ယူနိုက်တက်အမရဘဏ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ယူနိုက်တက်အမရဘဏ်
United Amara Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၆ ဩဂုတ် ၂၀၁၀
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးနေအောင်
အလုပ်သမားဦးရေ၁၇၀၀[၁] (၂၀၁၄)
ဝက်ဘ်ဆိုက်unitedamarabank.com/my
ဆောင်ပုဒ်လုံခြုံစိတ်ချ အားထားယုံကြည် ယူအေဘီ

ယူအေဘီဘဏ်ဟု အတိုကောက်ခေါ်သော ယူနိုက်တက်အမရဘဏ်(United Amara Bank) သည် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအစိုးရမှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခုထဲမှ တစ်ခုဖြစ်သည်။

ဘဏ်ကို အဓိကပိုင်ဆိုင်သူမှာ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ဖြစ်သည်။ ရုံးချုပ် (ရန်ကုန်ရုံးခွဲ)သည် အမှတ်- ၅၂၀( အေ/၄ )၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

ယူအေဘီ (UAB) ဘဏ်ကို ၂၀၁၀ ပြည့်နှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်အဖြစ် အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါသည်။ ၂၀၁၀ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် ယူအေဘီ (UAB) ဘဏ်၏ ပထမဆုံးဘဏ်ခွဲအဖြစ် နေပြည်တော်ဘဏ်ခွဲအားစတင် ဖွင့်လှစ်နိုင်ခဲ့ကာ ၂၀၁၇ ခုနှစ် ဩဂုတ်လအထိ ဘဏ်ခွဲအရေအတွက်ပေါင်း ၇၆ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

မတည်ရင်းနှီးငွေ[ပြင်ဆင်ရန်]

ခွင့်ပြုပြီး မတည်ရင်းနှီးငွေမှာ မြန်မာကျပ်ငွေ ၇၅ ဘီလီယံဖြစ်ပြီး ထည့်ဝင်ပြီး ၃၀ ကျပ်ဘီလီယံဖြစ်သည်။ [၂]

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

ယူနိုက်တက်အမရဘဏ်မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ငွေစုဘဏ်အပ်ငွေစာရင်း
  • စာရင်းသေအက်ငွေစာရင်း
  • စာရင်းရှင်စာရင်း
  • နိုင်ငံခြားငွေလဲလှယ်ခြင်း ဝန်ဆောင်မှု
  • အငှားဝယ်ယူစနစ် ဝန်ဆောင်မှု
  • အခွန်အခပေးချေခြင်း ဝန်ဆောင်မှု (GIRO Payment)
  • အပြည်ပြည်ဆိုင်ရာငွေလွဲလုပ်ငန်း (Western Union)
  • MPU၊ Visa ၊ MasterCard တို့နှင့်ချိတ်ဆက်ထားသော ATM ကတ် ဝန်ဆောင်မှု

ကိုးကား[ပြင်ဆင်ရန်]

  1. "The Myanmar Times Bank Survey 2014"၊ Myanmar Times၊ 15 July 2014။ 8 February 2015 တွင် ပြန်စစ်ပြီး 
  2. သတင်းအချက်အလက်။ ယူနိုက်တက်အမရာဘဏ်။ ၂၀၁၅-၀၃-၃၀ တွင် ပြန်စစ်ပြီး။