ယောင်ဝရွာ၊ ပလက်ဝမြို့နယ်

ဝီကီပီးဒီးယား မှ
ယောင်ဝ
ရွာ
ယောင်ဝရွာ
ယောင်ဝ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ယောင်ဝ
ယောင်ဝ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°29′33″N 93°03′48″E / 21.4925899505615°N 93.0634613037109°E / 21.4925899505615; 93.0634613037109ကိုဩဒိနိတ်: 21°29′33″N 93°03′48″E / 21.4925899505615°N 93.0634613037109°E / 21.4925899505615; 93.0634613037109
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မတူပီခရိုင်
မြို့နယ်ပလက်ဝမြို့နယ်
ကျေးရွာအုပ်စုတိုင်ဝ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ယောင်ဝရွာ(အင်္ဂလိပ်: Youngwa)သည် ချင်းပြည်နယ်မတူပီခရိုင်ပလက်ဝမြို့နယ်တိုင်ဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၈၀၆၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိုင်ဝကျေးရွာအုပ်စုတွင် ကျား ၁၀၃၉ ဦး၊ မ ၁၀၇၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၁၆ ဦး နေထိုင်သည်။ [၁]

လူနေထိုင်မှု[ပြင်ဆင်ရန်]

ယောင်ဝရွာတွင် အိမ်ခြေ​ပေါင်း ၂၀၀ ကျော် ရှိသည်။ ယောင်ဝရွာတွင် ခေါင်စိုခူမီးအာနူး၊ ခေါင်တူး၊ မာရာနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်ကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ယောင်ဝရွာမှ မတူပီမြို့သို့ ကုန်းလမ်းဖြင့် ဆက်သွယ်ထား၍ ဆမီးမြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့်၎င်း၊ ကျောက်တော်မြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့်၎င်း၊ ပလက်ဝမြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့် ဆက်သွယ်ထားသည်။

ဦးစိုးထက်စတင်တပ်ဆင်သည့်ဂြိုဟ်တုဖုန်းလိုင်းစနစ်ကို၂၀၁၂-၂၀၁၃မှစ၍ပြည်တွင်း၊ပြည်ပသို့တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီး၊ဖုန်းအဝင်များလည်းလက်ခံရရှိ၍ဆက်သွယ်ရေးဖုန်းလိုင်းရရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ယောင်ဝရွာမှ ငရုတ်၊ ချင်းစိမ်း၊ နှမ်း၊ စပါး၊ ဝဥ၊ ငှတ်ပျော်သီး၊ သရက်သီး၊ နနွင်းစသော စားကုန်များထွက်ရှိပြီး ဆမီးမြို့ပလက်ဝမြို့နှင့် ကျောက်တော်မြို့သို့ တင်သွင်းရောင်းချသည်။ နွား၊ ဝက်၊ ကြက်၊ ဆိတ်များကို အိန္ဒိယနိုင်ငံ၊ မနီပူရ်မြို့သို့ တင်သွင်းရောင်းချသည်။

ပညာရေး[ပြင်ဆင်ရန်]

ယောင်ဝရွာ၏ အခြေခံပညာမူလတန်းကျောင်းကို ၁၉၉၈-၁၉၉၉ခုနှစ်၊ မူလွန်ကျောင်းကို ၂၀၀၆ခုနှစ်၊ အလယ်ခွဲကို၂၀၁၃ခုနှစ်၊ အလယ်တန်းကို ၂၀၁၇ ခုနှစ်၊ အထက်တန်းခွဲကို ၂၀၁၉ ခုနှစ်တွင် တရားဝင်ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။