ယမဂတခရိုင်
| ယမဂတခရိုင် 山形県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 山形県 | ||
| • Rōmaji | Yamagata-ken | ||
| |||
| အထိမ်းအမှတ်သီချင်း: Mogami gawa | |||
| Country | Japan | ||
| Region | Tōhoku | ||
| Island | Honshu | ||
| Capital | Yamagata | ||
| Subdivisions | Districts: 8, Municipalities: 35 | ||
| အစိုးရ | |||
| • Governor | Mieko Yoshimura | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၉၃၂၅.၁၅ စတုရန်းကီလိုမီတာ (၃၆၀၀.၄၆ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 9th | ||
| လူဦးရေ (April 1, 2026) | |||
| • စုစုပေါင်း | ၉၉၄၅၃၇ | ||
| • အဆင့် | 35th | ||
| • သိပ်သည်းမှု | ၁၁၀/km၂ (၂၈၀/sq mi) | ||
| • Dialects | Nairiku・Shōnai | ||
| GDP[၁] | |||
| • Total | JP¥ 4,340 billion US$ 32.1 billion (2022) | ||
| ISO 3166 ကုဒ် | JP-06 | ||
| ဝဘ်ဆိုက် | pref.yamagata.jp | ||
ယမဂတခရိုင် (山形県, Yamagata-ken[၂]) သည် ဂျပန်နိုင်ငံ၊ တိုးဟိုခုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အချက်အလက်အရ လူဦးရေ ၁,၀၀၅,၉၂၆ ဦး နေထိုင်ကြသည်။ ခရိုင်၏ ဧရိယာသည် ၉,၃၂၅ စတုရန်းကီလိုမီတာ (၃,၆၀၀ စတုရန်းမိုင်) ရှိသည်။ မြောက်ဘက်တွင် အခိတခရိုင်၊ အရှေ့ဘက်တွင် မိယဂိခရိုင်၊ တောင်ဘက်တွင် ဖုခုရှိမခရိုင်၊ အနောက်တောင်ဘက်တွင် နီးဂတခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။[၃]
ယမဂတမြို့သည် ခရိုင်မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့လည်း ဖြစ်သည်။ အခြားအဓိကကျသည့် မြို့များမှာ ဆွတ်ရုအိုခမြို့၊ ဆခတမြိုု့နှင့် ယောနဲဇဝမြို့တို့ ဖြစ်သည်။ ခရိုင်သည် ဂျပန်ကမ်းရိုးတန်း၏ ဂျပန်အနောက်ပိုင်းပင်လယ်တွင် တည်ရှိသည်။[၄] ပတ်ဝန်းကျင်ရှိ ခရိုင်များသည် တောင်တန်းများစွာ တည်ရှိနေသည့် ဒေသများ ဖြစ်သည်။ ခရိုင်၏ မြေဧရိယာ ၁၇ ရာခိုင်နှုန်းကို အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ထားသည်။ ယမဂတခရိုင်သည် အခိတခရိုင်နှင့်အတူ ရှေးခေတ်ကာလ ဒဲဝပြည်နယ်၏ တောင်ဘက်အစိတ်အပိုင်းတစ်ဝက်တွင် တည်ရှိနေသည်။ ယမဂတခရိုင်တွင် ဒဲဝတောင်သုံးလုံး ရှိသည်။ ၎င်းတောင်သုံးလုံဂတွင် ဟဂုရိုငါးထပ်ဘုရားရှိသည်။ ဤဘုရားကို ဂျပန်နိုင်ငံ၏ နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ထားသည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]
ယမဂတခရိုင်သည် တိုးဟိုခုဒေသ၏ အနောက်တောင်ထောင့်တွင် ဂျပန်ပင်လယ်ကို မျက်နှာချင်းဆိုင်ပုံစံဖြင့် တည်ရှိသည်။ တောင်ဘက်တွင် နီးဂတခရိုင်၊ အရှေ့ဘက်တွင် မိယဂိခရိုင်၊ မြောက်ဘက်တွင် အခိတခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထိုထိစပ်နေသည့် နယ်နိမိတ်များသည် တောင်များဖြင့် ကာရံထားသည်။ ထို့အတွက်ကြောင့် အလယ်ပိုင်းရှိ လွင်ပြင်သည် ခရိုင်၏ လူဦးရေအများဆုံးနေထိုင်ရာနေရာ ဖြစ်သည်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ခရိုင်၏ ဧရိယာ ၁၇ ရာခိုင်နှုန်းကို သဘာဝဥယျာဉ်များ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ၎င်းတို့မှာ ဘန်းဒိုင်း - အဆဟိအမျိုးသားဥယျာဉ်၊ ချောခိုင်း၊ ခုရိခိုမ၊ ဇအိုးအမျိုးသားဥယျာဉ်၊ ဂေါ့ရှောဇန်၊ ခဘုဆန်၊ ခန်းနန်း၊ မိုဂမိဂဝ၊ ရှောနိုင်းခိုင်းဟင်းနှင့် တန်းဒိုးခိုးဂန်းခရိုင်အမျိုးသားဥယျာဉ်များတို့ ဖြစ်သည်။[၅]
မြို့များ
[ပြင်ဆင်ရန်]ယမဂတခရိုင်တွင် မြို့ပေါင်း ၁၃ ခု ရှိသည်။ ၎င်းတို့မှာ -
| အမည် | ဧရိယာ (km2) | လူဦးရေ | လူဦးရေသိပ်သည်းဆ (per km2) | မြေပုံ | |
