ရူပီးယာငွေ
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့အထိ အင်ဒိုနီးရှားဗဟိုဘဏ်မှ ထုတ်လုပ်ထားသော နောက်ဆုံးပေါ် ငွေစက္ကူများ | |
| ISO 4217 | |
|---|---|
| ကုဒ် | IDR |
| ယူနစ် ပိုင်းခြားသတ်မှတ်ပုံ | |
| ယူနစ်ခွဲ | |
| 1⁄100 | sen (cents)[မှတ်စု ၁] |
| ငွေကြေးသင်္ကေတ | Rp |
| ငွေစက္ကူများ | |
| အသုံးများ | Rp1,000, Rp2,000, Rp5,000, Rp10,000, Rp20,000, Rp50,000, Rp100,000 |
| အသုံးနည်း | Rp75,000 (commemorative) |
| ဒင်္ဂါးပြားများ | |
| အသုံးများ | Rp500, Rp1000 |
| အသုံးနည်း | Rp50, Rp100, Rp200 [၁] |
| လူမှုပထဝီ | |
| တရားဝင် အသုံးပြုသူ(များ) | အင်ဒိုနီးရှားနိုင်ငံ |
| တရားမဝင် အသုံးပြုသူ(များ) | အရှေ့တီမောနိုင်ငံ[၂][၃] |
| ထုတ်ဝေခြင်း | |
| ဗဟိုဘဏ် | အင်ဒိုနီးရှားဘဏ် |
| ဝဘ်ဆိုဒ် | bi.go.id/en/ |
| ရိုက်နှိပ်ခြင်း | Perum Peruri |
| ဝဘ်ဆိုဒ် | peruri.co.id |
| ဒင်္ဂါးစက်ရုံ | Perum Peruri |
| ဝဘ်ဆိုဒ် | peruri.co.id |
| တန်ဖိုး | |
| ငွေကြေးဖောင်းပွမှု | 2.61% (2023) |
| ရင်းမြစ် | BPS |
| ဖောင်းပွမှုနည်းလမ်း | CPI |
| |
ရူပီးယာငွေ (သင်္ကေတ: Rp; ငွေကြေးကုဒ်: IDR) သည် အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်ပြီး အင်ဒိုနီးရှားဘဏ် (Bank Indonesia) က ထုတ်ပေးကာ ထိန်းချုပ်ထားသည်။ ၎င်း၏အမည်သည် မြန်မာလို "ငွေ" ဟု အဓိပ္ပာယ်ရသည့် စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။
အင်ဒိုနီးရှား အမျိုးသားရေးဝါဒီများက ရူပီးယားငွေကို ၁၉၄၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့က ထုတ်ဝေခဲ့သော နယ်သာလန် အင်ဒီစ် ဂူလ်ဒန် (Netherlands Indies gulden) ၏ ဂျပန်ထုတ်ဗားရှင်းကို အစားထိုးခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းနှစ်များတွင် ရူပီးယာကို ဒတ်ခ်ျတို့ မိတ်ဆက်ခဲ့သည့် ဂူလ်ဒန်ဗားရှင်းအသစ်အပါအဝင် အခြားငွေကြေးများနှင့် တွဲဖက် အသုံးပြုခဲ့သည်။ ရီအူးကျွန်းစု (Riau Islands) နှင့် နယူးဂီနီ (Irian Barat) တို့တွင် ယခင်က ရူပီးယား၏ ကွဲပြားသော ဗားရှင်းများ ရှိခဲ့သော်လည်း၊ ၎င်းတို့ကို ၁၉၆၄ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်တို့တွင် နိုင်ငံတော် ရူပီးယားငွေထဲသို့ အသီးသီး ပေါင်းစည်းခဲ့ပါသည်။
ရူပီးယားဟူသော အမည်သည် သက္ကတဘာသာစကားမှ ဆင်းသက်လာပြီး "ငွေ" ဟု အဓိပ္ပာယ်ရသည့် rupyakam (रूप्यकम्) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် အင်ဒိုနီးရှားလူမျိုးများက ရူပီးယားဒင်္ဂါးများကို ရည်ညွှန်းရာ၌ "perak" (အင်ဒိုနီးရှားဘာသာဖြင့် ငွေ) ဟူသော စကားလုံးကို တရားမဝင် သုံးစွဲကြသေးသည်။
ရူပီးယားကို "စဲန်" (sen) ၁၀၀ ဖြင့် ပိုင်းခြားထားသော်လည်း ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် စဲန်ဖြင့် သတ်မှတ်ထားသော ဒင်္ဂါးပြားများနှင့် ငွေစက္ကူများအားလုံး ခေတ်နောက်ကျကာ အသုံးမဝင်တော့ပေ။
တရားဝင်ငွေကြေး
