ဒေါင်မာတင်၊ ရခိုင်မင်းသား

ဝီကီပီးဒီးယား မှ
(ရခိုင်မင်းသား ဒေါင်မာတင် မှ ပြန်ညွှန်းထားသည်)

ဒေါင်မာတင် (Dom Martin) (၁၆၀၆–၁၆၄၃) သည် ပေါ်တူဂီစစ်တပ်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို ရယူလိုသည့်ရခိုင်မင်းသား တစ်ပါးဖြစ်သည်။ ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဒုတိယမြောက် သားတော် မင်းမာန်ကြီး၏ သားတော် ဖြစ်သည်။

ဒေါင်မာတင် (Dom Martin)
မွေးဖွား၁၆၀၆
စစ်တကောင်းမြို့
ကွယ်လွန်၁၆၄၃
ရခိုင်ပြည်နယ် မြောက်ပိုင်း
ခမည်းတော်မင်းမာန်ကြီး
မယ်တော်မသိရှိရပါ
ကိုးကွယ်မှုကက်သလစ် ခရစ်ယာန်ဘာသာ

ရခိုင်သမိုင်း အချက်အလက်[ပြင်ဆင်ရန်]

ရခိုင်နိုင်ငံဘုရင် မင်းဇာရာကြီး၏ ဘုန်းတန်ခိုးဩဇာအာဏာသည် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း ဂင်္ဂါမြစ်ဝှမ်းမှ ဧရာဝတီမြစ်ဝှမ်းထိ အာဏာစက် လွှမ်းမိုးလျက်ရှိပြီး ပေါ်တူဂီလူမျိုးများသည် မင်းရာဇာကြီး၏ ဘုန်းတော်ရိပ်ကိုခိုလှုံကာ နေထိုင်လျက်ရှိကြသည်။ ဤသို့ခိုလှုံနေကြသောပေါ်တူဂီလူမျိုးများမှာ ကုန်တင်ကုန်ချ အထမ်းသမား ၊ ရခိုင်ရေတပ်အမှုထမ်းများ၊ ခံတပ်မြေကတုတ် မြို့ရိုးလုပ်တတ်သူများ စသည်ဖြင့် အမျိုးမျိုးရခိုင်နိုင်ငံထဲတွင် အမှုထမ်းလျက်ရှိကြသည်။ ဘုရင့်အမှုတော်ကို မထမ်းပဲ ရာင်းဝယ်ဖောက်ကား လုပ်နေကြသော ပေါ်တူဂီ ကုန်သည်များကို စစ်တ ကောင်းမြို့အနီး “ဒယင်ဂါး” အရပ်၌ နေထိုင်ခွင့်ပြုထားသည်၊ ထိုပေါ်တူဂီများကို ထားရခြင်းမှာ ရခိုင်နယ်စပ်ကို မဂို ရန်မှ ကာကွယ်ပေးပါမည် ဟူသော သဘောတူညီချက်ဖြင့် ရခိုင်ဘုရင် မင်းရာဇာကြီးက ခွင့်ပြုထားရခြင်းဖြစ်သည်။ မဂိုမင်းသည် ၁၆၁၀ ပြည့်နှစ်တွင် ဘင်္ဂလားနယ်ကြီးကို သိမ်းပိုက်လိုက်သောကြောင့် မဂိုမင်း၏ပိုင်နက်မှာ စစ်တကောင်းနှင့်ယှဉ်၍ကပ်လျက်ရှိနေပေသည်။


ဟူဂလီမြစ်ဝှမ်းတွင် မဂို မင်း၏အရိပ်အာဝါသ ကိုမှီ၍နေထိုင်ကြသော ပေါ်တူဂီ များလည်းရှိသလို ၊ရခိုင်ဘုရင်ပိုင် စစ်တကောင်းမှ မိုင် (၃၀) ကျော်ကွာဝေးလှသော ဆွန်ဒစ် ကျွန်း၌လည်း ပေါ်တူဂီ များနေထိုင်လျက် ရှိကြသည်။


