မာတိကာသို့ ခုန်သွားရန်

ယမနရှိခရိုင်

ဝီကီပီးဒီးယား မှ
ယမနရှိခရိုင်
山梨県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese山梨県
  RōmajiYamanashi-ken
Lake Kawaguchi, one of the Fuji Five Lakes in Yamanashi Prefecture, at the foot of Mount Fuji
Lake Kawaguchi, one of the Fuji Five Lakes in Yamanashi Prefecture, at the foot of Mount Fuji
ယမနရှိခရိုင်၏ အလံတော်
အလံတော်
ယမနရှိခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Yamanashi-ken no uta
Location of ယမနရှိခရိုင်
Country ဂျပန်
RegionChūbu (Kōshin'etsu) (Tōkai)
IslandHonshu
CapitalKōfu
SubdivisionsDistricts: 5, Municipalities: 27
အစိုးရ
  GovernorKotaro Nagasaki (from February 2019)
ဧရိယာ
  စုစုပေါင်း၄,၄၆၅.၂၇ စတုရန်းကီလိုမီတာ (၁၇၂၄.၀၅ စတုရန်းမိုင်)
ဧရိယာအဆင့်32nd
အမြင့်ဆုံး နေရာ (Mount Fuji)၃၇၇၈ မီတာ (၁၂၃၉၅ ပေ)
လူဦးရေ (February 1, 2025)
  စုစုပေါင်း၇၈၇,၅၉၂
  အဆင့်41st
  သိပ်သည်းမှု၁၇၆/km (၄၆၀/sq mi)
  DialectsGun'nai・Koshu・Narada
GDP[]
  TotalJP¥ 3,715 billion
US$ 27.4 billion (2022)
ISO 3166 ကုဒ်JP-19
ဝဘ်ဆိုက်pref.yamanashi.jp

ယမနရှိခရိုင် (山梨県, Yamanashi-ken[]) သည် ဂျပန်နိုင်ငံချူးဘုဒေသတွင်ရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူဦးရေ ၇၈၇,၅၉၂ ဦး ရှိသည်။ ဧရိယာ ၄၄၆၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။[] ယမနရှိခရိုင်သည် အရှေ့မြောက်ဘက်တွင် ဆိုင်းတမခရိုင်၊ အနောက်မြောက်ဘက်တွင် နဂနိုခရိုင်၊ အနောက်တောင်ဘက်တွင် ရှိဇုအိုခခရိုင်၊ အရှေ့တောင်ဘက်တွင် ခနဂဝခရိုင်၊ အရှေ့ဘက်တွင် တိုကျိုမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ခိုးဖုမြို့သည် ခရိုင်မြို့တော်နှင့် ခရိုင်၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။ အခြားအဓိကမြို့များမှာ ခိုင်းမြို့၊ မိနမိအရုပုဆုမြို့နှင့် ဖုအဲဖုခိမြို့တို့ ဖြစ်သည်။[] ယမနရှိခရိုင်သည် ဂျပန်နိုင်ငံရှိ ကုန်းတွင်းပိတ်ခရိုင်ရှစ်ခုအနက်မှ တစ်ခု ဖြစ်သည်။ ခရိုင်၏ ပင်မလူဦးရေသည် ခိုးဖုမြစ်ဝှမ်းအလယ်ပိုင်းတွင် နေထိုင်ကြသည်။ ထိုဒေသသည် အခအိရှိတောင်တန်းများဖြင့် ဝန်းရံလျက်ရှိသည်။ ခရိုင်မြေဧရိယာ၏ ၂၇ ရာခိုင်နှုန်းကို သဘာဝဥယျာဉ်နယ်မြေများအဖြစ် သတ်မှတ်ထားသည်။ ယမနရှိခရိုင်သည် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတောင်တန်းများရှိရာဒေသလည်း ဖြစ်သည်။ ထိုအထဲတွင်ပါဝင်သည့် ဖူဂျီတောင်သည် ဂျပန်နိုင်ငံတွင် အမြင့်ဆုံးဖြစ်ကာ နိုင်ငံ၏ ပြယုဂ်သင်္ကေတလည်း ဖြစ်သည်။ ဖူဂျီတောင်သည် ယမနရှိခရိုင်နှင့် ရှိဇုအိုခခရိုင်တို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည်။