|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | ||||
| 東根市 | 207.17 | 47,910 | 231.26 | ||
| 上山市 | 240.93 | 29,974 | 124.41 | ||
| 村山市 | 196.98 | 23,643 | 120.03 | ||
| 長井市 | 214.67 | 26,466 | 123.29 | ||
| 南陽市 | 160.52 | 31,112 | 193.82 | ||
| 尾花沢市 | 373.32 | 15,237 | 40.81 | ||
| 寒河江市 | 139.03 | 40,131 | 288.65 | ||
| 酒田市 | 602.97 | 99,341 | 164.75 | ||
| 新庄市 | 223.08 | 34,937 | 156.61 | ||
| 天童市 | 113.01 | 61,947 | 548.16 | ||
| 鶴岡市 | 1,311.53 | 125,389 | 95.61 | ||
| 山形市 | 381.58 | 248,772 | 651.95 | ||
| 米沢市 | 548.51 | 81,707 | 148.96 | ||
မြို့ငယ်များနှင့် ရွာများ
[ပြင်ဆင်ရန်]ယမဂတခရိုင်အတွင်းရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများ တည်ရှိသည်။
| အမည် | ဧရိယာ (km2) | လူဦးရေ | လူဦးရေသိပ်သည်းဆ (per km2) | ဒေသ | အမျိုးအစား | မြေပုံ | |
|---|---|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | ||||||
| 朝日町 | 196.73 | 7,020 | 35.68 | Nishimurayama District | Town | ||
| 舟形町 | 119.03 | 5,101 | 42.85 | Mogami District | Town | ||
| 飯豊町 | 329.6 | 6,970 | 21.14 | Nishiokitama District | Town | ||
| 河北町 | 52.38 | 18,301 | 349.39 | Nishimurayama District | Town | ||
| 金山町 | 161.79 | 5,205 | 32.17 | Mogami District | Town | ||
| 川西町 | 166.46 | 14,967 | 89.91 | Higashiokitama District | Town | ||
| 真室川町 | 374.29 | 7,506 | 20.05 | Mogami District | Town | ||
| 三川町 | 33.22 | 7,562 | 227.63 | Higashitagawa District | Town | ||
| 最上町 | 330.27 | 8,442 | 25.56 | Mogami District | Town | ||
| 中山町 | 31.23 | 11,153 | 357.12 | Higashimurayama District | Town | ||
| 西川町 | 393.19 | 5,225 | 13.29 | Nishimurayama District | Town | ||
| 大江町 | 153.92 | 7,894 | 51.29 | Nishimurayama District | Town | ||
| 小国町 | 737.56 | 7,376 | 10.00 | Nishiokitama District | Town | ||
| 大石田町 | 79.54 | 6,945 | 87.31 | Kitamurayama District | Town | ||
| 大蔵村 | 211.59 | 3,044 | 14.39 | Mogami District | Village | ||
| 鮭川村 | 122.14 | 4,132 | 33.83 | Mogami District | Village | ||
| 白鷹町 | 157.74 | 13,482 | 85.47 | Nishiokitama District | Town | ||
| 庄内町 | 249.17 | 20,940 | 84.04 | Higashitagawa District | Town | ||
| 高畠町 | 180.26 | 23,367 | 129.63 | Higashiokitama District | Town | ||
| 戸沢村 | 261.31 | 4,431 | 16.96 | Mogami District | Village | ||
| 山辺町 | 61.36 | 14,147 | 230.56 | Higashimurayama District | Town | ||
| 遊佐町 | 208.39 | 13,615 | 65.33 | Akumi District | Town | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]ရာသီဥတု
[ပြင်ဆင်ရန်]ယမဂတခရိုင်သည် ရှည်လျား၊ ပူပြင်း၍ စိုထိုင်းသည့် နွေရာသီဥတုနှင့် နှင်းကျသည့် ရှည်လျားသည့်ဆောင်းရာသီဥတု ရှိသည်။ နွေဦးရာသီနှင့် ဆောင်းဦးရာသီနှစ်ခုစလုံးသည် တိုတောင်းသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ယမဂတခရိုင်သည် ဂျပန်နိုင်ငံတွင် ချယ်ရီသီးနှင့် သစ်တော်သီး အများဆုံး ထုတ်လုပ်စိုက်ပျိုးသည့် ခရိုင် ဖြစ်သည်။ စပျစ်သီး၊ ပန်းသီး၊ မက်မွန်သီး၊ ဖရဲသီး၊ သခွားမသီး စသည်တို့လည်း အရေအတွက်များစွာ ထွက်ရှိသည်။
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]
