ရာမ ဝရဏ ယာဒဝ
ရာမ ဝရဏ ယာဒဝ Ram Baran Yadav | |
|---|---|
रामवरण यादव | |
၂၀၁၄ ခုနှစ် က ဓာတ်ပုံ | |
| ပထမဆုံး နီပေါနိုင်ငံ၏ သမ္မတ | |
| တာဝန်သက်တမ်း ၂၃ ဇူလိုင် ၂၀၀၈ – ၂၉ အောက်တိုဘာ ၂၀၁၅ | |
| ဝန်ကြီးချုပ် |
|
| ယခင်လူ | Gyanendra Bir Bikram Shah Dev နီပေါနိုင်ငံ၏နောက်ဆုံးဘုရင် |
| ဆက်ခံသူ | ဝိဒျာဒေဝီ ဘဏ္ဍာရီ |
| နီပေါကွန်ကရက်ပါတီ အထွေထွေအတွင်းရေးမှူး | |
| တာဝန်သက်တမ်း ၂၀၀၆ – ၂၀၀၈ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၄ ဖေဖော်ဝါရီ၊ ၁၉၄၈ နီပေါနိုင်ငံ |
| နိုင်ငံရေးပါတီ | နီပေါကွန်ကရက်ပါတီ (၁၉၆၈–၂၀၀၈) |
| ကြင်ဖော် | Julekha Yadav |
| သားသမီး | Chandra Mohan Yadav Chandra Shekhar Yadav Anita Yadav |
| မိခင်ကျောင်း | Post Graduate Institute of Medical Education and Research |
ရာမ ဝရဏ ယာဒဝ (Eng:Ram Baran Yadav)( ၄ ဖေဖော်ဝါရီ ၁၉၄၈ မွေးဖွား)[၁]သည် နီပေါနိုင်ငံ၏ ဆရာဝန် နှင့် နိုင်ငံရေးသမား ဖြစ်ပြီး၊နီပေါနိုင်ငံ သည် ဘုရင့်နိုင်ငံစနစ် မှ သမ္မတနိုင်ငံ အဖြစ် ကြေညာခဲ့သည့် ၂၀၀၈ ခုနှစ် တွင် ပထမဆုံးသမ္မတအဖြစ် တာဝန်အပ်နှင်းခံခဲ့ရသူဖြစ်သည်။ သူသည် နီပေါနိုင်ငံ အား ဘုရင်စနစ် မှ သမ္မတစနစ်၊ထိုမှ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ စနစ်သို့ ပြုပြင်ပြောင်းလဲပေးရာတွင် အရေးပါသော သူတစ်ဦးဖြစ်ခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]ပုံမှန်မိသားစုဘဝ မှ မွေးဖွားလာသည့် ၎င်းသည် ပညာရေးတွင် ထူးချွန်ခဲ့ပြီး၊အိန္ဒိယနိုင်ငံ ရှိ Medical College & Hospital ,Kolkata မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။
သူသည် နီပေါကွန်ကရက်ပါတီ အတွင်း ၁၉၆၈ ခုနှစ် မှ ၂၀၀၈ ခုနှစ် အထိ နိုင်ငံရေးများပါဝင် လှုပ်ရှားခဲ့သည်။ ၂၀၀၆ ခုနှစ် အရောက်တွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးအထိ တာဝန်ပေးခံခဲ့ရသည်။ရာမ ဝရဏ ယာဒဝ သည် ကျန်းမာရေးဝန်ကြီးအဖြစ် ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
သူသည် သမ္မတတာဝန်ကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။နီပေါနိုင်ငံသည် နှစ်ရာချီတည်တံ့ခဲ့သည့် ဘုရင်စနစ် မှ သမ္မတစနစ် ထိုမှ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ စနစ်သို့ ကူးပြောင်းခဲ့စဥ် သူသည် အရေးပါသည့် နေရာ၌ ရှိခဲ့သည်။သူသည် သမ္မတအဖြစ် နိုင်ငံ၏ကိုယ်စားပြုလွှတ်တော် နှင့် အစိုးရအကြား အဓိက ညှိနှိုင်းပေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
နီပေါနိုင်ငံရေးစနစ်အရ သမ္မတ တစ်ဦးသည် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာများအား အပြည့်အဝ ထိန်းချုပ်ကိုင်တွယ်ဆောင်ရွက်ခွင့်မရစေခဲ့ကာမူ သူသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းပေးရန် ကြိုးပမ်းခဲ့သူ အဖြစ် ရပ်တည်ခဲ့သည်။ သူ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်စဥ်ကာလသည် အကူးအပြောင်းကာလ ဖြစ်နေသည့်အပြင်၊ Maoist တိုက်ပွဲကြောင့် နိုင်ငံရေးပဋိပက္ခများ ပြင်းထန်နေချိန် ဖြစ်သည်။လွှတ်တော်အတွင်း နိုင်ငံရေးအယူအဆကွဲပြားနေချိန်လည်းဖြစ်သည်။ထို့ကြောင့် ဝန်ကြီးချုပ်ရာထူးနေရာတွင် နှုတ်ထွက်မှုများ၊လွှတ်တော် ၏ ဖြုတ်ချမှုများကြောင့် ဝန်ကြီးချုပ်အပြောင်းအလဲသည် (၇)ဦးအထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ဝိဒျဒေဝီ[၂] အား နိုင်ငံရေးရာထူးလွှဲပြောင်းပေးပြီး သမ္မတရာထူးမှ အနားယူခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ DR. RAM BARAN YADAV PRESIDENT OF THE REPUBLIC OF NEPAL။ Office of The President, Nepal။ 2 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ။ Myanmar Digital News (၁၆ အောက်တိုဘာ ၂၀၁၉)။ ၁၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။