ယမနရှိခရိုင်၊ မိဆခတောင်တက်လမ်းမှ မြင်ရသည့် ဖူဂျီတောင်

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ယမနရှိခရိုင်၏ ဝန်းကျင်ပတ်လည်တွင် တိုကျိုမြို့ခနဂဝခရိုင်ဆိုင်းတမခရိုင်ရှိဇုအိုခခရိုင်နှင့် နဂနိုခရိုင်တို့ ဝန်းရံလျက်ရှိသည်။ ခရိုင်သည် ကုန်းတွင်းပိတ်ဒေသဖြစ်ပြီး မြင့်မားသည့် တောင်တန်းများသည် ခိုးဖုမြစ်ဝှမ်းကို ဝန်းရံထားသည်။ ဖူဂျီတောင်နှင့် ဖူဂျီရေကန်ငါးကန်သည် ခရိုင်၏ တောင်ဘက်ပိုင်းနှင့် ရှိဇုအိုခရိုင်တို့တွင် တည်ရှိသည်။ ဖူဂျီတောင်တည်ရှိသဖြင့် မိုးရွာသွန်းမှု ရလဒ်ကို ခရိုင်အတွင်း ရရှိကာ နှစ်ပတ်လည် မိုးရေချိန်သည် ၈၁၈ မီလီမီတာခန့် ရရှိသည်။

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခရိုင်၏ ကုန်းမြေဧရိယာ ၂၇ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်နယ်မြေများ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ၎င်းတို့ထဲတွင် ချိချိဘုတမခိုင်း၊ ဖုဂျိ - ဟခိုနဲ - အိဇုနှင့် မိနမိတောင်တန်းများသဘာဝဥယျာဉ်၊ ယဆွတ်ဂတခဲ - ချူးရှင်းခိုးဂန်းသဘာဝဥယျာဉ်၊ မိနမိတေ

ယမနရှိခရိုင်၏ မြေဧရိယာ ၇၈ ရာခိုင်နှုန်းသည် သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ ထို့ကြောင့် ခရိုင်သည် ဂျပန်နိုင်ငံတွင် သစ်ပင်ထူထပ်မှုအများဆုံး ခရိုင်ဖြစ်သည်။ သီးနှံစိုက်ပျိုးရေးအတွက် မြေယာရှင်းလင်းမှုများကို ခိုးဖုမြစ်ဝှမ်း၏ အနိမ့်ပိုင်းဒေသများတွင် အဓိကကန့်သတ်ထားသည်။

မြို့များ

[ပြင်ဆင်ရန်]

ယမနရှိခရိုင်တွင် မြို့ ၁၃ ခု တည်ရှိသည်။ ၎င်းတို့မှာ

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Chūō 中央市 31.69 30,835
Fuefuki 笛吹市 201.92 69,463
Fujiyoshida 富士吉田市 121.74 48,782
Hokuto 北杜市 602.48 46,888
Kai 甲斐市 71.95 75,706
Kōfu (capital) 甲府市 212.47 187,985
Kōshū 甲州市 264.11 31,526
Minami-Alps 南アルプス市 264.14 71,618
Nirasaki 韮崎市 143.69 29,483
Ōtsuki 大月市 280.25 23,976
Tsuru 都留市 161.63 30,311
Uenohara 上野原市 170.57 23,158
Yamanashi 山梨市 289.8 34,738

မြို့ငယ်နှင့် ရွာများ

[ပြင်ဆင်ရန်]

ခရိုင်အတွင်းရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများလည်း တည်ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ ဒေသ အမျိုးအစား မြေပုံ
ရိုမဂျိ ခန်းဂျိ
Dōshi 道志村 79.57 1,676 Minamitsuru District Village
Fujikawa 富士川町 111.98 15,125 Minamikoma District Town
Fujikawaguchiko 富士河口湖町 158.4 26,540 Minamitsuru District Town
Hayakawa 早川町 369.86 994 Minamikoma District Town
Ichikawamisato 市川三郷町 75.18 15,799 Nishiyatsushiro District Town
Kosuge 小菅村 52.78 701 Kitatsuru District Village
Minobu 身延町 302 11,674 Minamikoma District Town
Nanbu 南部町 200.63 7,222 Minamikoma District Town
Narusawa 鳴沢村 89.58 3,152 Minamitsuru District Village
Nishikatsura 西桂町 15.22 4,298 Minamitsuru District Town
Oshino 忍野村 25.05 9,710 Minamitsuru District Village
Shōwa 昭和町 9.08 20,338 Nakakoma District Town
Tabayama 丹波山村 101.3 529 Kitatsuru District Village
Yamanakako 山中湖村 52.81 5,826 Minamitsuru District Village

ဒေသပေါင်းစပ်မှု

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

ခိုးဖုမြို့နှင့် ပတ်ဝန်းကျင်တွင် ကြီးမားသည့် စက်မှုလုပ်ငန်းများ တည်ရှိသည်။ ၎င်းတို့ထဲတွင် လက်ဝတ်ရတနာ၊ စက်ရုပ်လုပ်ငန်းတို့လည်း ပါဝင်သည်။ စက်မှုလုပ်ငန်းသုံးအလိုအလျောက်စနစ်များကို ထုတ်လုပ်သည့် FANUC သည်လည်း ခရိုင်တောင်ဘက်ရှိ အိုရှိနိုမြို့တွင် ရုံးစိုက်သည်။[]

