ယဂိရှိရိကျွန်း
| Native name: 焼尻島, Yagishiri-tō | |
|---|---|
| ပထဝီဝင် | |
| တည်နေရာ | East Asia |
| ကိုဩဒိနိတ် | 44°26′N 141°24′E / 44.433°N 141.400°Eကိုဩဒိနိတ်: 44°26′N 141°24′E / 44.433°N 141.400°E |
| ကျွန်းစု | Japanese archipelago |
| ဧရိယာ | ၅.၃၄ km2 (၂.၀၆ sq mi) |
| အလျား | ၄ km (၂.၅ mi) |
| အကျယ် | ၂ km (၁.၂ mi) |
| အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၉၇ m (၃၁၈ ft) |
| အုပ်ချုပ်မှု | |
Japan | |
| Demographics | |
| လူဦးရေ | 273 |
| လူဦးရေ သိပ်သည်းမှု | ၅၁ /km၂ (၁၃၂ /sq mi) |
ယဂိရှိရိကျွန်း (焼尻島, Yagishiri-tō) သည် ဂျပန်နိုင်ငံရှိ ကျွန်းတစ်ခု ဖြစ်သည်။ ဟော့ကိုင်းဒိုး၊ ဟဘိုရိုမြို့ရှိ ဟဘိုရိုပင်လယ်အော်၏ အနောက်မြောက်ဘက် ၂၃ ကီလိုမီတာ (၁၄ မိုင်) အကွာ ဂျပန်ပင်လယ်ပြင်တွင် တည်ရှိသည်။ ကျွန်းသည် တောထူထပ်သည်။ ကျွန်း၏ သုံးပုံနှစ်ပုံးသည် အလုံးစုံသစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ယဂိရှိရိကျွန်းသည် ၁၇၈၆ ခုနှစ်တွင် ပစိဖိတ်ငါးသလောက်တစ်မျိုးဖြစ်သည့် Pacific Herring ဖမ်းရာနေရာ စတင်ဖြစ်လာခဲ့သည်။[၁][၂] လက်ရှိကာလတွင် ယဂိရှိရိကျွန်း၏ လူဦးရေသည် ကာလကြာရှည်စွာကပင် ကျဆင်းနေခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် လူဦးရေသည် ၂၂၈၃ ဦး ရှိခဲ့ရာမှ ၁၉၇၂ ခုနှစ်တွင် လူဦးရေသည် ၁၀၇၃ ဦးသို့ ကျဆင်းခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် လူဦးရေသည် ၂၇၃ ဦးအထိ ကျဆင်းခဲ့သည်။[၃]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]
ယဂိရှိရိကျွန်းသည် တဲရုအိကျွန်း၏ အရှေ့ဘက် ၃.၅ ကီလိုမီတာ (၂.၂ မိုင်)တွင် တည်ရှိသည်။ ယဂိရှိရိကျွန်းနှင့် တဲရုအိကျွန်းတို့ကို မုဆရှိရေလက်ကြားက ပိုင်းခြားထားသည်။ ကျွန်းသည် အရှေ့မှ အနောက်သို့ ခန့်မှန်းခြေ ၄ ကီလိုမီတာ (၂.၅ မိုင်)၊ မြောက်မှ တောင်သို့ ၂ ကီလိုမီတာ (၁.၂ မိုင်) ကျယ်ဝန်းသည်။ ဧရိယာ ၅.၃၄ စတုရန်းကီလိုမီတာ (၂.၀၆ စတုရန်းမိုင်) ရှိသည်။ ကျွန်း၏ ကမ်းခြေသည် အကြမ်းဖျင်း ၁၂ ကီလိုမီတာ (၇.၅ မိုင်) ရှည်လျားသည်။[၄]
ယဂိရှိရိကျွန်းသည် အနီးအနားရှိ တဲရုအိကျွန်းထက် ပိုမို၍ ပြန့်သည့် မြေမျက်နှာသွင်ပြင်ရှိသည်။ ကျွန်း၏ အလယ်ဗဟိုနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၉၇ မီတာ (၃၁၈ ပေ) အမြင့် ရှိသည်။[၁][၄]
ယဂိရှိရိတိုးမိပြတိုက်
[ပြင်ဆင်ရန်]ကျွန်းတွင် မီးပြတိုက် တစ်ခုသာ ရှိသည်။ ၎င်းမှာ ယဂိရှိရိတိုးမီးပြတိုက် ဖြစ်သည်။ ယဂိရှိရိဆိပ်ကမ်းငယ်၏ တောင်ဘက်နား၊ ပင်လယ်ရေမျက်နှာပြင်အထက် ၄၀ မီတာ (၁၃၀ ပေ) အမြင့်တွင် တည်ရှိသည်။ မီးပြတိုက်သည် ၁၃ မီတာ (၄၃ ပေ) ကွန်ကရစ်အဆောက်အဦ ဖြစ်ပြီး အဖြူရောင်ဆေး သုတ်လိမ်းထားသည်။ ၎င်းကို ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တည်ဆောက်ခဲ့သည်။[၅]
ယဂိရှိရိသစ်တော
[ပြင်ဆင်ရန်]
ယဂိရှိရိကျွန်းသည် ထူထပ်သည့် သစ်တောရှိသည့်အတွက် လူသိများသည်။ ဤကျွန်းသည် တစ်ကြိမ် လုံးဝတောဖုံးလွှမ်းသွားခဲ့ဖူးသည်။ သို့သော် ၁၈ ရာစုနောက်ပိုင်းတွင် Pacific Herring ငါးဖမ်းလုပ်ငန်းများ စတင်ရောင်းဝယ်မှုများ ပြုလုပ်သည့်အခါတွင် သစ်တော၏ အဓိကအပိုင်းများကို အိမ်ဆောင်လုပ်ခြင်းနှင့် အခြားသော ဆောက်လုပ်ရေးများအတွက် အသုံးပြုခဲ့ကြသည်။ ယဂိရိရှိသစ်တောကို ဂျပန်နိုင်ငံ၏ သဘာဝအထိမ်းအမှတ်နေရာအဖြစ် ကာကွယ်စောင့်ရှောက်ထားသည်။ ကျွန်းတစ်ခုလုံးကို "ရှောခန်းဘဲဆွတ် - တဲအုရိ - ယဂိရှိရိအမျိုးသားဥယျာဉ်" အစိတ်အပိုင်းတစ်ခု အနေဖြင့် သတ်မှတ်ကာ ကာကွယ်စောင့်ရှောက်ထားသည်။[၆][၁][၂][၆]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "n". - 1 2 "焼尻島" [Yagishiri Island]။ Nihon Kokugo Daijiten (ဂျပန်ဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 56431036။ 25 August 2007 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-08-03 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Town of Haboro (2012)။ Aug 4, 2012 တွင် ပြန်စစ်ပြီး။
- 1 2 "焼尻島" [Yagishiri Island]။ Dijitaru Daijisen (ဂျပန်ဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 56431036။ 25 August 2007 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-08-03 တွင် ပြန်စစ်ပြီး။
- ↑ "焼尻島灯台" [Yagishiritō Lighthouse]။ Nihon Rekishi Chimei Taikei (ဂျပန်ဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 173191044။ dlc 2009238904။ 25 August 2007 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-08-03 တွင် ပြန်စစ်ပြီး။
- 1 2 The Natural Forest of Yagishiri။ Hokkaido Tourism Organization (2012)။ 24 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ Aug 3, 2012 တွင် ပြန်စစ်ပြီး။