ရာဓာ
|
| |
| စစ်မှန်သောအချစ်နတ်ဘုရားမ | |
|---|---|
| အမည် : | ရာဓာ သို့မဟုတ် ရာဓိကာ (ရာဓာ ရာနီ) |
| မွေးနေ့ : | ဘဒြဗဒ်လ(တော်သလင်းလ)၏ သုက္ကပက္ခ (လဆန်းပိုင်း) ရှစ်ရက်မြောက်နေ့ (အဋ္ဌမီ) သို့ ဘာဒြပဒ မာသတ္ထိလေ ၑုက္လပက္ၑ အၑ္ဋမိ
|
| မိဘများ : | ဝရိသဗာနု (ဖခင်) |
| နေထိုင်ရာ: | ဂေါလောက (နွားတို့၏ဘုံ) ၊ ဗရ်သာနာ ၊ ဝၖန္ဒာဝန (ဗြိန္ဒာဝန်တော) ၊ ဝြဇ (ဝရဇဒေသ) ၊ ဝေကုဏ္ဌ (ဝေကုဏ်ဘုံ) ၊ ရာဝလ် |
| အခြားအမည်များ: | လက္ၑ္မီ (ကျက်သရေမင်္ဂလာဒေဝီ) ၊ မာဓဝပြီယာ (မာဓဝ/ကရစ်ရှနား၏ အချစ်တော်) ၊ ဝၖန္ဒာဝနေသွရီ (ဗြိန္ဒာဝန်တော၏ အရှင်သခင်မ) ၊ ရာသေသွရီ (ရာသကပွဲတော်၏ အရှင်သခင်မ)
သျှာမ / ၑျာမာ ၊ ရာဓိကာ ၊ ပြီယာ ၊ ကၖၑ္ဏမ် / ကၖၑ္ဏ |
| မန္တန်: |
◇ ဥုံ ဝၖၑဘာနုဇာယဲ ဝိဒ္မဟေ ကၖၐ္ဏပရိယာယ ဓီမဟိ တန္နော ရာဓိကာ ပြစောဒယာတ်။ဥုံ ဝၖၑဘာနုဇာယဲ အင်္ဂုၐ္ဌာဘျာမ် နမး ဥုံ ဝိဒ္မဟေ တရ်္ဇနီဘျာမ် နမး ဥုံ ကၖၐ္ဏပရိယာယဲ မဒ္ဓျမာဘျာမ် နမး ဥုံ ဓီမဟိ အနာမိကာဘျာမ် နမး ဥုံ တန္နော ရာဓိကာ ကနိၐ္ဌိကာဘျာမ် နမး ဥုံ ပြစောဒယာတ် ကရတလကရပၖၐ္ဌာဘျာမ် နမး ဣတိ ကရနျာသး ဥုံ ဝၖၑဘာနုဇာယဲ ဟၖဒယာယ နမး ဥုံ ဝိဒ္မဟေ သိရသေ သွာဟာ ဥုံ ကၖၑ္ဏပရိယာယဲ သိခါယဲ ဝၑတ် ဥုံ ဓီမဟိ ကဝစာယ ဟူမ် ဥုံ တန္နော ရာဓိကာ နေတြတြယာယ ဝေါ်ၑတ် ဥုံ ပြစောဒယာတ် အသ္တြာယ ဖတ် ဣတိ ဟၖဒယာဒိနျာသး ဥုံ ရာဓိကာယဲ နမး။ ◇ ရာဓေ ၐျာမ ရာဓေ ၐျာမ ၐျာမ ၐျာမ ရာဓေ ရာဓေ ရာဓေ ကၖၑ္ဏ ရာဓေ ကၖၑ္ဏ ကၖၑ္ဏ ကၖၑ္ဏ ရာဓေ ရာဓေ။ |
| ချစ်သူ: | ၐြီ ကၖၑ္ဏန် |
| ခင်ပွန်း:
အယာန် ဝါ ကြင်ယာတော် | |
| သင်္ကေတ: | ရွှေကြာပန်း |
| ပွဲတော်များ: | ရာဓာၐ္ဋမိ၊ ဟောလိ၊ ဂေါပါၐ္ဋမိ၊ ကာရ်္တ္တိက ပူရ်္ဏိမ |
| ဖော်ပြထားသော စာအုပ်များ - | ဗြဟ္မဝဲဝရ်တ္တ ပုရာဏမ်၊ ဒေဝိ-ဘာဂဝတမ်၊ ပဒ္မ ပုရာဏမ်၊ ဘာဂဝတမ် ပုရာဏမ်၊ စဲတနျ စရိတာမၖတမ်၊ ဩီကၖၐ္ဏ ကရ်္ဏာမၖတမ်၊ ဇဂန္နာထ ဝလ္လဘ |
| ဒေဝနာဂရီ | राधा |
| သက္ကတ: | राधा |
| အင်္ဂလိပ်: | Radha |
| တမီးလ်: | ராதா |
ဟိန္ဒူပုရာဏ်ကျမ်းများအရ (စကြဝဠာ၏ မူလအစွမ်းသတ္တိတော်ဖြစ်သော) ပရာသက္တိ (Parashakti) မှ ကွဲပြားထင်ရှားလာသော မဟာဒေဝီကြီး (၅) ပါး (Pancha-Devi)အနက် တစ်ပါးအပါအဝင်ဖြစ်သော ရာဓာ (သင်္သကရိုက်: राधा)ဖြစ်ပါသည်။ ရာဓသည် အမြင့်မြတ်ဆုံးသော၊ ကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ အလှပဆုံးသော၊ ထာဝရတည်တံ့သော၊ အမြင့်မြတ်ဆုံးသော ပျော်ရွှင်မှု၏ ပြယုဂ်ဖြစ်သော၊ ကောင်းချီးခံစားရသောနှင့် ဂုဏ်သိက္ခာရှိသောသူ ဖြစ်သည်။ကရစ်ရှနာ၏ ငယ်သူငယ်ချင်းလည်းဖြစ်၊ ချစ်သူလည်းဖြစ်၊ ကြင်ယာတော်လည်းဖြစ်၊ ရာသကပွဲ (Rasa-lila) ဟိန္ဒူဘာသာယုံကြည်ချက်အရ ရာဓသည် စစ်မှန်သောအချစ်၏ နတ်ဘုရားမဖြစ်သည်။ ရာဓကိုကိုးကွယ်ခြင်းသည် ကောင်းမွန်သော အချစ်ရေးကို ရရှိစေသည်ဟုလည်း ယုံကြည်ကြသည်။
ရာဒါကို ရာဝါလ်တွင် မွေးဖွားခဲ့ပြီး နောက်ပိုင်းတွင် ဘာဆာနာသို့ ပြောင်းရွှေ့ခဲ့သည်။ ရာဒါသည် ဂိုပီအားလုံး၏အကြီးအကဲဖြစ်သည်။ ရာဒါသည် ကရစ်ရှနာဘုရားရှင်အား ဆည်းကပ်ဝတ်ပြုခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်။ ရာဒါ၏မွေးနေ့ကို ဘာဒရာပါဒါလ၏ ရှုကလာပါက်ရှာ ရှစ်ရက်မြောက်နေ့တွင် ရာဒါရှတမီအဖြစ် ကျင်းပကြသည်။ right|thumb|ရာဓာ ကရစ်ရှနာန်