ယူနီကုဒ် ကွန်ဆိုဒီယမ်

ဝီကီပီးဒီးယား မှ

ယူနီကုဒ် ကွန်ဆိုဒီယမ် (အင်္ဂလိပ်: Unicode Consortium) သည် စီးပွားရေးအရ အကျိုးအမြတ်မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် ယူနီကုဒ်စံသတ်မှတ်ချက်လုပ်ငန်းများ၊ လိုကယ်လိုက်ဇေးရှင်းနှင့် အင်တာနေရှယ်နယ်လိုက်ဇေးရှင်း လုပ်ငန်းများကို လုပ်ဆောင်သည်။ ယူနီကုဒ်ကွန်ဆိုဒီယမ်ကို နိုင်ငံတကာတွင်ရှိသည့် ကွန်ပျူတာကော်ပိုရေးရှင်းများ၊ ဆော့ဝဲထုတ်လုပ်ရေးများ၊ အစိုးရအဖွဲ့အစည်းများ၊၊ သုတေသနလုပ်ငန်းလုပ်ကိုင်နေသည့် အဖွဲ့အစည်း များနှင့် နိုင်ငံတကာစံ သတ်မှတ်ချက်လုပ်ငန်းများကို လုပ်ကိုင်နေသည့် အဖွဲ့အစည်းများကို စုပေါင်း၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။