်၌ ရှေးခေတ်ယဉ်ကျေးမှုလက်ရာ အဆောက်အအုံများကို တွေ့နိုင်၏။ လက်တင်ဘာသာစကားသည်လည်း ပြင်သစ်ဘာသာစကား၊ အီတာလျံဘာသာစကား၊ စပိန်ဘာသာစကား၊ ပေါ်တူဂီဘာသာစကား ပြောဆိုရာအရပ်များ၌ ထွန်းကားလျက်ပင် ရှိ၏။ ထို အချက်များကိုထောက်၍ ရောမအင်ပါယာကြီးကို တည်ထောင်သူတို့၏ အရည်အချင်းကို သိသာချင့်ချိန်နိုင်ပေသည်။

ရောမတို့၏သမိုင်းအစ[ပြင်ဆင်ရန်]

ထိုမျှကြီးကျယ်သော အင်ပါယာနှင့် ယဉ်ကျေးမှုအဆောက်အအုံကို တည်ဆောက်ခဲ့ကြသော လူမျိုးမှာ အီတလီနိုင်ငံ အလယ်ပိုင်း တိုင်းဗားမြစ်ဝမှ ၁၇ မိုင်ခန့် ကွာဝေးသော ပယ်လတင်းခေါ် တောင်ကုန်းပေါ်တွင် စုဝေးနေထိုင်သည့် လက်တင်လူမျိုး ဖြစ်လေသည်။ ပယ်လတင်းတောင်ကုန်းအပြင် အခြားတောင်ကုန်း ခြောက်ခုလည်းရှိရာ လေရှိယမ်လွင်ပြင်မှအပ ထိုတောင်တန်းများပေါ်၌ အခြားလူမျိုးများလည်း နေထိုင်လျှက် ရှိကြသည်။ မြစ်တစ်ဖက် မြောက်ပိုင်းတွင် လက်တင်လူမျိုးတို့ထက် ယဉ်ကျေးမှုအဆင့်အတန်း မြင့်၍ အင်အားကြီးသော အီထရပ်စကန်လူမျိုးတို့ နေထိုင်၏။

ရောမမြို့ကိုတည်ထောင်ခြင်း[ပြင်ဆင်ရန်]

တောင်ကုန်းခုနစ်လုံးပေါ်တွင် နေထိုင်ကြသော လူမျိုးအသီးအသီးတို့သည် နောင်အခါ၌ ပေါင်းစည်းကြပြီးလျှင် ရောမမြို့ကို တည်ကြလေသည်။

အီထရပ်စကန်တို့လက်အောက်ကျရောက်ခြင်းနှင့်ရောမဘုရင့်နိုင်ငံတော်[ပြင်ဆင်ရန်]

အစအဦး၌ လက်တင်အကြီးအကဲတို့က မြို့ကိုအုပ်ချုပ်ခဲ့ကြသော်လည်း ဘီစီ ၇၅၃ ခုနှစ်ခန့်လောက်တွင် အီထရပ်စကန်တို့၏ လက်အောက်သို့ ကျ ရောက်ခဲ့သည်။ အီထရပ်စကန်တို့ လက်အောက်တွင် ရောမမြို့သည် တိုးတက်လာ၏။ မြို့အင်္ဂါရပ်များဖြစ်သော မြို့ရိုး၊ ဂျူပီတာဘုရားကျောင်း၊ ရေဆင်းမြောင်း စသည်တို့ကို တည်ဆောက်ကြသည်။ အီထရပ်စကန်တို့ အုပ်ချုပ်ပုံစံနစ်သည် ထိုခေတ်အခါက အဆင့်အတန်း မြင့်သည်ဟု ဆိုရသော်လည်း သက်ဦးဆံပိုင်အုပ်ချုပ်ရေးစံနစ် ဖြစ်လေသည်။

ရောမသမ္မတနိုင်ငံကိုထူထောင်ခြင်း[ပြင်ဆင်ရန်]

ရောမတို့သည် အီထရပ်စကန်တို့၏ လက်အောက်၌ ဆင်းရဲငြိုငြင်လာကြရာ နှစ်ပေါင်း ၂၅ဝ ခန့် ကြာပြီးနောက် ဘီစီ ၅ဝ၉ ခုနှစ်လောက်တွင် ဘုရင်ကို တော်လှန်ပုန်ကန်ကြလေသည်။ ထိုအခါ အီထရပ်စကန်ဘုရင် တာကွင်နီယပ်စူပါဗပ်သည်လည်း ရောမမြို့ကို စွန့်ခွာသွားရသည်။ ထို့နောက် ရောမတို့သည် ရောမသမ္မတနိုင်ငံကို တည်ထောင်ကြလေသည်။

လူတန်းစားပဋိပက္ခများ[ပြင်ဆင်ရန်]

ထိုစဉ်က ရောမနိုင်ငံသည် နိုင်ငံငယ်မျှသာ ဖြစ်သော်လည်း နှစ်ပေါင်း ၂၅ဝ နီးပါးမျှ အီတလီကျွန်းဆွယ်တွင် တန်ခိုးအကြီးဆုံးနိုင်ငံအဖြစ် တည်ရှိခဲ့သည်။ သို့ရာတွင် အုပ်ချုပ်ရေးအာဏာသည် ဥစ္စာပစ္စည်း ကြွယ်ဝသူနှင့် သူကောင်းမျိုးတို့ လက်ထဲ၌ ရောက်လျက်ရှိ၏။

ရောမတို့ အုပ်ချုပ်ရေးစံနစ်အရ နှစ်စဉ် ပက်တြီရှင်ခေါ် သူကောင်းမျိုးတို့ထဲမှ ကွန်ဆာခေါ် အရာရှိကြီး နှစ်ဦးကို ခန့် ထား၍ မြို့ပြရေးရာ ကိစ္စများကို အုပ်ချုပ်စေသည်။ သို့သော် ထိုအုပ်ချုပ်ရေးစံနစ်တွင် အထက်တန်းစားများသာ ခြယ်လှယ်ခွင့်ရ၍ ပလီဗီယန်ခေါ် ဆင်းရဲသားများသည် အုပ်ချုပ်ရေး၌ ပြောရေးဆိုခွင့် မရကြချေ။ ကွန်ဆာများကို ရွေးကောက် တင်မြှောက်သည့် အဆင်ဗလီအဖွဲ့တွင် ပလီဗီယန်များ ပါဝင်ခွင့်ရသော်လည်း ကွန်ဆာရွေးချယ်ရန် မဲဆန္ဒပေးရာ၌မူ ပက်တြီရှင်တို့၏ မဲက သာအောင် စီမံထား၏။

