ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာ
Jump to navigation
Jump to search
ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာ (spectrum analyzer) ဆိုသည်မှာ အဝင် ဆစ်ဂနယ် များ၏ ပမာဏ ကို ကြိမ်နှုန်း နှင့် နှိုင်းယှဉ်၍ တိုင်းတာနိုင်သော ကိရိယာ တစ်မျိုး ဖြစ်သည်။ အဓိက အသုံးပြုရာ နေရာမှာ မူလက သိရှိထားပြီး သား နှင့် မသိရှိ သေးသော အချက်ပြလှိုင်း တို့၏ ပါဝါ ကို တိုင်းတာရာတွင် အသုံးပြုသည်။ ပုံမှန်အားဖြင့် ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာမှ လက်ခံနိုင်သော ဆစ်ဂနယ် များမှာ လျှပ်စစ် ဆစ်ဂနယ် များသာ ဖြစ်သောလည်း သက်ဆိုင်သော ဆစ်ဂနယ် ပုံပြောင်း ကိရိယာ သို့မဟုတ် ထရန်ဂျူဆာများကို အသုံးပြုပါက အသံလှိုင်း များနှင့် အလင်းလှိုင်းများတွင် ပါဝင်သော ကြိမ်နှုန်းများကိုလည်း တိုင်းတာ နိုင်သည်။