ရိုဝန်း
ရိုဝန်း | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
၂၀၁၈ ခုနှစ်အတွင်း၌ တွေ့ရသော ရိုဝန်း | |||||||||||
ဇာတိ အမည် | 로운 | ||||||||||
မွေးဖွား | ဂင်ဆော့ဝူ ဩဂုတ် ၇၊ ၁၉၉၆ ဆိုးလ်၊ တောင်ကိုရီးယား | ||||||||||
အလုပ်အကိုင် |
| ||||||||||
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၆–လက်ရှိ | ||||||||||
ကိုယ်စားလှယ် | FNC Entertainment | ||||||||||
ဂီတခရီးလမ်း | |||||||||||
တက်ကြွသည့်နှစ်များ | ၂၀၁၆–လက်ရှိ | ||||||||||
တေးသံသွင်း ကုမ္ပဏီ | FNC Entertainment | ||||||||||
ပူးတွဲ ပါဝင်မှု | SF9 | ||||||||||
|
ဂင်ဆော့ဝူ (ဩဂုတ် ၇၊ ၁၉၉၆ မွေးဖွား) သည် တောင်ကိုရီးယားနိုင်ငံမှ အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ရိုဝန်းဟု လူသိများသည်။ ၎င်းသည် K-pop အမျိုးသားအဖွဲ့ SF9 ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူ၏ ပထမဆုံးဇာတ်ဆောင်နေရာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်လမ်းတွဲမှာ ၂၀၁၉ ခုနှစ် MBC ရုပ်သံလိုင်း၏ Extraordinary You ဇာတ်လမ်းတွဲဖြစ်သည်။
အသက်မွေးဝမ်းကျောင်း
[ပြင်ဆင်ရန်]၂၀၁၃-၂၀၁၄: အကြိုပွဲဦးထွက်ခြင်း
[ပြင်ဆင်ရန်]ရိုဝန်းသည် FNC Entertainment ၏ Cheongdam-dong 111 အမည်ရှိ Reality Show တွင် အလုပ်သင်အဖြစ် ပါဝင်ခဲ့သည်။
၂၀၁၅-၂၀၁၆: SF9 အဖွဲ့ဖြင့် ပွဲဦးထွက်ခြင်း
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ်တွင် ၎င်းသည် FNC Entertainment လက်အောက်ရှိ NEOZ အမည်ရှိအဖွဲ့၌ အကြိုပွဲဦးထွက်အဖွဲ့ Neoz School တွင် ပါဝင်လှုပ်ရှားခဲ့သည်။ မေ ၂၀၁၆ ခုနှစ်တွင် ရိုဝန်းသည် FNC Entertainment ၏ Survival Show ဖြစ်သည့် d.o.b (Dance or Band) ၌ NEOZ Dance အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ NEOZ Band (နောက်ပိုင်းတွင် Honeyst အဖြစ် အမည်ပြောင်းခဲ့သည်) အဖွဲ့နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ထိုပွဲတွင် NEOZ Dance သည် အနိုင်ရရှိကာ ပွဲဦးထွက်ခွင့်ရရှိခဲ့သည်။ သူသည် အောက်တိုဘာ ၂၀၁၆ ခုနှစ်တွင် SF9 အဖွဲ့နှင့်အတူ Fanfare အမည်ရှိ စင်ဂယ်လ်သီချင်းဖြင့် ပွဲဦးထွက်ခဲ့သည်။
၂၀၁၇-လက်ရှိ: တစ်ကိုယ်တော်လှုပ်ရှားမှုများ၊ လူသိများထင်ရှားလာခြင်း
[ပြင်ဆင်ရန်]ရိုဝန်း၏ သရုပ်ဆောင်ခြင်းအသက်မွေးဝမ်းကျောင်းသည် KBS2 ရုပ်သံလိုင်း၏ ကျောင်း ၂၀၁၇ ဇာတ်လမ်းတွဲဖြင့် စတင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲတွင် သူသည် အသေးစားပါဝင်သရုပ်ဆောင်ခဲ့သည်။[၁] ထိုသရုပ်ဆောင်မှု ပြီးသည့်နောက်တွင် ၎င်းသည် အဓိကအခန်းကဏ္ဍများ၌ ပါဝင်ရန် ကမ်းလှမ်းမှုများခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် tvN ၏ About Time ဇာတ်လမ်းတွဲတွင် အမျိုးသမီဇာတ်ဆောင်၏ အစ်ကိုဖြစ်သူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ရိုဝန်းသည် SBS ရုပ်သံလိုင်း၏ Where Stars Land ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်လမ်းတွဲဖြင့် New Actor award ဆန်ကာတင်စာရင်း ဝင်ခဲ့သည်။[၂][၃]
မေ ၁၀၊ ၂၀၁၉ ခုနှစ်တွင် ရိုဝန်းသည် NC.A ၏ "밤바람" (Awesome Breeze) အမည်ရှိ သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၄] သူသည် MBC ၏ Extraordinary You အမည်ရှိ ကျောင်းစိတ်ကူးယဉ်ဒရာမာတွင် အမျိုးသားဇာတ်ဆောင်အဖြစ် ပထမဆုံးအကြိမ်ပါဝင်သရုပ်ဆောင်ခဲ့သည်။[၅]