၂၀၂၀ ခုနှစ် သန်းခေါင်စာရင်းအရ ယမဂတခရိုင်၏ လူဦးရေသည် ၁,၀၆၈,၀၂၇ ဦး ရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ခရိုင်လူဦးရေ၏ ၁၀.၄ ရာခိုင်နှုန်းသည် ၁၅ နှစ်အောက်၊ ၅၄ ရာခိုင်နှုန်းသည် ၁၅ နှစ်နှင့် ၆၄ နှစ်အကြား၊ ၃၅.၆ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်ကျော်၊ ၁၆ ရာခိုင်နှုန်းသည် ၆၅ နှစ်မှ ၇၄ နှစ်၊ ၁၉.၆ ရာခိုင်နှုန်းသည် ၇၅ နှစ်နှင့်အထက် ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။[၆]
ယမဂတခရိုင်၏ လူဦးရေသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်တွင် အကြီးမားဆုံးသောပမာဏဖြင့် တိုးတက်လာခဲ့သည်။ ထို့နောက်တွင် လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။[၇]
၂၀၂၅ ခုနှစ်၊ မေလတွင် ယမဂတခရိုင်အစိုးရသည် ခန့်မှန်းလူဦးရေသည် ၁ သန်းအောက်သို့ ကျဆင်းသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဤအရေအတွက်သည် ၁၉၂၀ ခုနှစ်လူဦးရေစာရင်းများအရ ခရိုင်၏ အနိမ့်ဆုံးအဆင့် လူဦးရေနိမ့်ကျသွားခြင်းဖြစ်သည်။[၈]
| သမိုင်းတစ်လျှောက် လူဦးရေများ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Source: Statistics Bureau | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]လေဆိပ်များ
[ပြင်ဆင်ရန်]- ရှောနိုင်းလေဆိပ် (တိုကျို၊ အိုဆာကာ၊ ဆပ်ပိုရိုသို့ All Nippon Airways ဖြင့် သွားရောက်နိုင်သည်။)
- ယမဂတလေဆိပ် (တိုကျို၊ အိုဆာကာ၊ နဂိုယ၊ ဆပ်ပိုရိုသို့ Japan Airlinesဖြင့် သွားရောက်နိုင်သည်။)
ရထားလမ်း
[ပြင်ဆင်ရန်]ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]"ယမဒဲရ" ကျောင်းတော်သည် ယမဂတမြို့အနီး၊ တောင်စောင်းတွင် တည်ရှိသည်။
ဒဲဝဆန်းဇန်သည် ရှုဂန်းဒိုးနှင့် ရှင်းတိုးဘာသာများကို ကိုးကွယ်ယုံကြည်ကြသူများအတွက် မြင့်မြတ်သည့် တောင်သုံးလုံး ဖြစ်သည်။ တောင်သုံးလုံးထဲတွင် အနိမ့်ဆုံးတောင်ဖြစ်သည့် ဟဂုရိုတောင်ခြေတွင် ဂေါဂျုဒိုး (ငါးထပ်ဘုရား) ရှိသည်။
ဇအိုးတောင်သည် ဆောင်းရာသီတွင် နှင်းလျောစီးခြင်းအတွက် ထင်ရှားသည်။ ထို့အပြင် သစ်ပင်များအပေါ် နှင်းများတင်နေသည့်အခါ ခဲနေသည့် နှင်းဖုံးနေသည့် သစ်ပင်များသည်လည်း ထင်ရျားသည်။ အိုခမကန်နှင့် ဂေါ့ရှိခိနုမ (ရောင်စဉ်ငါးခုကန်) သည် ရာသီအလိုက် အရောင်ပြောင်းသဖြင့် ထင်ရှားသည်။
ဂင်ဇန်အွန်းဆန်း (銀山温泉) သည် ယမဂတခရိုင်၊ အိုဘနဇဝမြို့တွင် တည်ရှိသည့် ရေပူစမ်း ဖြစ်သည်။ ထိုဧရိယာသည် မူလက ငွေမိုင်းတွင်းများ လုပ်ဆောင်ခဲ့သည်။
- ယခင်ယမဂတခရိုင်ရုံး
- ယမဒဲရ နိအိုးမွန်
- ဟရုဂိုတောင်၊ ဂေါ့ဂုတိုဘုရား
- ဇအိုးအွန်းဆန်းနှင်းလျောစီးအပန်းဖြေစခန်း
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Yamagata Prefecture Official Website (in ဂျပန်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Nussbaum, Louis-Frédéric. (2005). "Yamagata prefecture" in Japan Encyclopedia, pp. 1038-1039, p. 1038, at Google Books; "Tōhoku" in p. 970, p. 970, at Google Books
- ↑ Nussbaum, "Yamagata" in p. 1038, p. 1038, at Google Books
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Ministry of the Environment (31 March 2020)။ 22 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Current Population Estimates as of October 1, 2024 (October 1, 2024)။
- ↑ Statistics Bureau of Japan (October 1, 2020)။
- ↑ You must specify title = and url = when using {{cite web}}. (30 May 2025)။ 2 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2025 တွင် ပြန်စစ်ပြီး။