[ပြင်ဆင်ရန်]လက်ရှိ ရူပီးယားငွေစနစ်တွင် Rp50 မှ Rp1,000 အထိ ဒင်္ဂါးများ ပါဝင်သည်။ (Rp1 တန် ဒင်္ဂါးများသည် တရားဝင် ငွေကြေးအဖြစ် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တန်ဖိုးမရှိသဖြင့် တွေ့ရခဲသည်။) ထို့ပြင် Rp1,000 မှ Rp100,000 အထိ ငွေစက္ကူများလည်း ပါဝင်သည်။ ၂၀၂၅ ခုနှစ် ဧပြီလအထိ လဲလှယ်နှုန်းအရ အမေရိကန် ၁ ဒေါ်လာသည် ရူပီးယား ၁၆,၈၀၂,၀၀၀ ဖြင့် ညီမျှသည်။ ထို့ကြောင့် အင်ဒိုနီးရှား၏ အကြီးဆုံး ငွေစက္ကူဖြစ်သည့် Rp100,000 တန်ငွေစက္ကူသည် အမေရိကန်ဒေါ်လာ ၆.၂၇ ခန့် တန်ကြေးရှိပါသည်။
ဒင်္ဂါးပြားများ
[ပြင်ဆင်ရန်]လက်ရှိတွင် ၁၉၉၉ ခုနှစ်၊ ၂၀၀၃ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ရက်စွဲပါရှိသော အလူမီနီယမ်နှင့် နီကယ်ဒင်္ဂါးပြား စီးရီးနှစ်ခုသည် အသုံးပြုမှုတွင် ရှိနေပါသည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားသူရဲကောင်းများ ပါဝင်သည့် ဒင်္ဂါးစီးရီးအသစ်တစ်မျိုးကို ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
အဆိုပါ ဒင်္ဂါးပြားများကို Rp100၊ Rp200၊ Rp500 နှင့် Rp1,000 ဟူ၍ တန်ဖိုးအလိုက် ခွဲခြားထားသည်။ အသုံးပြုမှုတွင် အများဆုံး တွေ့ရသော ဒင်္ဂါးပြားများမှာ Rp500 နှင့် Rp1,000 တန်ဖိုးရှိ ဒင်္ဂါးများ ဖြစ်သည်။ Rp100 နှင့် Rp200 တန်ဖိုးရှိ အသေးစားဒင်္ဂါးများကိုမူ ၎င်းတို့ လိုအပ်သည့် စျေးနှုန်းရှိသော ဆိုင်များမှလွဲ၍ အခြားနေရာများတွင် အသုံးပြုခဲပါသည်။ [၄]
| အင်ဒိုနီးရှားဒင်္ဂါးငွေပြားများ[၅] | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| ပုံ | တန်ဖိုး | ထုတ်လုပ်နှစ် | အချင်း | အထူ | အလေးချိန် | သတ္တု | ခေါင်း | ပန်း | အသုံးပြုမှု | |
| Rp50 | 1999 | 20 mm | 2 mm | 1.36 g | Aluminium | Garuda Pancasila | Black-naped oriole bird and coin value | Very low | ||
| Rp100 | 1999 | 23 mm | 2 mm | 1.79 g | Garuda Pancasila | Palm cockatoo bird and coin value | High | |||
| 2016 | 23 mm | 2 mm | 1.79 g | Coin value | Herman Johannes and Garuda Pancasila | |||||
| Rp200 | 2003 | 25 mm | 2.3 mm | 2.38 g | Garuda Pancasila | Bali myna bird and coin value | ||||
| 2016 | 25 mm | 2.2 mm | 2.38 g | Coin value | Tjipto Mangoenkoesoemo and Garuda Pancasila | |||||
| Rp500 | 2003 | 27 mm | 2.5 mm | 3.1 g | Garuda Pancasila | Jasmine flower and coin value | ||||
| 2016 | 27 mm | 2.35 mm | 3.1 g | Coin value | T. B. Simatupang and Garuda Pancasila | |||||
| Rp1,000 | 2010 | 24.15 mm | 1.6 mm | 4.5 g | Nickel-plated steel | Garuda Pancasila and coin value | Angklung and Gedung Sate | High (mintage 719 million)[ကိုးကားချက်လိုသည်] | ||
| 2016 | 24.10 mm | 1.45 mm | 4.5 g | Coin value | I Gusti Ketut Pudja and Garuda Pancasila | High | ||||
ငွေစက္ကူ
[ပြင်ဆင်ရန်]
လက်ရှိတွင် အင်ဒိုနီးရှား ရူပီးယား ငွေစက္ကူများသည် ၂၀၀၀ ပြည့်နှစ် (Rp1,000)၊ ၂၀၀၁ ခုနှစ် (Rp5,000)၊ ၂၀၀၄ ခုနှစ် (Rp20,000 နှင့် Rp100,000)၊ ၂၀၀၅ ခုနှစ် (Rp10,000 နှင့် Rp50,000)၊ ၂၀၀၉ ခုနှစ် (Rp2,000 တန်ဖိုးအသစ်)၊ ၂၀၁၀ ပြည့်နှစ် (Rp10,000 တန် ပြန်လည်ပြင်ဆင်ထားသော ဗားရှင်း)၊ ၂၀၁၁ ခုနှစ် (Rp20,000၊ Rp50,000 နှင့် Rp100,000 တန် ပြန်လည်ပြင်ဆင်ထားသော ဗားရှင်းများ) နှင့် ၂၀၂၀ ပြည့်နှစ် (၇၅,၀၀၀ တန် အထိမ်းအမှတ် ငွေစက္ကူ) တို့မှ ထုတ်ဝေခဲ့သည့် စီးရီးများ ဖြစ်ကြသည်။
