မာတိကာသို့ ခုန်သွားရန်

မှိုတစ်ကျင်း မြင်းတစ်ပြေး

ဝီကီပီးဒီးယား မှ

မှိုတစ်ကျင်း မြင်းတစ်ပြေး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မှိုတစ်ကျင်း မြင်းတစ်ပြေး” ဆိုသည်မှာ “မှိုတစ်ကျင်း” (ဖက်ဆွတ်မှိုကဲ့သို့ အတန်းလိုက် ပေါက်သော မှိုတစ်မျိုး) သည် “မြင်းတစ်ပြေး” (မြင်းတစ်ကောင် ပြေးနိုင်သောအကွာအဝေး) ခန့် ရှည်လျားစွာ ပေါက်တတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အရာတစ်ခု၏ အလျား သို့မဟုတ် အကွာအဝေးသည် အလွန်ရှည်လျားကြောင်းကို ဖော်ပြရာတွင် အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ထိုမှိုများသည် ရှည်လျားစွာ အတန်းလိုက် ပေါက်တတ်သည့် သဘာဝရှိခြင်းကြောင့် ယင်းမှိုတို့ကို တွေ့ရလျှင် ပေါက်သည့်နေရာအလျားသည် မြင်းတစ်ပြေးတမျှ အလျားရှိတတ်သည်ဟု ဆိုပေသည်။ ဤသဘောကို တင်စား၍ မှိုတစ်ကျင်း မြင်းတစ်ပြေးဟူ၍ မြန်မာတို့ ဆိုရိုးစကား ပြုကြသည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၂၀] စာဗိမာန်၊ ၇၊ ၉။ ၄၁။