မာတိကာသို့ ခုန်သွားရန်

ယမဂုချိခရိုင်

ဝီကီပီးဒီးယား မှ
ယမဂုချိခရိုင်
山口県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese山口県
  RōmajiYamaguchi-ken
View of Iwakuni City, Yamaguchi Prefecture from Iwakuni Castle. The famous Kintai Bridge can be seen over the Nishiki River.
View of Iwakuni City, Yamaguchi Prefecture from Iwakuni Castle. The famous Kintai Bridge can be seen over the Nishiki River.
ယမဂုချိခရိုင်၏ အလံတော်
အလံတော်
ယမဂုချိခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Yamaguchi kenmin no uta
Location of ယမဂုချိခရိုင်
CountryJapan
RegionChūgoku (Sanyo)
IslandHonshu
CapitalYamaguchi
Largest cityShimonoseki
SubdivisionsDistricts: 4, Municipalities: 19
အစိုးရ
  GovernorTsugumasa Muraoka
ဧရိယာ
  စုစုပေါင်း၆,၁၁၂.၃၀ စတုရန်းကီလိုမီတာ (၂၃၅၉.၉၇ စတုရန်းမိုင်)
ဧရိယာအဆင့်23rd
လူဦးရေ (February 1, 2018)
  စုစုပေါင်း၁,၃၇၇,၆၃၁
  အဆင့်25th
  သိပ်သည်းမှု၂၂၅.၄၃/km (၅၈၃.၉/sq mi)
GDP[]
  TotalJP¥6,306 billion
US$46.6 billion (2022)
ISO 3166 ကုဒ်JP-35
ဝဘ်ဆိုက်pref.yamaguchi.lg.jp/foreign/english/index.html

ယမဂုချိခရိုင် (山口県) သည် ဂျပန်နိုင်ငံဟွန်းရှူးကျွန်းချူးဂိုခုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခရိုင်လူဦးရေသည် ၁,၃၇၇,၆၃၁ ဦး ရှိသည်။ ဧရိယာ ၆,၁၁၂ စတုရန်းကီလိုမီတာ (၂၃၅၉ စတုရန်းမိုင်) ရှိသည်။ ယမဂုချိခရိုင်သည် မြောက်ဘက်တွင် ရှိမနဲခရိုင်၊ အရှေ့မြောက်ဘက်တွင် ဟီရိုရှီးမားခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ယမဂုချိမြို့သည် ခရိုင်မြို့တော် ဖြစ်သည်။ ရှိမိုနိုဆဲခိမြို့သည် ခရိုင်၏ အကြီးဆုံးမြို့ ဖြစ်သည်။ အခြားသောအဓိကကျသည့် မြို့များမှာ အုဘဲမြို့၊ ရှူးနန်းမြို့နှင့် အိဝခုနိမြို့တို့ ဖြစ်သည်။ ယမဂုချိခရိုင်သည် ဟွန်းရှူးကျွန်း၏ အနောက်ဘက်ထိပ်ပိုင်းတွင် တည်ရှိသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အချက်အလက်အရ ခရိုင်၏ ကုန်းမြေဧရိယာ ၇ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ဆဲတိုနိုင်းခိုင်းအမျိုးသားဥယျာဉ်၊ အခိယောရှိဒိုင်း၊ ခိတ - နဂတိုခိုင်းဂန်း၊ နိရှိ - ချူးဂိုခုဆန်းချိအမျိုးသားဥယျာဉ်၊ ချောမွန်းခယော၊ အိဝခိယမ၊ ရခန်းဇန်းနှင့် တိုယောတစီရင်စုသဘာဝဥယျာဉ်တို့ ဖြစ်သည်။[]

