ရိရှိရိတောင်
| ရိရှိရိတောင် | |
|---|---|
Mount Rishiri seen from the Otadomari-numa viewpoint | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၇၂၁ m (၅,၆၄၆ ft)[၁] |
| ပေါ်လွင်မှု | ၁,၇၂၁ m (၅,၆၄၆ ft)[၁] |
| စာရင်းသွင်းခြင်း | Ultra, Ribu List of mountains and hills of Japan by height List of the 100 famous mountains in Japan List of volcanoes in Japan |
| ကိုဩဒိနိတ် | 45°10′48″N 141°14′21″E / 45.18000°N 141.23917°Eကိုဩဒိနိတ်: 45°10′48″N 141°14′21″E / 45.18000°N 141.23917°E[၁] |
| အမည်ပေးခြင်း | |
| ဒေသခေါ်အမည် | 利尻山 (ဂျပန်) |
| ပထဝီဝင် | |
| တည်နေရာ | Hokkaidō, Japan |
| ပင်မတောင်တန်း | Rishiri Island |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geographical Survey Institute 25000:1 鴛泊 25000:1 雄忠志内 50000:1 |
| ဘူမိဗေဒ | |
| ကျောက်သားသက်တမ်း | Late Pleistocene |
| တောင်အမျိုးအစား | Stratovolcano |
| Volcanic arc | Sakhalin Island Arc |
| နောက်ဆုံး ပေါက်ကွဲမှု | 5830 BC ± 300 years |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | Hike |
ရိရှိရိတောင် (利尻山, Rishiri-zan) သည် ဂျပန်နိုင်ငံ ၊ ဟော့ကိုင်းဒိုးကျွန်း၏ ပင်လယ်ကမ်းခြေတွင် တည်ရှိသည့် မီးတောင်တစ်ခု ဖြစ်သည်။[၂] ဤမီးတောင်ကြောင့် ဂျပန်ပင်လယ်ပြင်တွင် ရိရှိရိကျွန်း ဖြစ်ပေါ်လာသည်။ တောင်၏ ပုံစံသည် ကတော့ချွန်ပုံစံရှိနေပြီး ဖူဂျီတောင်နှင့်ဆင်တူသဖြင့် တစ်ခါတရံ "ရိရှိရိဖူဂျီ" ဟု ရည်ညွှန်းပြောဆိုလေ့ရှိသည်။ ဤတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။
ရိရှိရိတောင်၏ တောင်ဖွင့်ပွဲကို နှစ်စဉ် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ပြုလုပ်သည်။ ဤတောင်ဖွင့်ပွဲသည် တောင်တက်ရာသီကို တရားဝင်ဖွင့်လှစ်သည့်ပွဲလည်း ဖြစ်သည်။[၃]
တောင်တက်လမ်း
[ပြင်ဆင်ရန်]ရိရှိရိတောင်သို့တက်ရာလမ်းသည် မတ်စောက်သည့်နေရာများ ရှိသဖြင့် သက်တမ်းနုသည့်တောင်တက်သမားများအတွက် မသင့်လျော်ပေ။ သင်္ဘောဆိပ်ကမ်းမှ တောင်တက်ရာလမ်းတွင် နားနေရန်နေရာတစ်ခုရှိသည်။ ထို့အပြင် တောင်ထိပ်အောက်ခြေ အနီးအနားတွင် လူထိန်းသိမ်းထားခြင်းမရှိသော တဲတစ်ခု ရှိသည်။ ထို့အပြင် တောင်ထိပ်၌ သေးငယ်သည့် နတ်ကျောင်းတော်တစ်ခုလည်း ရှိသည်။ ရာသီဥတုသာယာသည့်နေ့တွင် ဟော့ကိုင်းဒိုးကျွန်း၊ ကပ်လျက်ရှိ ရဲဘွန်းကျွန်းနှင့် အဝေးနေရာမှ ရုရှနိုင်ငံရှိ ဆခလင်းကျွန်းများကိုလည်း မြင်နိုင်သည်။
ရုပ်ပုံ
[ပြင်ဆင်ရန်]- အိုရှိဒိုမရိဆိပ်ကမ်းမှ မြင်ရသည့် ရိရှိရိတောင်
- အောက်ဘက်မှ ရိုက်ယူထားသည့် တောင်ထိပ်ပုံ
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Rishirizan - Japan Meteorological Agency (in ဂျပန်)
- Rishirizan: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Rishiri Zan - Geological Survey of Japan
- Rishirizan။ Smithsonian Institution။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Japan Ultra-Prominences။ 2015-01-02 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Seamless". - ↑ Hunt၊ Paul (1988)။ Hiking in Japan: An Adventurer's Guide to the Mountain Trails (First ed.)။ Tokyo: Kodansha International Ltd.။ p. 11။ ISBN 0-87011-893-5။