Filmography
[ပြင်ဆင်ရန်]ရုပ်ရှင်များ
[ပြင်ဆင်ရန်]နှစ် | ခေါင်းစဉ် | ဇာတ်ကောင် | မှတ်ချက် | ကိုးကား |
---|---|---|---|---|
၂၀၂၀ | Trolls World Tour | Branch | Voice-over for the Korean-dubbed version | [၆] |
ရုပ်သံဇာတ်လမ်းတွဲများ
[ပြင်ဆင်ရန်]နှစ် | ခေါင်းစဉ် | ဇာတ်ကောင် | ကွန်ယက် |
---|---|---|---|
၂၀၁၆ | Click Your Heart | ရိုဝန်း | MBC Every 1 |
၂၀၁၇ | School 2017 | ဂန်ဟွန်းအီလ်/ အစ်ရှူး | KBS2 |
၂၀၁၈ | About Time | ချွဲဝီဂျင်း | tvN |
Where Stars Land | ဂိုအန်းဆု | SBS | |
၂၀၁၉ | Extraordinary You | ဟာရူ | MBC |
၂၀၂၀ | Find Me in Your Memory | ဂျူယိုမင် (အသေးစားပါဝင်မှု၊ အပိုင်း ၁) |
Reality shows
[ပြင်ဆင်ရန်]နှစ် | ခေါင်းစဉ် | ကွန်ယက် | မှတ်ချက် |
---|---|---|---|
၂၀၁၃-၂၀၁၄ | Cheongdam-dong 111 | tvN | အလုပ်သင် အဖြစ် |
၂၀၁၆ | d.o.b : Dance or Band | Mnet | |
၂၀၁၈ | Law of the Jungle in Patagonia | SBS | အပိုင်း ၃၀၅-၃၁၀ |
၂၀၁၈ | King of Mask Singer | MBC | အပိုင်း ၁၆၃ |
၂၀၁၈ | Weekend Playlist | tvN | အပိုင်း ၁၁-၁၃ |
၂၀၁၉ | Battle Trip | KBS2 | အပိုင်း ၁၂၇-၁၃၀ |
Variety shows
[ပြင်ဆင်ရန်]နှစ် | ခေါင်းစဉ် | ကွန်ယက် | မှတ်ချက် |
---|---|---|---|
၂၀၁၆ | Lipstick Prince | OnStyle | |
၂၀၁၈ | Cafe Amor[၇] | tvN |
ဆုများနှင့် ဆန်ကာတင်များ
[ပြင်ဆင်ရန်]နှစ် | ဆု | အမျိုးအစား | Nominated work | ရလဒ် | ကိုးကား |
---|---|---|---|---|---|
၂၀၁၈ | 2018 SBS Drama Awards | Best New Actor | Where Stars Land | ဆန်ခါတင် | |
၂၀၁၉ | 32nd Grimae Awards | Extraordinary You | ဆုရရှိ | [၈] | |
18th Korea First Brand Awards | Male Idol-Actor Award | N/A | ဆုရရှိ | [၉] | |
2019 MBC Drama Awards | Best New Actor | Extraordinary You | ဆုရရှိ | [၁၀] | |
Best Couple Award ဂင်ဟီးယွန်း၊ လီဂျယ်ဝတ်နှင့်အတူ | ဆန်ခါတင် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ SF9's Rowoon to join the cast of School 2017
- ↑ SF9's Rowoon reportedly cast as Lee Sung Kyung's younger brother in new tvN drama
- ↑ SF9's Rowoon cast in SBS drama Fox Bride Star alongside Lee Jae Hoon & Chae Soo Bin
- ↑ NC.A music video။
- ↑ 김혜윤·SF9 로운·이재욱, ‘어쩌다 발견한 하루’ 출연확정…9월 첫방(공식입장) (in ko) (June 10, 2019)။
- ↑ 레드벨벳 웬디XSF9 로운, '트롤: 월드 투어' 국내 더빙 캐스팅..4월29일 개봉
- ↑ Finding love at ‘Cafe Amor’။
- ↑ You must specify title = and url = when using {{cite web}}.Kim၊ Eun-gu (3 December 2019)။ (in ko)။ E Daily။ 18 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2019 တွင် ပြန်စစ်ပြီး။
- ↑ "영상M 오마이걸, 2020년 기대되는 '여자아이돌'" (in ko)၊ December 17, 2019။ December 20, 2019 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.Kim၊ Hyun-jung (30 December 2019)။ (in ko)။ Xports News။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- အိုင်အမ်ဒီဘီပေါ်ရှိ Kim Ro-woon
- အင်စတာဂရမ် ပေါ်ရှိ Kim Ro-woon