၁၉၉၈-၁၉၉၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ငွေစက္ကူများသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ တရားဝင်ငွေကြေးအဖြစ်မှ ရပ်ဆိုင်းခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ Bank Indonesia တွင် ပြန်လည်လဲလှယ်နိုင်ခဲ့သည်။ ထို့အပြင် ၎င်းတို့ထက် စောသော ငွေစက္ကူများသည် လုံခြုံရေး အင်္ဂါရပ်များ မပြည့်စုံခြင်းနှင့် ဆူဟာတို အစိုးရလက်ထက် (အထူးသဖြင့် ၁၉၉၃ နှင့် ၁၉၉၅ ခုနှစ်ထုတ် Rp50,000 တန် ငွေစက္ကူများ) နှင့် ဆက်စပ်မှုများကြောင့် တရားဝင်ငွေကြေးအဖြစ် မရှိတော့သော်လည်း၊ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့အထိ Bank Indonesia ရုံးများတွင် ပြန်လည်လဲလှယ်နိုင်ခဲ့သည်။
လက်ရှိ အသေးဆုံး ငွေစက္ကူသည် အမေရိကန်ဒေါ်လာ ၀.၀၆၇ ခန့်သာ တန်ဖိုးရှိသဖြင့်၊ ဘတ်စ်ကားခကဲ့သို့သော အသေးစား ငွေပေးချေမှုများကိုပင် ငွေစက္ကူဖြင့်သာ ပုံမှန်ပြုလုပ်ကြပြီး၊ Rp1,000 တန် ငွေစက္ကူထက် Rp1,000 တန် ဒင်္ဂါးသည် ပို၍ အသုံးများသည်။ အစပိုင်းတွင် အစိုးရက ဤအခြေအနေကို ပြောင်းလဲရန်၊ Rp1,000 ငွေစက္ကူနေရာတွင် Rp2,000 ငွေစက္ကူဖြင့် အစားထိုးကာ၊ ယင်းတန်ဖိုးကို ဒင်္ဂါးဖြင့် အပြည့်အဝ အစားထိုးသွားမည်ဟု ကြေညာခဲ့သည်။ သို့သော် ကာလကြာမြင့်စွာ ကြန့်ကြာပြီးနောက် ဤအဆိုပြုချက်ကို ပြန်လည်ပြင်ဆင်ခဲ့ရာ Bank Indonesia (BI) က ၂၀၀၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် Rp2,000 တန် ငွေစက္ကူများကို စတင်ထုတ်ဝေခဲ့ပြီး၊ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ တရားဝင်ငွေကြေးအဖြစ် လည်ပတ်ခဲ့သော်လည်း Rp1,000 တန် ငွေစက္ကူကိုမူ ပြန်လည်ရုပ်သိမ်းခြင်း မရှိခဲ့ပေ။
မှတ်စု
[ပြင်ဆင်ရန်]- ↑ တကယ်တော့ အသုံးမပြုတော့ပေမယ့် ဘဏ္ဍာရေးအစီရင်ခံစာများနှင့် ဘဏ်အကောင့်စာရင်းများတွင် စင့်တစ်ထောင့်အထိ ငွေပမာဏများကို သေးသေးလေးလေးအထိ မှတ်တမ်းတင်ဆဲ ဖြစ်သည် (ဥပမာ - Rp1.234,56 – အင်ဒိုနီးရှားဘာသာစကားတွင် ဒသမခွဲရန် သုံးသပ်အဖြစ်ကောမာကို အသုံးသည်)။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Pengamat Minta BI Hilangkan Uang Logam Pecahan Rp 200 dan Rp 100 (18 September 2016)။ 2023-10-11 တွင် ပြန်စစ်ပြီး။
- ↑ Explaining the New Currency of East Timor။ UNTAET (February 2000)။ 31 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-05-20 တွင် ပြန်စစ်ပြီး။
- ↑ Idris၊ Muhammad (2021-08-15)။ 22 Tahun Pisah dari RI, Mengapa Timor Leste Setia Gunakan Dollar AS? (in id)။ Kompas။ 13 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-05-20 တွင် ပြန်စစ်ပြီး။
- ↑ Fenomena Tragis Uang Logam Rp 100 dan Rp 200, Apa Kamu Merasakannya? (in id-ID)။ ၂၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Uang Baru vs Uang Lama: Ini Bedanya Rupiah Baru dengan Rupiah Lama (in ID) (30 October 2017)။ 2 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 September 2021 တွင် ပြန်စစ်ပြီး။