ယောကာကွယ်ရေးတပ်
| ယောကာကွယ်ရေးတပ် Yam Defense Force | |
|---|---|
ယောကာကွယ်ရေးတပ်၏ အမှတ်တံဆိပ် | |
| ခေါင်းဆောင် | မြတ်သူ စစ်ဦးစီးချုပ် |
| စတင်လှုပ်ရှားခြင်း | ၁၂ မေ ၂၀၂၁ – လက်ရှိ |
| ဌာနချုပ် | မကွေးတိုင်းဒေသကြီး၊ယောဒေသ |
| လှုပ်ရှားနယ်မြေ | မကွေးတိုင်းဒေသကြီး၊ယောဒေသ |
| နိုင်ငံရေးအယူဝါဒ | စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး |
| အရွယ်အစား | မသိရှိရ |
| မဟာမိတ် |
|
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | |
ယောကာကွယ်ရေးတပ် (အင်္ဂလိပ်: Yam Defense Force၊ အတိုကောက် YDF ) သည် ယောဒေသအခြေစိုက် မြန်မာနိုင်ငံရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။[၁]
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ (၁)ရက်တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ဤတွင် မြန်မာပြည်တစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။
စစ်တပ်သည် ဆန့်ကျင်ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းခြင်းပြုလုပ်ခဲ့သည်။ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည့် ကျောင်းဆရာ ကိုမြတ်သူသည် ပညာရေးအသိုင်းအဝိုင်းမှ လူငယ်သုံးဦးနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နယ်မြေသို့ သွားရောက်၍ အခြေခံစစ်ပညာ သင်ယူပြီး၊ လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။
တပ်ဖွဲ့ပေါ်ပေါက်လာပုံ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် မေ ၁၂ ရက်တွင် ကေအိုင်အေမှစစ်ပညာသင်ယူလာခဲ့ကြသည့် ကိုမြတ်သူ[၂]အပါအဝင် လူငယ်အချို့သည် ယောကာကွယ်ရေးတပ်၊ YDF ကို တည်ထောင်ခဲ့ကြသည်။ကနဦးဖွဲ့စည်းစဉ် အဖွဲ့ဝင်အင်အား ကိုးဦးရှိခဲ့သည်။ဦးဆောင်ကော်မတီဖြင့် အဖွဲ့ကို ကြီးကြပ်ကာ၊မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့တွင် အခြေစိုက်၍ စစ်ရေး လှုပ်ရှားသည်။
YDF သည် အာရက္ခတပ်တော်(AA)၏ စစ်ရေးဦးစီးမှုအောက်တွင် ရှိသည့်အဖွဲ့ တစ်ခုဖြစ်သော်လည်း၊သီးခြားလွတ်လပ်စွာလှုပ်ရှားသည်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် နိုင်ငံရေး မဟာမိတ်အဖြစ် ရပ်တည်သည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]ထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]YDF တပ်ဖွဲ့ တည်ထောင်သူထဲ ပါဝင်ခဲ့သည့် ဒုတိယ စစ်ဦးစီးချုပ် ကိုဖြိုးဝေစိုး နှင့် ရဲဘော်ပွားလေး (ခ)ပြည့်ဖြိုးလင်းတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ဘက် ကျွန်းခုံသာရွာအနီး အင်အား ၈ ဦးခန့်ပါ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့တိုက်ပွဲ၌ ကျဆုံးခဲ့သည်။[၅] [၆] ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက် တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာစခန်းသိမ်းတိုက်ပွဲ၌ YDF ရဲဘော် ၂ဦးသည် မြောက်ခင်ရန်းရွာရှိ ပျူစောထီးတို့၏ ဖမ်းဆီးခြင်းကိုခံရပြီး၊ပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ပါဝင်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း။ DVB (၁၆ ဒီဇင်ဘာ ၂၀၂၅)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ဦးဆောင်သူ ကိုမြတ်သူ နှင့်တွေ့ဆုံမေးမြန်းခြင်း။ Khit Thit Media (၁၃ မေ ၂၀၂၃)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ YDF တပ်ရင်းစခန်းခွဲ စီးနင်းခံရ၊ ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံး။ Myanmar Now (၇ ဇူလိုင် ၂၀၂၂)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂန့်ဂေါမြို့လယ်တိုက်ခိုက်မှုတွင် ရဲ ၄ ဦး သေဆုံးဟု YDF ပြော။ Myanmar Now (၂၀ ဧပြီ ၂၀၂၂)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ YDF ဒုခေါင်းဆောင်နှင့် ရဲဘော်တစ်ဦး ကျဆုံးမှုအပေါ်ဝမ်းနည်းကြောင်း မင်းတပ် CDFထုတ်ပြန်။ ludunwayoo (၁၃ အောက်တိုဘာ ၂၀၂၂)။ 21 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်စဉ် YDF ဒုစစ်ဦးစီးချုပ် သေဆုံး။ Myanmar Now (၁၀ အောက်တိုဘာ ၂၀၂၂)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ YDF တည်ထောင်ပြီး ၃ နှစ်ခန့်အတွင်း စစ်သားနှင့် ပျူစောထီး ၆၀၀ ကျော်ကို ရှင်းလင်းနိုင်။ DVB (၃၁ မတ် ၂၀၂၄)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။