မာတိကာသို့ ခုန်သွားရန်

ရစ်ခ်တာ စကေး

ဝီကီပီးဒီးယား မှ

ရစ်ခ်တာ ပမာဏ စကေး(အင်္ဂလိပ်: Richter magnitude scale, ဂျာမန် အသံထွက်အားဖြင့် ရစ်ရှ်တာ စကေး) သို့မဟုတ် ဂူတဲန်ဘက်ရ်ဂ်-ရစ်ခ်တာ စကေး(Gutenberg-Richter scale)သည် ငလျင်ပြင်းအား ပမာဏကို တိုင်းတာသော စကေးဖြစ်ပြီး ၁၉၃၅ ခုနှစ်တွင် ချားလ်စ် ရစ်ခ်တာက ၎င်း၏ စာတမ်း၌ "ပမာဏ စကေး"(magnitude scale) အမည်ဖြင့် ပထမဆုံး တီထွင်ခဲ့သည်။[] ရစ်ခ်တာ စကေးသည် နောက်ပိုင်းတွင် တိုးတက်လာခဲ့ပြီး "ဒေသန္တရ ပမာဏ စကေး"(local magnitude scale)၊ အတိုကောက်အားဖြင့် ML သို့မဟုတ် ML ဟူ၍ ခေါ်တွင်ခဲ့သည်။

မူလ ရစ်ခ်တာ စကေး၏ ချို့ယွင်းချက်များစွာကြောင့် ငလျင်ဆိုင်ရာ အေဂျင်စီ အများစုသည် ယခုအခါ ငလျင်၏ ပမာဏကို ဖော်ပြရာ၌ မိုးမင့် စကေး(Mw )ကဲ့သို့ အလားတူ ငလျင် စကေးများကို အသုံးပြုနေကြသော်လည်း သတင်း မီဒီယာ အများအပြားသည် ယခုအချိန်ထိ အခြား စကေးများပေါ်တွင် တိုင်းတာသည့် ငလျင် ပြင်းအားများကို "ရစ်ခ်ျတာ စကေး"ဟုပင် ခေါ်ဆိုနေကြဆဲ ဖြစ်သည်။ ငလျင် စကေး အားလုံးသည် မူလ ရစ်ခ်တာ စကေး၏ လော့ဂရစ်သမ် စကေး နည်းအတိုင်းသာ လိုက်နာကြ၍[] အခြား ငလျင် စကေးတွင် ပြင်းအား ၆ သည် မူလ ရစ်ခ်တာ (ဒေသန္တရဆိုင်ရာ) ပြင်းအား ၆ နှင့် တူညီသည်။[] ငလျင်တိုင်းတွင် ကွဲပြားမှုများစွာ ရှိကြ၍ ရစ်ခ်တာ စကေးတွင် လော့ဂရစ်သမ် စကေးကို အသုံးပြုရခြင်း အကြောင်းသည် လူ့အဖွဲ့အစည်းအတွင်း ပြင်းအားကို နားလည်လွယ်စေရန်အတွက် ဖြစ်ကြောင်း နားလည်ရမည် ဖြစ်သည်။[]

ပြင်ပ လင့်ခ်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]