ယဂျုရိုတောင်
| ယဂျုရိုတောင် | |
|---|---|
| 弥十郎ヶ嶽 | |
NNW အရပ်မှ မြင်ရသည့် ယဂျုရိုတောင် | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၇၁၅.၁ m (၂,၃၄၆ ft) |
| စာရင်းသွင်းခြင်း | List of mountains and hills of Japan by height |
| ကိုဩဒိနိတ် | 35°3′N 135°18′E / 35.050°N 135.300°E |
| အမည်ပေးခြင်း | |
| ဘာသာစကား | Japanese |
| အသံထွက် | ja |
| ပထဝီဝင် | |
| တည်နေရာ | Tanbasasayama, Hyōgo, Japan |
| ပင်မတောင်တန်း | Tanba Highland |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | fault-block |
ယဂျုရိုတောင် (弥十郎ヶ嶽, Yajūrō-ga-take) သည် ဂျပန်နိုင်ငံ၊ ဟယောဂိုခရိုင်၊ ဆဆယာမမြို့တွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် တန်းဘကုန်းမြင့်ဒေသတွင် တည်ရှိသည်။ ဟယောဂိုခရိုင် တောင် ၅၀ စာရင်းတွင် ပါဝင်သည့် တောင်ဖြစ်ကာ အိနဂဝအမျိုးသားဥယျာဉ်နယ်မြေ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]ယဂျုရိုတောင်သည် တန်းဘကုန်းမြင့်ဒေသတွင် ထင်ရှားသည့် တောင်တစ်ခု ဖြစ်သည်။
ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်]ယဂျုရိုတောင်သည် အနီးအနားဝန်းကျင်တွင် နေထိုင်သူများ၏ ဝတ်ပြုဆုတောင်းရာနေရာလည်း ဖြစ်သည်။ တောင်ဘက်တောင်ခြေတွင် ဆိုင်းခိုကျောင်းတော် ရှိပြီး ၇၃၁ ခုနှစ်တွင် ဂယောခိ (Gyōki) က တည်ဆောက်ခဲ့သည်။ တောင်သည် မြောက်ဘက်တောင်ခြေသို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော် စစ်ပွဲအတွင်းတွင် မီးရှို့ခံခဲ့ရသည်။ တောင်၏ မြောက်ဘက်တောင်ခြေတွင် ဟဟခဘဲနတ်ကျောင်းရှိပြီး လက်ရှိအချိန်တွင်လည်း နတ်ကျောင်းတည်ရှိခဲ့သည့် ဧရိယာကို သိရှိနိုင်သည့် အထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေသေးသည်။
တောင်တက်လမ်းကြောင်း
[ပြင်ဆင်ရန်]တောင်ထိပ်သို့ တက်ရောက်နိုင်သည့် လမ်းကြောင်းများစွာ ရှိသည်။ အလွယ်ကူဆုံးလမ်းမှာ ရှင်းခိဘတ်စကားများပြေးဆွဲသည့် ဟိုးခဘဲမအဲဘတ်စကားမှတ်တိုင်မှတဆင့် သွားရသည့် လမ်းကြောင်း ဖြစ်သည်။ ဤလမ်းကြောင်းသည် ၂ နာရီခန့်ကြာမြင့်သည်။ အခြားလမ်းကြောင်းများမှာ ရှိမို - ခဂိနိုဘို (Shimo-Kagonobo) မှသွားရသည့် လမ်းကြောင်းနှင့် အုရှိရိုဂုချိဘတ်စကားမှတ်တိုင် (Ushiroguchi Bus Stop) မှ သွားရသည့် လမ်းကြောင်းတို့ဖြစ်သည်။
သွားလာရေး
[ပြင်ဆင်ရန်]ရုပ်ပုံ
[ပြင်ဆင်ရန်]- နှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်မြင်ကွင်း
- ယဂျုရိုတောင်ထိပ်မှ တခတောင်တန်းများကို မြင်ရပုံ
- ယဂျိုရိုတောင်ထိပ်အနီး ဆီးနှင်းခဲများတွဲကပ်နေသည့် သစ်ပင်များ
- နှင်းများဖုံးနေသည့် တောင်ထိပ်သို့ တက်ရာလမ်း
- ယဂျုရိုတောင်အလယ်တွင် ရှိသည့် ယမခဆယဂျိုရိုလိုဏ်ဂူ
- ဆိုင်းခိုဂျိကျောင်းတော်အပျက်အစီးများ
- ဟဟခဘဲနတ်ကျောင်း