မာတိကာသို့ ခုန်သွားရန်

ယောဆွတ်ဘတို

ဝီကီပီးဒီးယား မှ

ယောဆွတ်ဘတို (よつばと!) သည် ခိယောဟိခိုအဇုမ ရေးသားပုံဖော်သည့် ဂျပန်မန်ဂါစီးရီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက ကစဉ်ထုတ်မဂ္ဂဇင်းဖြစ်သည့် Dengeki Daioh of ASCII Media Works တွင် ရေးသားခဲ့သည်။ လက်ရှိတွင် စာအုပ်အမှတ်စဉ် (၁၅) အထိ ရှိခဲ့ပြီ ဖြစ်သည်။ "ယောဆွတ်ဘ" ဟုအမည်ရှိသည့် ငယ်ရွယ်သည့်မိန်းကလေးတစ်ဦး၏ နေ့စဉ်ဘဝတွင် တွေ့ရှိရသည့် စွန့်စားခန်းများကို ဖော်ပြရေးဆွဲထားသည်။ ထိုမိန်းကလေးသည် သူ၏ မွေးစားအဖေ၊ အိမ်နီးချင်းများနှင့် သူငယ်ချင်းများထံမှ ပတ်ဝန်းကျင်နှင့် လောကအကြောင်းကို သင်ယူလေ့လာသည်။ "ယောဆွတ်ဘတို" ဟူသည် "ယောဆွတ်ဘ နှင့်" ဟု အဓိပ္ပါယ်ရှိသည်။ ဤစာအုပ်အမည်ကို ကြည့်ခြင်းဖြင့် ယောဆွတ်ဘနှင့် အခြားသော ဇာတ်ကောင်များအကြောင်းကို ဖော်ပြထားသည်ကို သိရှိနိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]