မြို့ပြဒေသများ

[ပြင်ဆင်ရန်]
Shimonoseki and Kanmon Strait
Iwakuni
Shunan
Hagi
Hofu
ယမဂုချိခရိုင် သည် Yamaguchi Prefecture တွင် တည်ရှိသည်
Hagi萩市
Hagi
萩市
Hikari光市
Hikari
光市
Hōfu防府市
Hōfu
防府市
Iwakuni岩国市
Iwakuni
岩国市
Kudamatsu下松市
Kudamatsu
下松市
Mine美祢市
Mine
美祢市
Nagato長門市
Nagato
長門市
San'yō-Onoda山陽小野田市
San'yō-Onoda
山陽小野田市
Shimonoseki下関市
Shimonoseki
下関市
Shūnan周南市
Shūnan
周南市
Ube宇部市
Ube
宇部市
Yamaguchi (capital)山口市
Yamaguchi (capital)
山口市
Yanai柳井市
Yanai
柳井市
Abu阿武町
Abu
阿武町
Hirao平生町
Hirao
平生町
Kaminoseki上関町
Kaminoseki
上関町
Suō-Ōshima周防大島町
Suō-Ōshima
周防大島町
Tabuse田布施町
Tabuse
田布施町
Waki和木町
Waki
和木町
Municipalities in Yamaguchi Prefecture      City      Town

မြို့များ

[ပြင်ဆင်ရန်]

ယမဂုချိခရိုင်တွင် မြို့ပေါင်း ၁၃ ခု ရှိသည်။ ၎င်းတို့မှာ -

Name Area (km2) Population Map
Rōmaji Kanji
Hagi 萩市 698.31 43,233
Hikari 光市 92.13 49,100
Hōfu 防府市 189.37 114,846
Iwakuni 岩国市 873.72 127,512
Kudamatsu 下松市 89.35 56,892
Mine 美祢市 472.64 21,919
Nagato 長門市 357.31 31,518
San'yō-Onoda 山陽小野田市 133.09 59,867
Shimonoseki 下関市 716.18 248,193
Shūnan 周南市 656.29 137,019
Ube 宇部市 286.65 159,256
Yamaguchi (capital) 山口市 1,023.23 191,470
Yanai 柳井市 140.05 29,821

မြို့ငယ်များ

[ပြင်ဆင်ရန်]

ဒေသတစ်ခုချင်းစီတွင် အောက်ပါမြို့ငယ်များ တည်ရှိနေသည်။

Name Area (km2) Population District Map
Rōmaji Kanji
Abu 阿武町 115.95 3,054 Abu District
Hirao 平生町 34.59 11,064 Kumage District
Kaminoseki 上関町 34.69 2,340 Kumage District
Suō-Ōshima 周防大島町 138.17 13,774 Ōshima District
Tabuse 田布施町 50.42 14,411 Kumage District
Waki 和木町 10.58 5,927 Kuga District

ဒေသပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
Yamaguchi prefecture population pyramid in 2020

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ၁၉၅၅ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိနှင့် ၁၉၈၅ ခုနှစ်မှ လက်ရှိကာလအထိ ယမဂုချိခရိုင်၏ လူဦးရေသည် ကျဆင်းလျက်ရှိသည်။ [][]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1920 ၁၀၄၁၀၀၀    
1930 ၁၁၃၆၀၀၀+9.1%
1940 ၁၂၉၄၀၀၀+13.9%
1950 ၁၅၄၁၀၀၀+19.1%
1960 ၁၆၀၂၀၀၀+4.0%
1970 ၁၅၁၁၀၀၀−5.7%
1980 ၁၅၈၇၀၀၀+5.0%
1990 ၁၅၇၃၀၀၀−0.9%
2000 ၁၅၂၇၉၆၄−2.9%
2010 ၁၄၅၁၃၃၈−5.0%
2020 ၁၃၆၈၄၉၅−5.7%
2023 ၁၃၀၁၄၇၉−4.9%
as of June 2023

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

အထင်ရှားဆုံးခရီးသွားနေရာမှာ ရှိမိုနိုဆဲခိမြို့ ဖြစ်သည်။ ရှိမိုနိုဆဲခိမြို့တွင် ခရတိုငါးဈေးနှင့် နွေရာသီတွင် ကျင်းပသည့် မီးပန်းပွဲတော်တို့ ရှိသည်။