သို့ဖြင့် တန်ခိုးအာဏာ ရှိနေကြသော သူကောင်းမျိုးပက်တြီရှင်တို့သည် အခွင့်အရေးကောင်းဟူသမျှကို သူတို့ချည်းရအောင် ယူထားကြလေသည်။ အယုတ်သဖြင့် သူတို့၏ နွားနှင့်ဆိတ်များအတွက် စားကျက်ကောင်း ရအောင်ယူထားကြ၏။ ဆင်းရဲသားများမှာကား အလုပ်လုပ်စရာရှိလျှင် လုပ်ပေးရ၍ စစ်တိုက်စရာ ရှိလျှင် တိုက်ခိုက်ပေးရသော်လည်း အခွင့်အရေးကိုကား မရကြချေ။ ထိုကြောင့် မခံမရပ်နိုင် ဖြစ်လာကြပြီးလျှင် ဘီစီ ၄၉၄ ခုနှစ်တွင် ဆင်းရဲသားလူတန်းစားအားလုံး စုရုံးကြပြီးလျှင် သီးခြားမြို့တစ်မြို့တည်ရန် ရောမမြို့မှ ထွက်ခွာသွားကြ၏။ ဆင်းရဲသားလူထုကို အားကိုးနေရသော သူ ကောင်းမျိုးတို့မှာ ထိုသူတို့အား အုပ်ချုပ်မှုအခွင့်အရေးများပေးရန်၎င်း၊ မတန်တဆအတိုးနှုန်းနှင့် ချေးထားသော ကြွေးမြီများကို လျှော်ပစ်ရန်၎င်း၊ ကြွေးမှုဖြင့် ထောင်ချခံနေရသော ဆင်းရဲသားများကိုလည်း လွှတ်ပစ်ရန်၎င်း သဘောတူကြရသည်။

ထိုသို့အားဖြင့် ဆင်းရဲသားလူတန်းစားတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးမည့် တြီဗျွန်းအဖွဲ့ကို ရွေးကောက်ခန့်ထားလေသည်။ တဖြည်းဖြည်းနှင့် တြီဗျွန်းများသည် တန်ခိုးအာဏာ ရှိလာပြီးလျှင် တရားမျှတခြင်းမရှိဟု ထင်မြင်သော ဥပဒေများကို ပယ်ဖျက်နိုင်၍ ကွန်ဆာတို့၏ အမိန့်အာဏာများကိုပင် တစ်ချက်လွှတ်အာဏာသုံးကာ ဖျက်ပစ်နိုင်လေသည်။ တြီဗျွန်းများသည် ဆင်းရဲသားလူထုထဲမှ ဖြစ်၍ ထိုလူတန်းစား၏ အကျိုးကို လိုက်လျောဆောင်ရွက်ပေးကြ၏။

ထိုနောက် ပလီဗီယန်တို့သည် မိမိတို့ လူတန်းစားချည်း ပါဝင်သော ကောင်စီအဖွဲ့ကို ဖွဲ့စည်းခွင့် ရပြီးလျှင် လိုလားချက်များကို အုပ်ချုပ်ရေးအာဏာပိုင်တို့ထံမှ တောင်းဆိုနိုင်လာကြလေသည်။ ထိုကြောင့် ဘီစီ ၄၅ဝ ပြည့်နှစ်တွင် ရောမနိုင်ငံ တရားဥပဒေများကို ပြည်သူလူထု သိရှိနားလည်နိုင်ရန် ကြေးညိုပြား ၁၂ ပြားပေါ်တွင် အက္ခရာတင်ဖြစ်ကြသည်။ အဆိုပါ တရားဥပဒေများသည် နောင်အခါ၌ ကမ္ဘာပေါ်တွင် ထင်ရှားသည့် ရောမတရားဥပဒေ၏ အခြေခံပင် ဖြစ်၏။ ဘီစီ ၃၆၆ ခုနှစ်တွင် ပလီဗီယန်တို့သည် ကွန်ဆာလူကြီးအဖြစ် အရွေးခံခွင့်ရ၏။ ဘီစီ ၂၈၇ ခုနှစ်တွင် ပလီဗီယန် ကောင်စီမှ ဆုံးဖြတ်ချက်များကို တရားဥပဒေအဖြစ် လက်ခံကြရသည်။

ရောမ ဆီးနိတ်[ပြင်ဆင်ရန်]

ရောမသမ္မတနိုင်ငံ မတည်ထောင်မီကပင် ဘုရင်တို့ကို အကြံဉာာဏ်ပေးရသော ဆီနိတ်အဖွဲ့ဟူ၍ ရှိခဲ့သည်။ ဆီနတ်အဖွဲ့ တွင် ကွန်ဆာတို့က ပက်တြီရှင်ခေါ် သူကောင်းမျိုးထဲမှ ရွေး ကောက်တင်‌‌မြှောက်ထားသော အဖွဲ့ဝင် ၃ဝဝ ပါဝင်လေသည်။ သို့သော် နောင်အခါတွင် ကွန်ဆာအရာရှိဟောင်းများနှင့် ပရီတာအရာရှိ ဟောင်းများ (ကွန်ဆာအောက် ရာထူးငယ် သည်။)သည် အလိုအလျောက်ပင် ဆီနိတ်အဖွဲ့ဝင်များ ဖြစ်လာ ကြသည်။ ဆီနိတ်အဖွဲ့ဝင်တို့သည် အုပ်ချုပ်မှုရေးရာဘက်၌၎င်း၊ စစ်မှုရေးရာဘက်၌၎င်း အတွေ့အကြုံများသူတို့ ဖြစ်ကြသည်။ ထိုကြောင့် ဆီနိတ်အဖွဲ့သည် ရောမနိုင်ငံရေးတွင် အရေးပါ အရာရောက်ဆုံး အဖွဲ့အစည်း ဖြစ်ပေသည်။

