ရပ်ဝန်းနှင့် ပိုးလမ်းမ ဖိုရမ်

ဝီကီပီးဒီးယား မှ

ရပ်ဝန်းနှင့် ပိုးလမ်းမ ဖိုရမ် (အင်္ဂလိပ်: Belt and Road Forum) (သို့မဟုတ်) ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေး ဖိုရမ် (အင်္ဂလိပ်: Belt and Road Forum for International Cooperation)သည် တရုတ်နိုင်ငံမှ ကမကထပြုလုပ်​သော ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအတွက် ​​ဆွေး​နွေးကြ​သော ဖိုရမ်များဖြစ်သည်။ ပထမအကြိမ်ဖိုရမ်ကို ၂၀၁၇ခုနှစ် ​မေလ၁၄ရက်​နှင့် ၁၅ရက်​နေ့တွင် တရုတ်နိုင်ငံ၊ ​ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ဖိုရမ်ကို ၂၀၁၉ခုနှစ် ဧပြီလ ၂၇ရက်​နေ့မှစတင် ကျင်းပခဲ့သည်။ သက်ဆိုင်ရာ စီမံကိန်းအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ​တော်အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဧည့်သည်​တော်များ တက်​ရောက်ခဲ့ကြသည်။

ပထမအကြိမ်ဖိုရမ် မစတင်မီက

လုပ်ငန်းစဉ်များ[ပြင်ဆင်ရန်]

ကဏ္ဍတွင် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်​ရေးနှင့်ပြုပြင်​ပြောင်းလဲ​ရေး​ကော်မရှင် ဒုတိယ​ခေါင်း​ဆောင်၏ ​ပြောဆိုခ​ျက်အရ ဤဖိုရမ်၏ ရည်ရွယ်ချက်များ​မှာ ​လွယ်ကူပြီး အကျိုးရှိသည့် နိုင်ငံတကာ ပူး​ပေါင်း​ဆောင်ရွက်​ရေး စင်္ကြန်တစ်ခုဖြစ်​ကြောင်း၊ ပိုမိုနီးကပ်ပြီး ခိုင်မာ​သော ပူး​ပေါင်း​ဆောင်ရွက်​ရေးကွန်ယက် စသည်တို့ကို တည်​ဆောက်ရန်ဖြစ်​ကြောင်း ​ပြောကြားခဲ့သည်။[၁] ဤဖိုရမ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၏ အ​ခြေခံအ​ဆောက်အဦးများ၊ စွမ်းအင်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု စသည့်အ​ကြောင်းအရာများအတွက် စင်္ကြန် တစ်ခုဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Belt and Road forum agenda set"၊ April 18, 2017။