ရခိုင်နိုင်ငံ၏ ဘုရင့်နောင်ဟု တင်စားခေါ်ဝေါ်ရလောက်သော“မင်းရာဇာကြီး” သည် ၁၅၉၃ ခုနှစ် (မြန်မာနှစ် ၉၅၅ ) တွင်နန်းတက်လေသည်၊ ဘုရင်ကြီးတွင် မိဖုရား ကြီးငယ် ၂၀ ရှိသည့်အနက် မင်းခေါင်၏ သမီးဖြစ်သော ပဉ္စလက် စန္ဒာတွင် သားတော် မာန်ကြီး မျက်နှာလှ နှင့်မင်းခမောင်းကို ဖွားမြင်ခဲ့သည်။ တန်ဆောင် မိဖုရားတွင်ကားမာန်ကြီးမိုးပေါက်နှင့် ပရိဝတ္တန သင်္ခါရဒေဝီ ကို ဖွားမြင်ခဲ့သည်။ မင်းခမောင်း ကား အိမ်ရှေ့စံ ဘဝ နှင့်နေပြီးသော် ခမည်းတော်၏အရိပ်အရာ ကို ဆက်ခံရလေသည်၊ မာန်ကြီး မိုးပေါက်မှာကား စစ်တကောင်းမြို့ကို စားရလေသည်၊ မာန်ကြီးမိုးပေါက်မှာ သမီးတော် နှစ်ပါးနှင့် သားတော်တစ်ပါးထွန်းကားရာ ထိုသူမှာ “ဒေါင်မာတင်” ဖြစ်သည်၊ မင်းရာဇာကြီး က မင်းခမောင်းကို အိမ်ရှေ့အရာတွင်ထား၍ မာန်ကြီး မိုးပေါက် မှာ စစ်တကောင်းစားဖြစ်၍ စစ်တကောင်း၌နေထိုင်ရလေသည်၊ သို့သော် မင်းခမောင်းနှင်း မာန်ကြီးမိုးပေါက်တို့မှာ မတည့်ကြပါ။ မင်းကိုသတ်ဖြတ်နိုင်လျှင်မင်းနေရာရသည် ဆိုသည့် နန်းရိပ်ထီးဖြူ လုယူမှုများသာဓကများ ရှိသကဲ့သို့မင်းရာဇာ၏သားတော် မင်းခမောင်းလည်း ဖခင် ကို ပုန်ကန်ခြားနားလေသည်၊ ပုန်ကန်ပုံမှာ ဘေးလောင်းတော်၏ကုသိုလ်တော်များဖြစ်သော ဆံတော်၊အံတော်၊ နံတော် ဘုရားသုံးဆူ ကိုဖူးမြော်လိုကြောင်းခွင့်ပန်ပြီး သံတွဲသို့ရောက်ရှိလာရာ ၊ တလိုင်းလူမျိုးတို့၏အကြီးအကဲဖြစ်သော ကုလားဂေါင်း-အင်ရာ-မတူလာ-နောပံ-တင်္ခါ ငါးယောက်တို့က မင်းခမောင်းအား “ဖခင်သည် အသက်လည်းကြီးချေပြီ ၊ သမီးတော် သားတော်များလည်းအများအပြားရှိသည်၊ ဖခမည်းတော် နတ်ရွာစံလျှင် ထီးလု နန်းလုပွဲဖြစ်မည်မှာသေချာသည်၊ ထို့ကြောင့် ခမည်းတော်နတ်ရွာမစံမှီ သင်္ကန်းစည်းပေးလိုက်ပြီးထားရပါမူလောကသံသရာ နှစ်ဖြာသော ကောင်းကျိုးများပြီး ထီးနန်းကို လည်း အရှင်မင်းသားစိုးစံရ ပါလိမ့်မည်ဟုလျှောက်တင်သောစကားကိုနားဝင်လျှက် တလိုးင်းလူမျီုး ဘုရားကျွန်များကို စုစည်းပြီး ခမည်းတော်အားနန်းချရန်စစ်ချီလာလေသည်၊ မင်းရာဇာကြီးကြားသောအခါ ကုန်းရေ နှစ်ဘက်ညှပ်လျှက် ငဇင်ရိုင်းကျွန်းသားမြို့ မှ ဆီးကြို တိုက်ခိုက်ရာ အိမ်ရှေ့မင်းမှာ တပ်ပျက်လျှက် စစ်ရှုံးလေသည်၊ စစ်တကောင်းစား မာန်ကြီးမိုး ပေါက်မှာလည်း မင်းခမောင်းနှင့်မသင့်မြတ်သည့်အတွက် သူ့ထက်ရာထူးနိမ့်ရသည်ကတကြောင်း၊ ဖခမည်းတော်၏ကျေးဇူးကို တောင်ပြစ်မှားသူဖြစ်ကား၊ ငါကဲ့သို့သော ညီတော်ကို ခမည်းတော်လွန်လေလျှင် ငါ့အား ဒုက္ခပေးမည်မှာသေချာသည်ဟု နှလုံးပိုက်လျှက် အားကိုးအားထားရရန် မဟာမိတ်ကိုရှာလေသည်။ ဒယင်းဂါး ကျွန်းကြီးသျှင် တီဗျူး နှင့်မဟာမိတ်ဖွဲ့ လိုက်ကြလေသည်။ တီဗျူးကားရခိုင်ထီးနန်းကို အရခြူရန် စိတ်ကူးရှိရုံသာမက ဒီယင်းဂါး ကျွန်းကြီးအရေးတော်ပုံကြောင့်အခဲမကျေနိုင်ဘဲရှိလေရာ အခွင့်ကြုံလာသဖြင့် နှစ်သက်ကြည်ဖြူစွာပင်မဟာမိတ်ဖွဲ့ရန် လက်ခံလိုက်လေသည်၊ မဟာမိတ်ဖွဲရာတွင် ရာသက်ပန်ခိုင်မာစေရန်အတွက် မာန်ကြီးမိုးပေါက်၏သမီးတော်နှင့် တီဗျူး၏ သားတော်ကို လက်ဆက်ပေးလိုက်လေသည်၊တီဗျူးမှာ မဟာဆုကြီးရသည်အလား ရခိုင်ထီးဖြူ ကို ရရန်လမ်းစပင်ဖြစ်သည်ဟု နှလုံးမှုကာ အားခဲလျက်ရှိနေသည်၊ ထိုအချိန် တွင် မာန်ကြီးမိုးပေါက၏သားတော်မှာ ၄ နှစ်သာရှိပါသေးသည်၊တီဗျူးသားနှင့် မာန်ကြီးမိုး ပေါက်သမီးတော်တို့ လက်မထပ်ခင် သမီးတော်အား ဖားသားရာဖီး ဆိုသူ ဘရင်ဂျီဘုန်းကြီးအကူအညီဖြင့် ဘုရင်ဂျီဘာသာသို့ ခမ်းနားကြီးကျယ်စွာ သွတ်သွင်းလိုက်လသည်။ ယင်းနောက် မာန်ကြီးမိုးပေါက်သမီး တော်အား ဆန်ဒွစ်ကျွန်းသို့ သဘင်ကြီးစွာနှင့်ခေါ်ဆောင်လျှက် တီဗျူးနှင့် မာန်ကြီးမိုးပေါက်တို့သည် သွေးနှင့်ရင်းသော မဟာမိတ်များအဖြစ်သို့ ရောက်ရှိသွားကြသည်။ မင်းရာဇာကြီးလည်း သားတော်မင်းခမောင်းအား မာန်ကြီးမိုးပေါက်ပြုမှုပုံတို့သည် သမီးပေးသားယူ အဆွေခင်ပွန်းများဖြစ်နေကြသည့်အတွက် လျစ်လျူ ရှူမထားရန် နိုးဆော်ထားသည့်အလျှောက် ၊ မင်္ဂလာပွဲပြီး၍ ၁၈ လ ကြာသောအခါ မာန်ကြီးမိုးပေါက်သည် ရခိုင်မင်း၏ သစ္စာတော်ကို မခံယူတော့ပဲ မြောက်ဦးထီးနန်းကို အရတိုက်တော့မည်ဟုကြေညာလိုက်သည်၊ မာန်ကြီးမိုးပေါက်သည် တီဗျူးကိုအမှီသဟဲပြု၍ ပုန်ကန်လေတော့သည်။ ဤသို့ပုန်ကန်ထကြွမှုကို နှိမ်နှင်းရသည်မှာ အိမ်ရှေ့ ဥပရာဇာ၏တာဝန်ဖြစ်သည့်အလျှောက် မင်းခမောင်းသည် အလုံးအရင်းနှင့်ချီတက်ဝန်းရံလေသည်။