လက်တင်အစည်းအရုံး[ပြင်ဆင်ရန်]

ထိုစဉ်က လက်တင်မြို့များသည် ရန်သူတို့က ထိပါး ရန် စောင်နေခြင်းကို ခံနေရ၏။ ထိုကြောင့် လက်တင်မြို့များသည် မိမိတို့အား ထိပါးလာမည့် ရန်သူများကို စုပေါင်းတွန်းလှန်ရန် သွေးစည်းကြပြီးလျှင် လက်တင်အစည်းအရုံးဟူ၍ ဖွဲ့စည်းခဲ့ကြ လေသည်။

ထိုအစည်းအရုံးဝင်တို့သည် နှစ်ပေါင်းတစ်ရာကျော်မျှ ကြာ အောင် လက်တင်မြို့များကို ထိပါးလာသည့် ရန်သူများကို အောင်မြင်စွာ တွန်းလှန်ခဲ့ကြ၏။ လက်တင်အစည်းအရုံးဝင် အခြားမြို့များသည် လေရှိယမ်လွင်ပြင် တောင်ဘက်နှင့် အရှေ့ ဘက်မှ ရန်သူများကို ခုခံကာကွယ်ရ၍ ရောမနိုင်ငံငယ်ကမူကား တိုင်းဗားမြစ် တစ်ဖက်ကမ်းမှ အီထရပ်စကန်တို့၏ ရန်ကို ခုခံ ကာကွယ်ရလေသည်။

အီတလီကျွန်းဆွယ်ကို သိမ်းပိုက်အုပ်ချုပ်ခြင်း[ပြင်ဆင်ရန်]

ဘီစီ ၃၆၉ ခုနှစ်တွင် ရောမတို့သည် ရောမမြို့မြောက်ဘက်ရှိ အီထရပ်စကန်တို့၏ အချက်အခြာဒေသ ဖြစ်သော ဗီအိုင်မြို့ကို သိမ်းယူနိုင်ခဲ့ကြသည်။ သို့ရာတွင် ဘီစီ ၃၉ဝ ပြည့်နှစ်၌ ပိုးမြစ်ဝှမ်းဘက်မှ ဂေါလလူမျိုးတို့သည် အီထရူးရီးယားနယ်ကို၎င်း၊ ရောမနိုင်ငံငယ်ကို၎င်း တိုက်ခိုက် ဖျက်ဆီးပစ်လေသည်။

အီထရပ်စကန်တို့သည်လည်း ဂေါလတို့၏ တိုက်ခိုက်ခြင်း ဒဏ်ကို အပြင်းအထန် ခံလိုက်ရသဖြင့် အင်အားချည့်နဲ့လျက် ရှိရာ နောင်အနှစ်တစ်ရာအတွင်း ရောမတို့က ယင်းတို့၏ ပိုင်နက်အားလုံးကို သိမ်းပိုက်မိလေသည်။ ရောမတို့သည် အီတလီကျွန်းဆွယ်ရှိ အခြားတိုင်းရင်းသားလူမျိုးစုများကိုလည်း တိုက်ခိုက်နှိမ်နင်းခဲ့သည်။ ထိုသို့အားဖြင့် ရောမတို့သည် တဖြည်းဖြည်း တန်ခိုးကြီးမားလာသောကြောင့် လက်တင် အစည်းအရုံးဝင် အခြားမြို့များက ရောမ၏ရန်ကို စိုးရိမ်လာကြ လေသည်။ သို့ဖြင့် ဘီစီ ၃၄ဝ ပြည့်နှစ်တွင် ရောမတို့နှင့် အဆက်ဖြတ်၍ နှစ်နှစ်မျှ စစ်ခင်းတိုက်ခိုက်ကြရာ နောက်ဆုံး၌ ရောမတို့ကို အရှုံးပေးအညံ့ခံကြရသည်။ ဘီစီ ၂၉၅ ခုနှစ်တွင် ရောမတို့သည် အင်အားကြီးမားသော ဆမ္မနိုက်လူမျိုးကို အပြီး အပိုင် နှိမ်နင်းပြီးနောက် အီတလီအလယ်ပိုင်းနှင့် မြောက်ပိုင်း ကို သိမ်းပိုက်ကြီးစိုးလေသည်။

အီတလီတောင်ပိုင်းရှိ ဂရိမြို့များသည်လည်း ရောမ၏ အင်အားကို ထိတ်လန့်လာသဖြင့် အီပိုင်းရပ်ပြည်၊ ဂရိဘုရင် ပီးရပ်ထံမှ အကူအညီတောင်း၍ ရောမကို တိုက်ခိုက်လေသည်။ သို့ရာတွင် ဘီစီ ၂၇၅ ခုနှစ်၌ ရောမတို့သည် ပီးရပ်၏တပ် များကို တွန်းလှန်ပြီးနောက် ဂရိမြို့များကို မိမိတို့ လက်အောက် သို့ သိမ်းသွင်းခဲ့၏။ ထိုနောက် အီတလီကျွန်းဆွယ်တစ်ခုလုံးကို ရောမတို့ အုပ်စီးမိလေသည်။

ရောမတို့၏စည်းရုံးရေးနည်းလမ်းများနှင့်အာဏာစက်[ပြင်ဆင်ရန်]

ရောမတို့သည် မိမိတို့လက်အောက်သို့ သိမ်းသွင်းခြင်း ခံရသော မြို့များကို စည်းရုံးပုံမှာ မှတ်သားဖွယ်ရာ ကောင်း ပေသည်။ အချို့သောမြို့များ၌ နေထိုင်သူတို့ကို ရောမနိုင်ငံသား အခွင့်အရေး လုံးလုံးပေး၏။ အချို့ကို ရောမနိုင်ငံသား အခွင့် အရေး ကန့်သတ်၍ပေး၏။ အချို့ကိုမူကား ကိုယ်ပိုင် အုပ်ချုပ် ခွင့် ပေး၍ မဟာမိတ်အဖြစ် စာချုပ်ချုပ်ဆိုထား၏။ မဟာမိတ် များသည် ရောမမြို့နှင့် ကုန်သွယ်ခွင့်၊ ရောမလူမျိုးနှင့် လက် ထပ်ခွင့် ရရှိကြသော်လည်း မဲဆန္ဒပေးခွင့် မရှိ။ စစ်ဖြစ်လျှင် ရောမတို့ဘက်က ကူညီရမည်ဖြစ်၏။ ထိုပြင် အီတလီတွင် ကိုလိုနီနယ်များဖွင့်၍ ရောမလူမျိုးနှင့် လက်တင်လူမျိုးများကို သီးသန့်နေထိုင်ရန် နေရာချပေး၏။ သို့သော် ရောမ ကိုလိုနီ များ၌ နေထိုင်သူများသာ ရောမနိုင်ငံသားအခွင့်အရေးများကို ရောမတို့နှင့် တန်းတူခံစားခွင့် ရရှိကြသည်။

