မာတိကာသို့ ခုန်သွားရန်

ရခိုင်တိုင်းရင်းသားများပါတီ

ဝီကီပီးဒီးယား မှ
ရခိုင်တိုင်းရင်းသားများပါတီ
အင်္ဂလိပ် အမည်Rakhine Nationalities Party (RNP)
ဥက္ကဋ္ဌဦးလှဝေ
တည်ထောင်ခြင်းဩဂုတ် ၄၊ ၂၀၂၅; ၁၁ လ အကြာက (၂၀၂၅-၀၈-04)
ဌာနချုပ်ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း
မှတ်ပုံတင်အမှတ်၅၈
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရခိုင်တိုင်းရင်းသားများပါတီ (အင်္ဂလိပ်: Rakhine Nationalities Party, အတိုကောက် RNP) သည် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီတည်ထောင်သူမှာ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဘရှိန် ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရခိုင်တိုင်းရင်းသားများပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့စွဲဖြင့် အတည်ပြုထုတ်ပြန်လိုက်သည်။[]

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည့် အဆိုပါပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းပါတီ၏ မှတ်ပုံတင်နံပါတ်မှာ အမှတ် (၅၈) ဖြစ်သည်ဟုလည်း သိရသည်။[]

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီ ၅ ခုအထိ ရှိလာပြီး၊ ၎င်းတို့မှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီမြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။[]

၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၄ နယ်၌ ကိုယ်စားလှယ်လောင်း ၂၅ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၆ ဦး အနိုင်ရရှိခဲ့ပါသည်။ ပါတီအနေဖြင့် စုစုပေါင်းခိုင်လုံမဲ ၁၈,၉၀၁ မဲ ရရှိခဲ့ပြီး ယင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်လုံမဲစုစုပေါင်း၏ ၀.၁၄ ရာခိုင်နှုန်း ဖြစ်ပါသည်။[]

၂၀၂၆ ဧပြီလ (၄) ရက်စွဲဖြင့် ပါတီဥက္ကဋ္ဌ ဦးဘရှိန်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ညိုတို့ကို တာဝန်မှ ရပ်နားကာ နာယကနေရာများသို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့ပြီး၊ ဦးလှဝေ (ဥက္ကဋ္ဌ)နှင့် ဦးဦးကျော်သန်း (ဒုဥက္ကဋ္ဌ)တို့ကို အစားထိုး ခန့်အပ်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (၁၅ ဦး၊ ယာယီ)ကို ဖွဲ့စည်းပြီး (၃)လအတွင်း ပါတီညီလာခံကျင်းပမည်ဟု ထုတန်ပြန်ခဲ့သည်။[]

ရွေးကောက်ပွဲ ရလဒ်များ

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၁ / ၂၂၄
ဦးဘရှိန်


ပြည်သူ့လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၁ / ၄၄၀
ဦးဘရှိန်

ပြည်နယ်လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၄ / ၄၄၀
ဦးဘရှိန်

တိုင်းရင်းသားရေးရာ ဝန်ကြီးများ

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၀ / ၄၄၀
ဦးဘရှိန်

ကိုးကား

[ပြင်ဆင်ရန်]
  1. ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု Myawaddy Webportal။ 4 August 2025 တွင် ပြန်စစ်ပြီး။
  2. ဦးဘရှိန် ဦး‌ဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီ မှတ်ပုံတင်ခွင့်ပြု Narinjara။ 5 August 2025 တွင် ပြန်စစ်ပြီး။
  3. ရခိုင်တိုင်းရင်းသားများပါတီ (RNP) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု DVB။ 5 August 2025 တွင် ပြန်စစ်ပြီး။
  4. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း 25 Feb 2026 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. ဦးဘရှိန်နှင့် ဦးတင်ညို ပါတီဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တာဝန်မှ ရပ်နားခံရ (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။