ခရိုင်တွင် များစွာသော သစ်သီးခြံများနှင့် စပျစ်ခြံများ တည်ရှိသည်။ ယမနရှိခရိုင်သည် ဂျပန်၏ အဓိကသစ်သီးထွက်ရှိရာဒေသတစ်ခု ဖြစ်သည်။ ပြည်တွင်းထုတ် ထိပ်တန်း စပျစ်သီး၊ မက်မွန်သီးနှင့် တရုတ်ဆီးသီးတို့သည် ယမနရှိခရိုင်မှ ထွက်သည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ သတ္ထုဓာတ်ပါင်သည့် ရေသန့်ဘူး ၄၀ ရာခိုင်နှုန်းခန့်သည် ယမနရှိခရိုင်မှ ထွက်ရှိသည်။ အကြောင်းရင်းမှာ ခရိုင်တွင် တောင်ပိုင်းတောင်တန်းများ၊ ဖူဂျီတောင်နှင့် မိဆွတိုးဂဲဧရိယာ စသည်တို့ ရှိသည့်အတွက် ဖြစ်သည်။

လူဦးရေ

[ပြင်ဆင်ရန်]
ယမနရှိခရိုင်၏ လူဦးရေပိရမစ်၊ ၂၀၂၀ ခုနှစ်
သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±% p.a.
1920၅၈၃၄၅၃    
1925၆၀၀၆၇၅+0.58%
1930၆၃၁၀၄၂+0.99%
1935၆၄၆၇၂၇+0.49%
1940၆၆၃၀၂၆+0.50%
1945၈၃၉၀၅၇+4.82%
1950၈၁၁၃၆၉−0.67%
1955၈၀၇၀၄၄−0.11%
1960၇၈၂၀၆၂−0.63%
1965၇၆၃၁၉၄−0.49%
1970၇၆၂၀၂၉−0.03%
1975၇၈၃၀၅၀+0.55%
1980၈၀၄၂၅၆+0.54%
1985၈၃၂၈၃၂+0.70%
1990၈၅၂၉၆၆+0.48%
1995၈၈၁၉၉၆+0.67%
2000၈၈၈၁၇၂+0.14%
2005၈၈၄၅၁၅−0.08%
2010၈၆၃၀၇၅−0.49%
2015၈၃၄၉၃၀−0.66%
2020၈၀၉၉၇၄−0.61%
Source: Censuses[]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအချက်အလက်အရ ၁၉၅၀ ခုနှစ်မှ ၁၉၇၀ အထိနှင့် ၂၁ ရာစုကာလတို့တွင် လူဦးရေသည် ကျဆင်းလျက်ရှိသည်။ ခရိုင်၏ လူဦးရေသည် အကြမ်းဖျင်း ၈၉၀,၀၀၀ ဦးဖြင့် တစ်သန်းနီးပါးဖြစ်ခဲ့ဖူးသည်။

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]
ယမနရှိခရိုင်၊ ချိချိဘု - တမ - ခိုင်းအမျိုးသားဥယျာဉ်၊ ဖုအဲဖုခိမြစ်ရှိ နိရှိဇဝရေတံခွန်
ဖူဂျီတောင်၊ ဖူဂျီကန်ငါးကန်ဒေသ၊ ယမနရှိခရိုင်

ခရိုင်တွင် သဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများသည် ပြည်တွင်းပြည်ပခရီးသွားများအကြား ထင်ရှားသည့် ခရီးသွားနေရာများ ဖြစ်သည်။ ထို့အပြင် ကျိုတိုမြို့ပြဒေသနှင့် ဒေသချင်းဖြန့်ဝေတည်ရှိနေပြီး ရထားလမ်း၊ ကားလမ်းတို့ဖြင့် လွယ်ကူစွာသွားလာနိုင်သဖြင့်လည်း ခရီးသွားရန်အတွက် ထင်ရှားသည်။ ဖူဂျီတောင်၊ ဖူဂျီကန်ငါးကန်ဒေသ၊ ခိယောဆတိုကုန်းမြင့်အပန်းဖြေနေရာ၊ ခိုးဖုမြို့၊ ဆန်းဂရေတံခွန်၊ ခိုရှုစပျစ်စိုက်ခင်းများ၊ ခိုရှုမြို့ရှိ အဲရင်းဂျိကျောင်းတော်၊ မိနိုဘုမြို့ရှိ ခုအွန်းဂျိကောင်းတော်တို့သည် ထင်ရှားသည်။