ကိုလိုနီနယ်များကို တည်ထောင်ပြီးနောက် ရာဇဝင်၌ ထင်ရှားသော ရောမလမ်းမကြီးများကို စတင် ဖောက်လုပ်ကြ သည်။ အီတလီကျွန်းဆွယ်တွင် ရောမမြို့ကို ဗဟိုထား၍ လမ်း များ ဖြာထွက်လျက်ရှိရာ ခပ်သိမ်းသော လမ်းတို့သည် ရောမ မြို့သို့ ရှေးရှုလျက်ရှိ၏။ ဟူ၍ပင် ဆိုစမှတ်ပြုလာကြလေ သည်။ ထိုလမ်းများအားဖြင့် ရောမတို့သည် လက်အောက်ခံ နယ်ပယ်များနှင့် ကူးလူးဆက်ဆံရေးမှာ လွယ်ကူလေသည်။ ရောမတို့၏ အုပ်ချုပ်ရေးအာဏာသည်လည်း နိုင်ငံအစွန်ဆုံး ဒေသတိုင်အောင် စူးရှလျက် ရှိသည်။

ကာသေ့ခ်ျနှင့်ပဋိပက္ခဖြစ်ခြင်း[ပြင်ဆင်ရန်]

မြေထဲပင်လယ် အနောက်ပိုင်းတွင် ရောမတို့သည် ကုန်း မြေပေါ်၌ ကြီးစိုးသကဲ့သို့ ကားသေ့လူမျိုးတို့သည် ပင်လယ် ရေပြင်၌ ကြီးစိုးလျက်ရှိ၏။ ကားသေ့မြို့တော်သည် ယခုတျူနစ် ဇီးယားနိုင်ငံတည်ရာ အာဖရိကကမ်းခြေပေါ်၌ ရှိ၍ ကားသေ့ အင်ပိုင်ယာသည် မစ္စလီကျွန်းမှ ဂျီဗရောတားရေလက်ကြားအထိ ကျယ်ပြန့်လေသည်။ ထိုဒေသ၌ ကုန်သွယ်ရေးကို ကားသေ့တို့ က လက်ဝါးကြီးအုပ်ထားလျက် အခြားသောနိုင်ငံမှ ကုန်သွယ် သင်္ဘောဟူသမျှတို့သည် ကားသေ့တို့၏ လက်ချက်ဖြင့် နှစ်မြုပ် ခြင်း ခံရ၏။ ထိုပြင် ရောမနှင့် ကားသေ့တို့သည် အီတလီ တောင်ပိုင်းသို့ နယ်ချဲ့လာကြရာ ဘီစီ ၂၆၄ ခုနှစ်တွင် မက်ဆာ နာမြို့အရေးကြောင့် စစ်ပွဲ စတင်ဖြစ်ပွားရလေသည်။ ကားသေ့နိုင်ငံ

ပျူးနစ်စစ်ပွဲများ[ပြင်ဆင်ရန်]

ပထမပျူးနစ်စစ်ပွဲ[ပြင်ဆင်ရန်]

ရောမနှင့် ကားသေ့တို့ မြေထဲပင်လယ်၌ အာဏာလုသည့် စစ်ပွဲများကို ပျူးနစ်စစ်ပွဲများဟု ခေါ်သည်။ ပထမပျူးနစ်စစ်ပွဲ မှာ စစ္စလီကျွန်း ပိုင်ဆိုင်ရေးအတွက် တိုက်ခိုက်သောစစ်ပွဲဖြစ်၍ ဘီစီ ၂၄၁ ခုနှစ်မှ ဘီစီ ၂၆၄ ခုနှစ်အထိ ကြာသည်။ တိုက်ပွဲများမှာ စစ္စလီကျွန်းပေါ်တွင် ဖြစ်ပွားသည်သာ များ၏။ သို့သော် အနီးအနားရှိ ရေပြင်၌ ရေတပ်ချင်းလည်း တိုက်ကြသေးသည်။ နှစ်ဆဲ့သုံးနှစ်မျှ ကြာအောင် တိုက်ကြပြီး နောက် ကားသေ့တို့ အရေးနိမ့်သဖြင့် စစ္စလီကျွန်းကို ရောမ တို့က သိမ်းပိုက်လေသည်။ သုံးနှစ်မျှ ကြာသောအခါ ကော်စီ ကားနှင့် ဆာဒင်နီး ယားကျွန်းများကိုလည်း ရောမတို့က သိမ်းသွင်းလိုက်ပြန်၏။

ဒုတိယနှင့်တတိယ ပျူးနစ်စစ်ပွဲများ[ပြင်ဆင်ရန်]