အခြားသောခရီးသွားနေရာမှာ အိဝခုနိမြို့တွင်ရှိသည့် ခင်းတိုင်းတံတား ဖြစ်သည်။ တံတားသည် သစ်သားဖြင့်တည်ဆောက်ထားသည့် ပေါင်းကူးငါးခုပါရှိသည့် တံတားဖြစ်သည်။ ဤတံတားသည် ဟွန်းရှူးကျွန်းအနောက်ပိုင်း၏ သင်္ကေတအဖြစ်လည်း သတ်မှတ်ခြင်း ခံရသည်။ တံတားအနီးရှိ နိရှိခိမြစ်ကမ်းတစ်လျှောက်နေရာသည် ဂျပန်နိုင်ငံ၏ ဟနမိ (ပန်းကြည့်ခြင်း) အတွက် အကောင်းဆုံးနေရာများထဲမှ တစ်ခု ဖြစ်သည်။ ဧပြီလအစောပိုင်း ချယ်ရီပန်းများပွင့်သည့်အခါတွင် မိသားစုများ၊ သူငယ်ချင်းများ အစုလိုက်ပန်းကြည့်ရန် ဤနေရာသို့ လာရောက်ကြသည်။[]

ဟဂိမြို့သည် ယမဂုချိခရိုင်၏ မြောက်ဘက်တွင် ရှိသည်။ ဤမြို့သည် အလွန်ရှေးအစဉ်အလာရှိသည့် မြို့ဖြစ်သည်။ ပုံမှန်အားဖြင့် ဂျပန်နိုင်ငံ၏ စာတိုက်ပုံများသည် အနီရောက်ဖြစ်သော်လည်း ယဂိမြို့၏ စာတိုက်ပုံများသည် အစိမ်း သို့မဟုတ် အညိုရောင် ဖြစ်သည်။

ခဝရဆိုဘသည် ယမဂုချိခရိုင်၏ ထင်ရှားသည့် စားစရာတစ်မျိုး ဖြစ်သည်။ ၎င်းကို ဆဲနန်းစစ်ပွဲအတွင်းတါင် စစ်သားများသည် မြက်ရိုင်များနှင့် အသားများကို ချက်ပြုတ်စားသောက်ရာမှ ဖြစ်ပေါ်လာခဲ့သည်။

အခိယောရှိဒိုင်းအမျိုးသားဥယျာဉ်တွင် ဂျပန်နိုင်ငံ၏ အရှည်ဆုံးဂူ တည်ရှိသည်။ အခိယောရှိဒို (秋芳洞) သည်လည်း ထင်ရှားသည့် နေရာတစ်ခု ဖြစ်သည်။

ထင်ရှားသည့် ပွဲတော်များ

[ပြင်ဆင်ရန်]
  • ခင်းတိုင်းခယောပွဲတော် (ဧပြီလ ၂၉ ရက်၊ အိဝခိမြို့)
  • နိရှိခိမြစ်ရေပွဲတော် (ဩဂုတ်လ၊ အိဝခိမြို့)
  • အိဝခုနိပွဲတော် (ဩဂုတ်လ)
  • ယောခိုမိချိပွဲတော်၊ ခင်းတိုင်းတံတား (နိုဝင်ဘာလ ၁၉ ရက်)
  • ယနိုင်းရွှေငါးမီးအိမ်ပွဲတော် (ဩဂုတ်လ)
  • ယမဂုချိဂိအွန်းပွဲတော် (ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်အထိ)
  • ယမဂုချိတနဘတမီးအိမ်ပွဲတော် (ဩဂုတ်လ ၆ ရက်မှ ၇ ရက်)
  • ဟဂိခေတ်ပွဲတော် (ဧပြီလ)
  • ဟဂိပွဲတော် (ဩဂုတ်လ ၂ ရက်မှ ၃ ရက်အထိ)
  • ရှိမိုနိုဆဲခိတူးမြောင်းပွဲတော် (မေလ ၂ ရက်မှ ၄ ရက်အထိ)
  • ရှိမိုနိုဆဲခိမီးပန်းပွဲတော် (ဩဂုတ်လ)[ကိုးကားချက်လိုသည်]

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. General overview of area figures for Natural Parks by prefecture Ministry of the Environment 1 September 2012 တွင် ပြန်စစ်ပြီး။
  3. Yamaguchi 1995-2020 population statistics
  4. Japan Prefectures Population from 1920 and Area 2026-02-24 တွင် ပြန်စစ်ပြီး။
  5. HAGI Sightseeing Guide 2016-05-31 တွင် ပြန်စစ်ပြီး။