ယင်းမြစ်
ပုံပန်းသွင်ပြင်
(ယင်းချောင်း မှ ပြန်ညွှန်းထားသည်)
ယင်းမြစ် ("ယင်းချောင်း" ဟုလည်း ခေါ်) [၁]သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းတွင် တည်ရှိသည့် မြစ်တစ်စင်း ဖြစ်သည်။ ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။
နတ်စင်တောင် (၁၂၈၉ ပေ) အနောက်တောင်ဘက် ဆင်ခြေလျှော၊ ဥသျှစ်ကုန်းတောင် (၁၁၀၄ ပေ) နှင့် စကြာတောင် (၁၂၃၂ ပေ) တို့၏ အရှေ့ဘက် ဆင်ခြေလျှော စသည်တို့မှ မြစ်ဖျားခံကာစီးဆင်းဖြစ်တည်လာသည်။[၂] ယင်းမြစ်သည် နတ်မောက်မြို့၏ တောင်ဘက်နှင့် အခြားရွာများကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြစ်သည် အနောက်ဘက်သို့ လတ္တီကျု 20.07° N လှည့်လျက်ရှိသည်။ တောင်များကို ကွေ့ကောက်ဖြတ်သန်းကာ မကွေးမြို့အောက်ပိုင်း 20°01′03″N 95°00′54″E / 20.01750°N 95.01500°Eကိုဩဒိနိတ်: 20°01′03″N 95°00′54″E / 20.01750°N 95.01500°E တွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ တမ်းပလိတ်:Cite GNS United States National Geospatial-Intelligence Agency.
- ↑ Burma 1:250,000 topographic map, Series U542, NF 46-16 Yenangyaung U.S. Army Map Service, August 1960