ကားသေ့သည် အရေးနိမ့်ခဲ့သော်လည်း အင်အားမပျော့ သေးချေ။ ထိုကြောင့် ပထမပျူးနစ်စစ်ပွဲပြီးသည့် နောက်တွင် နောက်ထပ်နှစ်ကြိမ်မျှ တိုက်ကြလေရာ စစ်ပွဲများကို ဒုတိယပျူး နစ်စစ်ပွဲနှင့် တတိယပျူးနစ်စစ်ပွဲဟု ခေါ်ကြသည်။ စစ်တစ်ကြိမ် တိုက်ပြီးနောက် စစ်ပြေငြိမ်းထားစဉ် ကားသေ့သည်၎င်း၊ ရောမ သည်၎င်း ပိုမို အင်အားတောင့်တင်းအောင် ပြင်ဆင်ကြ၏။ ဒုတိယပျူးနစ်စစ်ပွဲမှာ ဘီစီ ၂၁၈ ခုနှစ်တွင် စတင်ဖြစ်ပွား၍ ဘီစီ ၂ဝ၁ ခုနှစ်တွင် ပြီးဆုံးသွားသည်။ ထိုစစ်ပွဲတွင် နာမည် ကျော် ကားသေ့စစ်ဗိုလ်ချုပ်ဟန္နီဗောသည် စပိန်မှ ကုန်းကြောင်း လမ်းဖြင့် အီတလီမြောက်ဘက်ရှိ အဲ့လပတောင်တန်းကို ခဲယဉ်း စွာ ဖြတ်ကျော်ပြီးလျှင် ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ် အလုံးအရင်းနှင့် ရောမနိုင်ငံတွင်း ချင်းနင်းဝင်ရောက် တိုက်ခိုက် လေသည်။ ရောမစစ်ဗိုလ်ချုပ်တို့သည် ဟန္နီဗောနှင့် မယှဉ်သာ သဖြင့် စပိန်တို့ ကြားဖြတ်သွားရောက်တိုက်ခိုက်သည်တွင် ကားသေ့စစ်တပ်များ အီတလီမှ ဆုတ်ခွာခဲ့ရလေသည်။


ဘီစီ ၂ဝ၂ ခုနှစ်တွင် ကားသေ့မြို့အနီး ဇေးမားအရပ်၌ ကားသေ့နှင့် ရောမတို့ ယှဉ်ပြိုင်တိုက်ခိုက်ရာ ကားသေ့တို့ အရေးနိမ့်လေသည်။

တတိယပျူးနစ်စစ်ပွဲသည် ဘီစီ ၁၄၉ ခုနှစ်မှ ဘီစီ ၁၄၆ ခုနှစ်အထိ သုံးနှစ်ကြာမျှ ဖြစ်ပွားခဲ့၏။ ထိုစစ်ပွဲတွင် ရောမတို့ သည် စည်ကားခမ်းနားသည့် ကားသေ့မြို့ကြီးကို ပြာပုံအတိ ဖြစ်အောင် မီးတိုက်ဖျက်ဆီးခဲ့လေသည်။ ထိုနောက် ရောမတို့ သည် မြေထဲပင်လယ်အနောက်ပိုင်းကို အုပ်စီးမိလေ၏။

ရောမတို့သည် ကားသေ့တို့ကို အောင်မြင်ပြီးနောက် မြေထဲပင်လယ် အရှေ့ပိုင်းသို့ အာရုံပြောင်းကြလေသည်။ ဂရိ ကျွန်းဆွယ်ရှိ မက်ဆီဒုန်ပြည်မှ ပဉ္စမဖိလစ်ဘုရင်သည် ဆီးရီး ယားပြည့်ရှင် တတိယအန်တီယိုကပ်နှင့် မဟာမိတ်ဖွဲ့လိုက်သည် တွင် ရောမတို့က ထိုအဖွဲ့သည် မိမိတို့ကို အန်တုမည်ဟု စိုးရိမ် လာလေသည်။ ထိုကြောင့် ဘီစီ ၂ဝဝ ပြည့်နှစ်တွင် ရောမသည် မက်ဆီဒုန်ပြည်ကို စစ်ကျေညာ၍ တိုက်ခိုက်လေသည်။ ဂရိတို့ သည်လည်း စစ်ပွဲတွင် ကျင့်သားရပြီးသော ရောမတို့ကို အညံ့ခံ အရှုံးပေးရသည်။ ရောမတို့သည် ဂရိပြည်နယ်များကို လက် အောက်ခံ အဖြစ်ထားရန် မရည်ရွယ်သဖြင့် ဘီစီ ၁၉၇ ခုနှစ် ထိုပြည်နယ်အားလုံးကို လွတ်လပ်ရေး ပေးခဲ့သည်။

သို့ရာတွင် ဆီးရီးယားဘုရင်သည် အာရှမိုင်းနားကို သိမ်း ပိုက်ပြီးနောက် ဂရိပြည်နယ်များကို ထိပါးလာသဖြင့် ရောမတို့ နှင့် စစ်ဖြစ်ရလေသည်။ ဘီစီ ၁၉ဝ ပြည့်နှစ်တွင် ဆီးရီးယား ဘုရင်လည်း အရေးနိမ့်၍ မိမိတိုင်းပြည်သို့ ဆုတ်ခွာသွား ရသည်။

ရောမတို့သည် ရောမသမ္မတနိုင်ငံကြီးကို တည်ထောင်နိုင် ကြပြီ ဖြစ်သောကြောင့် စိတ်ကြီးဝင်လာကြလေသည်။ လက် အောက်ခံ နိုင်ငံများတွင် ပရိုကွန်ဆာခေါ် ဘုရင်ခံများကို ခန့် ထားအုပ်ချုပ်စေရာ ထိုသူတို့သည် သက်ဦးဆံပိုင်စံနစ်များကို သုံးလျက် အုပ်ချုပ်ကြသည်။ သူတို့၏ ရာထူးသက်တမ်းမှာ တစ်နှစ်မျှ ဖြစ်သော်လည်း ထိုတစ်နှစ်အတွင်း တစ်သက်လုံး စည်းစိမ်ခံ၍ နေထိုင်နိုင်ရန်အတွက် ဥစ္စာပစ္စည်း စုဆောင်းမိဖို့ ကြိုးစားကြလေသည်။ ထိုကြောင့် လက်အောက်ခံလူမျိုးများထံမှ ကြီးလေးသော အခွန်အတုတ်များကို ကောက်ယူကြ၏။ ရောမလူမျိုးတို့သည်လည်း စည်းစိမ်ယစ်မူးလာကြလေ သည်။ ဆင်းရဲသားလူတန်းစားတို့၏ လယ်ယာမြေများကို ငွေအားတတ်နိုင်သူ အရာထမ်းအမှုထမ်းတို့က၎င်း၊ လူကုံထံ ပိုင်းက၎င်း ဝယ်ယူကြလေသည်။ ထိုသို့အားဖြင့် အထက်တန်း စား လူစုတွင် စည်းစိမ်ဥစ္စာ တိုးလာသည်နှင့်အမျှ ဆင်းရဲသား လူတန်းစားတို့မှာ မြေယာမဲ့ ဖြစ်ကုန်သဖြင့် ခရုဆန်ကျွတ်ဘဝ သို့ ရောက်ရလေသည်။ ထိုအခါ ဆီနိတ်အဖွဲ့နှင့် ဆင်းရဲသား တို့သည် ပဋိပက္ခ ဖြစ်လာကြ၍ ပြည်တွင်းရေး လှုပ်ရှားလာ လေသည်။