ဘဝအကျင့်[ပြင်ဆင်ရန်]

ဒေါင်မာတင် (Dom Martin)ကို ၁၆၀၆ ခုနှစ်၌ စစ်တကောင်းမြို့တွင် မွေးဖွားခဲသည်။ ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဒုတိယမြောက် သားတော် မင်းမာန်ကြီး၏ သားတော် ဖြစ်ပြီး ရခိုင်တော်ဝန်မိသားစုဝင် ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ ကက်သလစ် ခရစ်ယာန်ဘာသာကို ကိုးကွယ်သည်။[၁]

ပေါ်တူဂီရေတပ်တွင် အမှုထမ်းခဲသည်။ ရခိုင်ဘုရင်နိုင်ငံ‌တော်ရဲ ဘုရင် ထီးနန်ရရှိဖို ပေါ်တူဂီစစ်တပ်နဲ့ ပေါင်းက တိုက်ခိုင် ခဲသည်။ သို့သော မအောင်မြင်ခဲပေ ရခိုင်ဘုရင် မင်းခမောင်းမှ အောင်မြင်စွာ တိုက်ခိုင်နိုင် ခဲသည်။ ၁၆၄၃ ခုနှစ်တွင် ကွယ်လွန် ခဲသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%99%E1%80%AC%E1%80%90%E1%80%84%E1%80%BA-%E1%81%81%E1%81%86%E1%81%80%E1%81%86-%E1%81%81%E1%81%86%E1%81%84%E1%81%83.html
  2. https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%99%E1%80%AC%E1%80%90%E1%80%84%E1%80%BA-%E1%81%81%E1%81%86%E1%81%80%E1%81%86-%E1%81%81%E1%81%86%E1%81%84%E1%81%83.html