ဖုဂျိယောရှိဒမြို့တွင်ရှိသည့် ဖုဂျိ - Q ကုန်းမြင့်အပန်းဖြေပန်းခြံသည် နေ့ချင်းပြန်ခရီးသွားလာနိုင်သည့် ထင်ရှားသည့်နေရာဖြစ်သည်။ ၎င်းတွင် အဲဂျနိုင်းခ (Eejanaika) နှင့် တခဘိရှ (Takabisha) စသည့် ရိုလာကိုစတာများ ရှိသည်။ တခဘိရှသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရိုလာကိုစတာလည်း ဖြစ်သည်။

ခရိုင်၏ သဘာဝသွင်ပြင်အနေအထားကြောင့် တောင်တက်ခြင်းသည် အထူးထင်ရှားသည်။ တောင်တက်သူများသည် တစ်နှစ်ပတ်လုံး တောင်တက်ကြသည်။ ဖူဂျီတောင်သည် အမြင့် ၃၇၇၆ မီတာ (၁၂,၃၈၈ ပေ) ရှိပြီး ဂျပန်တွင် အမြင့်ဆုံး ဖြစ်သည်။ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည့် ခိတတောင်သည်လည်း ယမနရှိခရိုင်တွင်ရှိကာ အမြင့် ၃၁၉၃ မီတာ (၁၀,၄၇၆ ပေ) ရှိသည်။ ဖူဂျီတောင်၏ နွေရာသီတောင်တက်ကာလသည် ဇူလိုင်လနှင့် ဩဂုတ်လဖြစ်သည်။ ထောင်ပေါင်းများစွာသော တောင်တက်သမားများသည် ညနေစောင်းတွင် ငါးခုမြောက်စခန်းမှ စတင်ကာ တောင်စတက်ကြပြီး ညလုံးပေါက် တက်ကြသည်။ ထို့နောက် မနက်ခင်းတွင် တောင်ထိပ်တွင် မြင်တွေ့ရသည့် နေထွက်ချိန်ကို ကြည့်ရှုခံစားကြသည်။

မြင့်မားမှု မရှိသော်လည်း မိနိုဘုတောင်သည် ဗုဒ္ဓဘာသာလာနေရာများဖြင့် ထင်ရှားသည်။ တောင်ထိပ်မှနေ၍ လှပသည့် မြင်ကွင်းကို ကြည့်ရှုခံစားနိုင်သည်။ ဖုဂျိ - ဟခိုနဲ - အိဇု အမျိုးသားဥယျာဉ်၊ ချိချိဘု - တမ - ခိုင်းအမျိုးသားဥယျာဉ်၊ မိနမိတောင်တန်းများအမျိုးသားဥယျာဉ်တို့သည် ယမနရှိခရိုင်အတွင်း တည်ရှိကြသည်။

ခရိုင်၏ မီးတောင်လှုပ်ရှားမှုရှိရာ ဧရိယာသည် ရေပူစမ်းများ (အွန်းဆန်း) များပြားစွာ ရှိသည်။ ထိုအွန်းဆန်းများထဲမှ ရှိမိုဘဲအွန်းဆန်း၊ အိဆဝအွန်းဆန်းနှင့် ယမနမိအွန်းဆန်းတို့သည် ထင်ရှားသည်။

ဟိရှိမရု (菱丸) သည် ခရိုင်၏ လာဘ်ကောင် ဖြစ်သည်။ ဟိရှိမရုသည် ခိုင်းခန်းခွေးအမျိုးအစား ဖြစ်သည်။[]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]
JR Chuo Main Line Super Azusa passing Yatsugatake, near Hokuto, Yamanashi
Chuo Expressway, near Kai, Yamanashi

ရထားလမ်းများ

[ပြင်ဆင်ရန်]

ကားလမ်း

[ပြင်ဆင်ရန်]

အဝေးပြေးလမ်း

[ပြင်ဆင်ရန်]

နိုင်ငံအဆင့် အဝေးပြေးလမ်းများ

[ပြင်ဆင်ရန်]
  • Route 20
  • Route 52
  • Route 137
  • Route 138
  • Route 139
  • Route 140
  • Route 141
  • Route 411
  • Route 413
  • Route 469

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. Nussbaum, Louis-Frédéric. (2005). "Yamanashi-ken" in Japan Encyclopedia, p. 1044, p. 1044, at Google Books; "Chūbu" in p. 126, p. 126, at Google Books
  4. 甲府市; Introduction of Kofu City 2012-03-27 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .; retrieved 2011-07-13
  5. FANUC History FANUC Europe Corporation။ March 16, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 19, 2014 တွင် ပြန်စစ်ပြီး။
  6. Statistics Bureau Home Page
  7. Yamanashi Prefecture (in en) (2023-04-13)။ 2023-05-16 တွင် ပြန်စစ်ပြီး။