ဘီစီ ၁၃၃ ခုနှစ်တွင် တိုင်ဗီးရီးယပ် ဂရေးကပ်ဆိုသူသည် တြီဗျွန်းအဖြစ် ရွေးကောက်တင်မြေ|ာက်ခြင်း ခံရသောအခါ တောင်သူလယ်သမားတို့အတွက် အကျိုးရှိစေမည့် လယ်မြေ ပြန်လည်ဝေခြမ်းရေးစံနစ်ကို အကြံပေးခဲ့လေသည်။ သို့ရာတွင် တစ်ဖက်မှ မလိုလားသူတို့၏ လက်ချက်ဖြင့် တိုင်ဗီးရီးယပ် အနိစ္စရောက်ရလေသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းတစ်ရာမျှ ကြာအောင် ပြည်တွင်းစစ်ပွဲများနှင့် တော်လှန်မှုများ ဖြစ်ပွား လာခဲ့ရာ နောက်ဆုံး၌ ရောမသမ္မတနိုင်ငံကြီး ပြိုပျက်ရလေ သည်။ ထိုနောက် အုပ်ချုပ်ရေးအာဏာသည် စစ်တပ်လက်ထဲ သို့ တဖြည်းဖြည်း ရောက်ရှိလာလေသည်။ စစ်ခေါင်းဆောင် တို့တွင် ပထမဦးဆုံး ထင်ရှားလာသူမှာ မားရီးယပ် ဖြစ်သည်။ သူကား စစ်အင်အားသည် ရောမပိုင်နယ်များ၌ တည်ရှိသည်ဟု ယုံကြည်သူ ဖြစ်သည်။ ဆာလာ၊ ပွန်ပီ၊ ဂျူးလယပ်ဆီဇာ၊ မတ်အန်ထော်နီတို့သည်လည်း မားရီးယပ်ယုံကြည်ချက်ကို လက်ခံကျင့်သုံးခဲ့ကြသော ရောမနိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြ သည်။

အာရှမိုင်းနားတွင်ရှိသော ပွန်တပ်ဘုရင် မီသရီဒိတ်နှင့် စစ်ဖြစ်သောအခါ မားရီးယပ်နှင့် ဆီနိတ်အဖွဲ့ကို ထောက်ခံသူ ဆာလာတို့ ခေါင်းဆောင်မှု အာဏာလုပွဲ ဆင်ကြလေသည်။ ဆာလာခေါင်းဆောင်သော ရောမစစ်တပ် အာရှမိုင်းနားသို့ ရောက်ရှိနေစဉ် မားရီးယပ်သည် ရောမမြို့တွင် အုပ်ချုပ်မှု အာဏာကို သိမ်း၍ ဆီနိတ်အဖွဲ့ဝင် ခေါင်းဆောင်အများကို သတ်လေသည်။ ဘီစီ ၈၂ ခုနှစ်တွင် အာရှမိုင်းနား၌ အောင် ပွဲခံ၍ ရောမမြို့ သို့ ပြန်လာသောဆာလာကလည်း မားရီးယပ် ဘက်သား လူထုခေါင်းဆောင် မြောက်မြားစွာတို့ကို သတ်ပစ် လေသည်။ ဆာလာလည်း ရောမအာဏာရှင် ဖြစ်လာသည်။ ထိုသို့အားဖြင့် အုပ်ချုပ်မှုအာဏာသည် ဆီနိတ်အဖွဲ့တွင် မရှိဘဲ လူတစ်ဦးတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။ ရောမသမ္မတနိုင်ငံသည် အာဏာရှင်အုပ်စိုးသော နိုင်ငံ အဖြစ်သို့ တရွေ့ရွေ့ရောက်ရှိလာသော်ငြားလည်း အင်ပိုင်ယာကြီး သည်ကား ကျယ်ပြန့်လာလေသည်။ ရောမစစ်သူကြီး ပွန်ပီသည် အရှေ့ဘက်အာရှမိုင်းနားတွင် ပါသီယာနယ်စပ်အထိ စစ်အောင် ခဲ့သည်။


ဘီစီ ၅၈ ခုနှစ်တွင် ဂျူးလယပ် ဆီဇာကလည်း အနောက်ဘက်ရှိ ဂေါလနယ်သို့ ချီတက် တိုက် ခိုက်ခဲ့လေသည်။ ဂေါလနယ်ကို အောင်မြင်ပြီးနောက် ဂျာမန်နှင့် ဗဲလဂျီယန်တို့ကိုလည်း တိုက်ခိုက် နှိမ်နင်းခဲ့သည်။ ဗြိတိန်နိုင်ငံ ကိုလည်း ဘီစီ ၅၅ ခုနှစ်တွင် တစ်ကြိမ်၊ ဘီစီ ၅၄ ခုနှစ်တွင် တစ်ကြိမ် ပေါင်းနှစ်ကြိမ်မျှ တိုက်ခိုက်ခဲ့လေသည်။ ဆီဇာသည် ဂေါလနယ်တွင် ၁ဝ နှစ်ခန့် နေထိုင်ပြီးနောက် ဘီစီ ၄၉ ခုနှစ် ၌ ရောမသို့ ပြန်လာသည်။

