မှိုင်းမပါကြောင်း

ဝီကီပီးဒီးယား မှ

မှိုင်းမပါကြောင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မှိုင်းမပါကြောင်း[ပြင်ဆင်ရန်]

အရွယ်မှာအစွယ်ကျိုးလို့၊ ကွယ်ကိုးရန်မပေါ်ဘု၊ ညှိုးလျော်ပြီ၊ ဖိုးကျော်လှငဲ့၊ ကိုးမှော်ရ ညဏ်ဝိဇ္ဇာ။

မန်းရွှေပြည်၊ နန်းဘွေကနက်တွင်မှ၊ ထမ်းရွက်သည်အခါတုန်းက၊ ရွာလုံးကုန်မှီခိုလောက်ပါငဲ့၊ ဂုဏ်ရောက်ဟန်၊ မောက်မာန်နှင့်မတင်းပါဘု၊ ရန်ကင်းအောင်ထွေထွေပြုခဲ့၊ မင်းမှုတွက်တာ။

ဘိလပ်စံ၊ အရင်သူကြီးတို့နှင့်၊ ဝရီးတူဆွေအမျိုးပါတဲ့၊ မောင်ဖိုးမှန်စိုးပြန်ခိုက်တွင်မှ၊ ထန်လိုက်လေအရပ်သားတို့၊ သနားမညှာတာလို့၊ တံခါးမှာ သွားကာအိပ်ပြန်ရ၊ အရိပ်ကယ်အရောင်မဲလို့၊ မှောင်မဲတွင်မမြင်မကန်းဟာမို့၊ ပင်ပန်းစွာလမ်းတာကိုသွားရ၊ စန်းဒါးစန်းဒီ၊ ဖြစ်ချည်ပေါ့၊ ဤနှစ်လွန်၊ ခုနစ်ဆယ်သာတဲ့၊ ကိုယ်ခန္ဓာ၊ အိုကာထိုင်းပြီမို့၊ ထိုရွာမှာ တံခါးဗိုလ်အရာ မခိုင်းလေနှင့် မှိုင်းမပါကြောင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ကိုးမှော် = မှော်ကိုးမျိုး၊ အင်းမန္တာန် စသည်တို့ဖြင့် စီရင်၍ သိဒ္ဓိပြီးစေသော အတတ်။

၂။ ဘိလပ်စံ = ဘိလပ်မင်း (ဝါ) အင်္ဂလိပ်မင်း။

၃။ အနိစ္စာ = အနိစ္စရောက်သည်။

၄။ ဘိဇ္ဇနာ = ပျက်စီးသည်။

၅။ စန်းဒါးစန်းဒီ = မှုန်တိမှုန်မွှား (ဘန်း)။

၆။ တံခါးဗိုလ် = တံခါးစောင့်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။