မာတိကာသို့ ခုန်သွားရန်

ယောတပ်တော်

ဝီကီပီးဒီးယား မှ
ယောတပ်တော်
Yaw Army
ခေါင်းဆောင်ယောမြေတိုးတက်ရေးပါတီ
စစ်ဦးစီးချုပ်
စတင်လှုပ်ရှားခြင်း ဇန်နဝါရီ ၂၀၂၄ (၂၀၂၄-၀၁-၀၂) – လက်ရှိ
ဌာနချုပ်လျှို့ဝှက်
လှုပ်ရှားနယ်မြေယောဒေသနှင့်ဆက်စပ်ဧရိယာ
နိုင်ငံရေးအယူဝါဒစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး
အရွယ်အစားမသိရှိရ
မဟာမိတ်
ပြိုင်ဘက်များ မြန်မာနိုင်ငံ
စစ်ပွဲနှင့် တိုက်ပွဲများ

ယောတပ်တော် (အင်္ဂလိပ်: Yaw Army; အတိုကောက် YM)သည် ယောဒေသအခြေပြု မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ယောဒေသရှိ ပြည်သူလူထုအချို့သည် ရရှိနိုင်သမျှ လက်နက်များကို ကိုင်ဆောင်ကာ လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။

ထိုသို့ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံမှ စစ်ရေးသင်တန်းများ တက်ရောက်ခဲ့ကြသည့် ကျောင်းသားလူငယ်များက ဦးဆောင်၍ ဒေသအလိုက် ဒေသကာကွယ်ရေးအဖွဲ့များကို ထူထောင်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် မတ်လတွင် ဒေသကာကွယ်ရေးအဖွဲ့များ စုပေါင်း၍ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (Yaw Region People’s Army — YRPA) ကို ထူထောင်ခဲ့ကြသည်။ထိုတပ်ပေါင်းစုသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချိတ်ဆက်၍ နိုင်ငံရေးပိုင်းနှင့် တပ်စုဖွဲ့စည်းရေးဆိုင်ရာ အကြံဉာဏ်များကို ရယူခဲ့ကြသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ပေါင်းစုအား တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းရန် ဆွေးနွေးကြပြီးနောက်၊၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ယောတပ်တော် အဖြစ် တည်ထောင်ဖွဲ့စည်းလိုက်ကြသည်။

ပါဝင်ဆင်နွဲခဲ့သည့် တိုက်ပွဲများနှင့်မဟာမိတ်များ

[ပြင်ဆင်ရန်]

ယောတပ်တော်သည် ရခိုင်ပြည်၊ ချင်းပြည် နှင့် ယောဒေသတွင်းရှိ မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ဆင်နွှဲသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)၏ အနီးကပ် ထောက်ပံ့ကူညီမှုကို ရရှိခဲ့ပြီး[]၊ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)သည် စစ်ရေးနိုင်ငံရေးအကြံဉာဏ်များနှင့် အခြားအကူအညီများအား ပေးအပ်သည်။[] []

ထို့ပြင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် - ပကဖ) နှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)တို့နှင့် မဟာမိတ်ပြုထားသည်။

၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၂၁ ရက် တွင် ယောတပ်တော် သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force for Federal Democracy (FFD) တပ်ဖွဲ့တို့အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့စုဖွဲ့ထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုသို့ ဝင်ရောက်ခဲ့သည်။[]

ထင်ရှားဖြစ်ရပ်

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၁၉ရက် တွင် မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်ရှိ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ဂန့်ဂေါခရိုင် အမှတ် (၁၂) PDF တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် ရဲဘော်အဆင့်အထိ ၉၀ ရာခိုင်နှုန်းခန့်သည် နုတ်ထွက်ခဲ့ကြပြီး ယောတပ်တော် နှင့်ပူးပေါင်းခဲ့ကြသည်။[]ဂန့်ဂေါခရိုင် အမှတ် (၁၂) သည် ၂၀၂၁ ခုနှစ် ဇူလိုင်အတွင်း ဂန့်ဂေါ မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဂန့်ဂေါတပ်ရင်း (ယောဒေသ) PDF Gangaw Battalion (Yaw Region) အဖြစ် ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ခဲ့ကြပြီး၊၂၀၂၂ခုနှစ် ဧပြီလတွင် ဒေသကာကွယ်ရေးအဖွဲ့မှ NUG လက်အောက်ခံ အနောက်ပိုင်းတိုင်း တပ်မဟာ (၇)၊ အမှတ် (၇၀၁) တပ်ရင်း အဖြစ် ပြောင်းလဲခဲ့သည့် အဖွဲ့ဖြစ်သည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တိုင်းအစီအစဉ်မှ စစ်ဒေသအစီအစဉ်သို့ ပြောင်းလဲ ပြင်ဆင်မှုကြောင့် အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းအဖြစ် ပြောင်းလဲသွားခဲ့သည့် တပ်ရင်းလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊မတ် ၃ရက်တွင် ယောတပ်တော် (YA)အဖွဲ့ထံ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ပေါင်းစည်းလာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ယောတပ်တော် (YA) မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ရေးဖော်ဆောင်ရာတွင် အောင်မြင်မှုရနေ narinjara (၁၅ ဒီဇင်ဘာ ၂၀၂၄)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. KIOနှင့် တော်လှန်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ဟု ယောတပ်တော်ပြော လူထုနွေဦး (၁၁ ဩဂုတ် ၂၀၂၅)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. KIOခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော် ခေါင်းဆောင်များ တွေ့ဆုံ လူထုနွေဦး (၁၀ ဩဂုတ် ၂၀၂၅)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. တနင်္သာရီတိုင်း စစ်ဆင်ရေးများတွင် ပါဝင်ဖူးသည့် တပ်ဖွဲ့သုံးဖွဲ့ အပါ တော်လှန်ရေးတပ် ၁၉ ဖွဲ့က တပ်ပေါင်းစုဖွဲ့ daweiwatch (၁၆ ဒီဇင်ဘာ ၂၀၂၅)။ ၂၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. PDF ဂန့်ဂေါခရိုင်တပ်ရင်းတစ်ခုလုံးနီးပါး နုတ်ထွက်၊ ယောတပ်တော်နှင့် ပူးပေါင်းမည်ဟုဆို Myanmar Now (၂၀ ဖေဖော်ဝါရီ ၂၀၂၅)။ 13 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  6. ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း RFA (၃ မတ် ၂၀၂၅)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။