ဆီနိတ်အဖွဲ့သည် ဆီဇာ၏တန်ခိုးအာဏာ ကြီးမားလာခြင်း ကို ကြောက်ရွံ့စိုးရိမ်လာသဖြင့် ရောမမြို့တွင်းသို့ မဝင်မီ စစ် တပ်ကို ဖျက်သိမ်းခဲ့ရန် အမိန့်ပေးလေသည်။ သို့ရာတွင် ဆီဇာ သည် ဆီနိတ်အဖွဲ့၏ အမိန့်ကို မနာခံဘဲ၊ စစ်တပ်နှင့်တကွ မြို့တွင်းသို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ ရောမသမ္မတ နိုင်ငံခေတ် ကုန်ဆုံးလေသည်။ ဆီဇာသည် သရဖူဆောင်းဘုရင် အဖြစ်ကို မခံယူခဲ့သော်လည်း သူတစ်ဦးတည်းလက်၌ အချုပ် အချာ အာဏာထား၍ အုပ်ချုပ်ခဲ့လေသည်။ ထိုကြောင့် ဆီဇာ သည် သက်ဦးဆံပိုင် ဘုရင်သဖွယ် အုပ်စိုးတော့မည်ဟု စိုးရိမ် လာကြသူများ၏ လက်ချက်ဖြင့် ဘီစီ ၄၄ ခုနှစ်တွင် လုပ်ကြံ ခြင်းခံခဲ့ရလေသည်။


ဂျူးလယပ်ဆီဇာ ကွယ်လွန်ပြီးနောက် အာဏာလုပွဲများ ဖြစ်ပွားခဲ့သည်။ နောက်ဆုံး ဘီစီ ၂၇ ခုနှစ်တွင် (ဂျူးလယပ် ဆီဇာ၏ မြေးတော်သူ) အော့ကတေးဗီးယန်းက ဩဂပ်စတပ် (ဘီစီ ၆၃-အေဒီ ၁၄)ဟူသောဘွဲ့ကို ခံယူ၍ ပထမဦးဆုံး ရောမဧကရာဇ်ဘုရင်အဖြစ်ဖြင့် အုပ်စိုးလေသည်။

ဩဂပ်စတပ်သည် အချုပ်အချာ အာဏာပိုင် ဖြစ်သော်လည်း အုပ်ချုပ်ရေးကိစ္စများတွင် ဆီနိတ်အဖွဲ့နှင့် တိုင်ပင် ၍ ဆောင်ရွက်လေသည်။ ထိုကဲ့သို့ ရောမအင်ပိုင်ယာ ခေတ် စတင်ဖြစ်ပေါ်လာပြီးနောက် ရောမနိုင်ငံသည် နှစ်ပေါင်း နှစ်ရာ ခန့်မျှ ငြိမ်းချမ်းသာယာလျက် ရှိလေသည်။ နယ်စပ်ဒေသများ တွင် တိုက်ခိုက်မှု ဖြစ်ပွားသည်မှအပ၊ စစ်မက် အန္တရာယ်ဟူ၍ အကြီးအကျယ်မရှိချေ။ ရောမစာပေနှင့် ယဉ်ကျေးမှု ထွန်းကား တိုးတက်သောခေတ် ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် ရောမတို့ ဖောက်လုပ်ခဲ့သော လမ်းများကို၎င်း၊ ပြင်သစ်နိုင်ငံတွင် တည် ဆောက်ခဲ့သော လမ်းများကို၎င်း၊ ပြင်သစ်နိုင်ငံတွင် တည် ဆောက်ခဲ့သော ရေသွယ်ပြွန်နှင့် တံတားများကို၎င်း ယခုထက် တိုင် တွေ့မြင်နိုင်လေသည်။ ရောမတရားဥပဒေကိုလည်း အင် ပိုင်ယာအတွင်းရှိ တရားရုံးများ၌ လိုက်နာကျင့်သုံးလျက် ရှိ လေသည်။ ဩဂပ်စတပ် ကွယ်လွန်ပြီးနောက် တိုင်ဗီးရီးယပ် (အေဒီ ၁၄-၃၇)ခုနှစ်၊ ကလီဂျူလာ (အေဒီ ၃၇-၄၁ ခုနှစ်)၊ ကလောဒိယပ် (အေဒီ ၄၁-၅၄ ခုနှစ်)နှင့် နီးရိုး (အေဒီ ၅၄- ၆၈)တို့သည် ရောမအင်ပိုင်ယာကို ဆက်လက်အုပ်စိုးခဲ့ကြသည်။


နီးရိုးဘုရင် ကွယ်လွန်သောအခါ ငြိမ်းချမ်း သာယာသော ရောမအင်ပိုင်ယာ ပထမရာစုခေတ် ကုန်ဆုံးလေသည်။ အင်ပိုင်ယာ ဒုတိယရာစုခေတ်တွင် နှလုံးရည်၊ လက်ရုံး ရည်ရှိသော ရောမဧကရာဇ် ငါးဦးတို့မှာ နာဗာ၊ ထရေဂျန်၊ ဟေဒြီယန်၊ အန်တိုးနိုင်းနပ်ပိုင်းယပ်နှင့် မားကပ် ဩရီးလီးယပ် တို့ ဖြစ်သည်။ ထရေဂျန်ဘုရင်(အေဒီ ၉၈-၁၁၇ ခုနှစ်) လက် ထက်တွင် ရောမအင်ပိုင်ယာမှာ အကျယ်ပြန့်ဆုံး ဖြစ်သည်။ ဟေဒြီယန်ဘုရင် (အေဒီ ၁၁၇-၁၃၈ ခုနှစ်)သည် အုပ်ချုပ် ရေးရာ၌၎င်း၊ စစ်မှုရေးရာ၌၎င်း ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့လေသည်။ ဟေဒြီယန်ဘုရင်၊ အန်တိုးနိုင်းနပ်ပိုင်း ယပ်ဘုရင် (အေဒီ ၁၆၁-၁၈ဝ ပြည့်နှစ်)တို့ အုပ်စိုးခဲ့ကြသော ခေတ်သည် ရောမအင်ပိုင်ယာအတွက် အသာယာ အစည်ကား ဆုံးခေတ် ဖြစ်ပေသည်။

