ရန်ကုန်အထူးကုဆေးရုံသစ်ကြီး

ဝီကီပီးဒီးယား မှ
ရန်ကုန်အထူးကုဆေးရုံသစ်ကြီး
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာYangon, Yangon Region, Myanmar
ကိုဩဒိနိတ်16°46′54″N 96°08′36″E / 16.781646°N 96.143334°E / 16.781646; 96.143334ကိုဩဒိနိတ်: 16°46′54″N 96°08′36″E / 16.781646°N 96.143334°E / 16.781646; 96.143334
အဖွဲ့အစည်း
ဆေးရုံအမျိုးအစားPublic hospital
နှီးနွယ် တက္ကသိုလ်University of Medicine 1, Yangon
ကွန်ယက်Ministry of Health and Sports (Myanmar)
ဝန်ဆောင်မှုများ
ကုတင်အရေအတွက်316

ရန်ကုန်အထူးကုဆေးရုံသစ်ကြီး သည် ရန်ကုန်မြို့၊ မြို့လယ်တွင် တည်ရှိသည့် တည်ဆောက်နေဆဲ အထူးကုဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံသည် အထူးကုဝန်ဆောင်မှုများကို ပေးအပ်မည် ဖြစ်သည်။ ဤဆေးရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော cerebral နှင့် cardiovascular ရောဂါများအတွက် သင်ကြားရေးနှင့် သုတေသနအင်စတီကျုတစ်ခု ဖြစ်သည်။[၁][၂][၃]

ဆေးရုံသည် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်တွင် တည်ရှိသည်။ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)နှင့် ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး ရန်ကုန်) တို့တည်ရှိရာလမ်း၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။[၂]

ဤဆေးရုံတည်ဆောက်မှုကို JICA က အမေရိကန်ဒေါ်လာ ၇၇ သန်း ထောက်ပံ့ကာ တည်ဆောက်ခဲ့သည်။ ထို့ကြောင့် ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ကူညီထောက်ပံ့ပေးသည့် စီမံကိန်း ဖြစ်သည်။ ကျန်ရှိသည့် ကုန်ကျစရိတ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၇ သန်းကို မြန်မာအစိုးရက ပေးရမည် ဖြစ်သည်။[၄][၃] ဆေးရုံ၏ ပန္နက်တင်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဆေးရုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ပြီးစီးရန် စီစဉ်ထားသည်။[၃]

အထပ် ၇ ထပ်ပါဝင်ပြီး ၂၇၀၀၀ စတုရန်းမီတာ (၂၉၀၀၀၀ စတုရန်းပေ) ရှိသည့် အဆောက်အဦတွင် ခုတင် ၃၁၆ ခု ပါဝင်သည်။ ICU အခန်းတစ်ခုစီတွင် ခုတင် ၂၀ ကျော် ပါဝင်မည် ဖြစ်သည်။[၁][၄] ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ neurosurgery, neurology, cardiac surgery, နှင့် cardiology စသည့် ဌာနလေးခုတို့ကို ဤဆေးရုံအသစ်သို့ နေရာပြောင်းရွှေ့ခဲ့သည်။ ဤဆေးရုံသစ်ကြီးသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ အနီးတွင် တည်ရှိပြီး ထိုတက္ကသိုလ်၏ သင်ကြားရေးဆေးရုံလည်း ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ New Yangon Specialist Hospital to open in 2 years (2019-04-30)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-06-14 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Japan to Fund $77M Neuro, Cardio Hospital in Yangon (in en-US) (2018-07-18)။ 2020-06-14 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Ground Breaking Ceremony of the Project for the Construction of New Yangon Specialist Hospital။ 2020-06-14 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Government to purchase equipment for specialist hospital (in en)။ 2020-06-14 တွင် ပြန်စစ်ပြီး။