မာတိကာသို့ ခုန်သွားရန်

ယမ်ဘီလာရေတံခွန်

ဝီကီပီးဒီးယား မှ
ယမ်ဘီလာရေတံခွန်
Yumbilla Falls
တည်နေရာAmazonas Region, Peru
အမျိုးအစားTiered
စုစုပေါင်း အမြင့်၈၉၅.၅ m (၂,၉၃၈ ft)
ရေဆင်းလမ်းများ4
ကမ္ဘာ့အမြင့် အဆင့်5

ယမ်ဘီလာရေတံခွန် သည် အမဇိုးနားဒေသ၊ မြောက်ပိုင်း Peruvian , Cuispes မြို့အနီးတွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ငါးခုမြောက်အရှည်ဆုံး ရေတံခွန်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် Geographical Institute of Peru (IGN) က ရေတံခွန်ကို တိုင်းတာမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတကာတွင် လူသိများလာခဲ့သည်။[]

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ယမ်ဘီလာရေတံခွန်သည် ၈၉၅.၅ မီတာ (၂၉၃၈ ပေ) မြင့်မားသည်။ ရေတံခွန်၏ အပေါ်ထိပ်ပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၂၃.၆ မီတာ (၈၉၃၆ ပေ) အမြင့်တွင် တည်ရှိ၍ []ရေတံခွန်၏ အောက်ခြေပိုင်းသည် ၁၈၂၈.၁ မီတာ (၅၉၉၈ ပေ) အမြင့်တွင် တည်ရှိသည်။ IGN အဖွဲ့က လေဆာကိရိယာ၏ အကူအညီကို ရယူအသုံးပြုကာ အမြင့်ကို တိုင်းတာခဲ့ခြင်း ဖြစ်သည်။ [][]ရေတံခွန်ရှိရာနေရာသည် Eastern Peruvian Andes ၏ အစိတ်အပိုင်းထဲတွင် ပါဝင်သည်။ Eastern Peruvian Andes ကို Cordillera Oriental အဖြစ် သိကြသည်။ တိတိကျကျပြောရမည်ဆိုပါက ရေတံခွန်သည် Cerro Panhuayco ဟု ခေါ်သည့် တောင်ထု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။[]

ယမ်ဘီလာသည် အဆင့်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ရေတံခွန်အမျိုးအစား ဖြစ်သည်။ ၎င်းတွင် ရေဆင်းကျရာလမ်းကြောင်းသည် အပိုင်း လေးဆင့် (သို့) ငါးဆင့် ပါဝင်သည်။[][][][]

ရာသီဥတု

[ပြင်ဆင်ရန်]

ထိုဒေသ၌ အပူချိန်သည် မိုးရာသီကာလ ဒီဇင်ဘာလမှ ဧပြီလအထိ ၂၂ ဒီဂရီစင်တီဂရိတ် ရှိသည်။[]

ဂေဟဗေဒ

[ပြင်ဆင်ရန်]
Montane forest around Cuispes.

သက်ရှိ

[ပြင်ဆင်ရန်]

ခရီးသွား

[ပြင်ဆင်ရန်]
Bottom section of the waterfalls.

အမဇိုးနားပြည်နယ်၏ မြို့တော်ဖြစ်သည့် Chachapoyas မှ Cuispes မြို့သို့ ရောက်ရှိရန် ၇၅ - ၈၅ မိနစ်အကြား (၆၃ ကီလိုမီတာ) ကြာမြင့်သည်။ (Pedro Ruiz မြို့မှ Cuispes မြို့အကြားရှိ လမ်းဖြစ်ပြီး လမ်းကြမ်းသည်။) Pedro Ruiz မြို့သို့ အများပြည်သူဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအနေဖြင့် ဘတ်စကားများနှင့် ပူးပေါင်းစုစည်းထားသည့် တက္ကစီများ ရှိသည်။ Pedro Ruiz မှ Cuispes အထိ ၁၀ ကီလိုမီတာ (၃၀ မိနစ်ကြာ) ရှိပြီး အဓိကပို့ဆောင်ဆက်သွယ်ရေးမှာ mototaxis များ ဖြစ်ကြသည်။[]

Cuispes မှ ယမ်ဘီလာရေတံခွန်သို့ ရောက်ရန် ခရီး ၆ ကီလိုမီတာရှိပြီး ခြေလျင် သို့မဟုတ် လားစီး၍ သွားမည်ဆိုပါက ၁ - ၁.၅ နာရီ ကြာမြင့်သည်။ သွားရောက်ပါက ဒေသခံလမ်းညွှန် ခေါ်သွားရန် သင့်သည်။[]

ရေတံခွန်၌ အဓိကလုပ်ဆောင်နိုင်သည်များမှာ ခြေလျင်ခရီးထွက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များ ကြည့်ရှုခြင်းတို့ ဖြစ်သည်။[]

အနီးအနားတွင်လည်း အခြားရေတံခွန်များ ရှိကြသည်။ ထိုအထဲမှ Pabellón (အမြင့် ၄၀၀ မီတာ), Chinata (အမြင့် ၅၈၀ မီတာ) တို့သည် မှတ်သားထားသင့်သည်များဖြစ်ပြီး ထိုရေတံခွန်နှစ်ခုတို့သည် လမ်းတစ်ဖြောင့်တည်းတွင်ပင် ၄ ကီလိုမီတာကွာခြားကာ တည်ရှိကြသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 Yumbilla Falls Wondermondo။ 28 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 December 2020 တွင် ပြန်စစ်ပြီး။
  2. 1 2 3 Yumbilla, Catarata | World Waterfall Database 2015-12-17 တွင် ပြန်စစ်ပြီး။
  3. Carta Nacional 1:100000။ Jumbilla (12-h)။ Instituto Geográfico Nacional (IGN)။
  4. 1 2 3 4 5 6 Catarata Yumbilla (in Spanish)။ MINCETUR။ 18 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 December 2015 တွင် ပြန်စစ်ပြီး။