( မားကပ်ဩရီးလီးယပ်၊ အန်တိုးနိုင်း နပ်။) မားကပ် ဩရီးလီးယပ်ဘုရင် စိုးစံပြီးနောက်တွင် ရောမ အင်ပိုင်ယာသည်လည်း ဆုတ်ယုတ်လာလေသည်။ 0x100သရီးလီး ယပ်ဘုရင် လက်ထက်၌ပင် အင်ပိုင်ယာ အရှေ့ပိုင်းတွင်၎င်း အနောက်ပိုင်းတွင်၎င်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့လေသည်။ အထူးသဖြင့် အနောက်ဘက်နယ်စပ်များတွင် ဂျာမန်လူရိုင်း တို့က တိုက်ခိုက်လာကြလေသည်။ ထိုကြောင့် ရောမစစ်တပ် အင်အားကို နှစ်ဆမျှ တိုးချဲ့ခဲ့ရသည်။ စစ်တပ်အင်အား ကြီး မားလာသဖြင့် စစ်ဘက်က အုပ်ချုပ်ရေးတွင် အာဏာစူးရှလာ လေသည်။ သို့ဖြစ်၍ အေဒီ ၁၉၃-၂၈၄ ခုနှစ်များအတွင်း စစ် တပ်က မိမိတို့ အလိုကျသူကို ဘုရင်မြေ|ာက်၍ အလိုမကျလျှင် ဖြုတ်ချခဲ့ကြရာ နှစ်ပေါင်း ၉ဝ ခန့်တွင် ရောမဧကရာဇ်ဘုရင် ပေါင်း ၈ဝ ခန့် ပြောင်းခဲ့လေသည်။

ဒိုင်အိုကလီရှင်ဘုရင် (အေဒီ ၂၈၄-၃ဝ၅ ခုနှစ်)နှင့် ကွန် စတန်တင်းဘုရင် (အေဒီ ၃၁၂-၃၃၇ ခုနှစ်)တို့ ပြန်လည် ထိန်းသိမ်းခဲ့ကြလေသည်။ ဒိုင်အိုကလီ ရှင်ဘုရင်သည် ရောမ အင်ပိုင်ယာကို ပြန်လည်ထိန်းသိမ်းခဲ့ကြလေသည်။ ဒိုင်အိုကလီ ရှင်ဘုရင်သည် ရောမအင်ပိုင်ယာကို အရှေ့နှင့်အနောက် နှစ်ပိုင်း ခွဲ၍အုပ်ချုပ်ရန် စတင်စီမံခဲ့သည်။ မိမိက အရှေ့ပိုင် ရောမ အင်ပိုင်ယာကို အုပ်ချုပ်၍ မက်ဆီမီယန် ဆိုသူအား အနောက် ပိုင်း ရောမအင်ပိုင်ယာကို အုပ်ချုပ်စေသည်။ ဒိုင်အိုကလီ ရှင်ဘုရင်နောက် ကွန်စတန်တင်းသည် ရောမနိုင်ငံ အနောက် ပိုင်းတွင် ဧကရာဇ်ဘုရင် ဖြစ်လာသည်။ အေဒီ ၃၂၃ တွင် လိုင်စင်းနီးယပ်ဧကရာဇ် အုပ်စိုးလျက်ရှိသော ရောမနိုင်ငံ အရှေ့ ပိုင်းသို့ ချီတက်သိမ်းပိုက်လိုက်လေသည်။ ထိုသို့အားဖြင့် အကွဲ ကွဲ ဖြစ်နေသော ရောမအင်ပိုင်ယာမှာ ဧကရာဇ်တစ်ပါးတည်း အောက်တွင် ပြန်လည်ပေါင်းစည်းမိလေသည်။

ကွန်စတန်တင်းဘုရင်သည် အေဒီ ၃၁၃ ခုနှစ်တွင် ရောမ အင်ပိုင်ယာအတွင်း၌ ခရစ်ယန်အယူဝါဒီတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့သည်။အေဒီ ၃၃ဝ ပြည့်နှစ်တွင် နေပြည်တော် ကို ရောမမြို့မှ အရှေ့ဘက် ဗိုင်ဇင်းရှမ်းမြို့သို့ ရွေ့ပြောင်းခဲ့ သည်။ ထိုနေပြည်တော်သစ်ကိုလည်း ကွန်စတန်တီနိုပယ်မြို့ဟု သမုတ်လေသည်။

ကွန်စတန်တင်း ဘုရင်ကြီး


အနောက်ဘက်တွင် ဖရန့်လူမျိုး၊ ဂေါ့သလူမျိုး အစရှိသော ဂျာမန်လူရိုင်းတို့က ရောမပိုင် နယ်များထဲသို့ ထိုးဖောက် တိုက် ခိုက်လျက် ရှိကြသည်။ အရှေ့ဘက်၌လည်း ပါးရှင်းလူမျိုးတို့၏ ရန်ကို စိုးရိမ်နေရသည်။ အေဒီ ၄၁ဝ ပြည့်နှစ်သို့ ရောက်သော အခါ အလာရစ်ခေါင်းဆောင်သော ဂေါ့သလူမျိုးတို့သည် အီတလီကျွန်းဆွယ်သို့ ဝင်ရောက်တိုက်ခိုက်ကြသည်တွင် ရောမ မြို့ ကျဆုံးရလေသည်။တစ်ဖန် အေဒီ ၄၅၅ ခုနှစ်တွင် ဗင်းဒေါ လူမျိုးတို့က ရောမမြို့တွင်းသို့ ဝင်၍ တိုက်ခိုက်လုယက်ကြလေ သည်။ နောက်ဆုံး အေဒီ ၄၇၆ ခုနှစ်တွင် ဂျာမန်လူမျိုး အိုဒိုအေဆာက ရောမဧကရာဇ် ရိုမျူလပ်ကို နန်းချပြီးလျှင် အီတလီပြည့်ရှင်အဖြစ် အုပ်စိုးလေသည်။ ထိုသို့အားဖြင့် အနောက်ရောမနိုင်ငံကြီး ပြိုကွဲခဲ့ရလေသည်။ အရှေ့ရောမနိုင်ငံ ကြီးသည်ကား နှစ်ပေါင်း တစ်ထောင်နီးပါးမျှ ဆက်လက် တည်တံ့ပြီးနောက် အေဒီ ၁၄၅၃ ခုနှစ်တွင် ကွန်စတင်တီနိုပယ် မြို့တော်လည်း တူရကီတို့လက်သို့ ကျရောက်ခဲ့ရလေသည်။

ဗိုင်ဇင်းတိုင်း အင်ပိုင်ယာ[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)