မာတိကာသို့ ခုန်သွားရန်

မွန်ပြည်နယ်၏ အလံတော်

ဝီကီပီးဒီးယား မှ
မွန်ပြည်နယ်အလံတော်
အသုံးပြုခြင်း ပြည်နယ်အလံနှင့် အရပ်သားသုံးအလံ
အချိုးအစား ၂:၃
ရွေးချယ်ခြင်း ၈ ဇွန် ၂၀၁၈[]
ဒီဇိုင်း အနီရောင်အလံ၏ အလယ်တွင် ရွှေရောင်ဟင်္သာပုံ
မွန်ပြည်နယ်အလံတော်၏ မူကွဲအလံ
အသုံးပြုခြင်း ယခင် အလံဟောင်း
အချိုးအစား ၂:၃
ဒီဇိုင်း အပြာရောင် နောက်ခံ၏ အလယ်တွင် ဟင်္သာအဝါနှင့် မွန်ပြည်နယ် စာတမ်း

မွန်ပြည်နယ်အလံ မှာ အနီရောင်နောက်ခံတွင် ရွှေရောင်ဟင်္သာငှက်ရုပ်ပုံကို ရေးထိုးထားသည်။ အလံတော်၏ အရွယ်အစားမှာ အလျား ၆ ပေ၊ အနံ ၄ ပေ ဖြစ်သည်။ အလံသစ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး (သတ္တမနေ့) တွင် အတည်ပြုခဲ့သည်။[][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ယခင်အစိုးရများ လက်ထက်က မွန်ပြည်နယ် ကိုယ်စားပြုအလံသည် ရွှေဟင်္သာ (အဖို) နှင့် နောက်ခံအပြာရောင်ဖြစ်ပြီး ရွှေဟင်္သာ၏ အောက်ခြေ၌ မွန်ပြည်နယ် ဟု စာတမ်းပါရှိသည့် အလံကို အသုံးပြုခဲ့သည်။[]

မွန်ပြည်နယ် အစိုးရအဖွဲ့တွင် တရားဝင် အသုံးပြုမည့် အလံသစ်ကိစ္စကို ၂၀၁၈ခုနှစ် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြပြီး ရွှေဟင်္သာပါသည့် အလံတော်၏ နောက်ခံရောင်ကို အနီနှင့် အပြာ နှစ်မျိုး ရွေးချယ်ကာ ဇွန် ၇ ရက်က ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် နောက်ခံအနီရောင်ကို ရွေးချယ် အတည်ပြုခဲ့သည်။[]

အလံသစ်အဆိုပြုမှုများ

[ပြင်ဆင်ရန်]

အောက်ပါတို့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြသော အလံဒီဇိုင်းများဖြစ်ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Mon State Hluttaw approves picture of golden hamsa on red background as Mon State flag" (in en)၊ Burma News International၊ 8 June 2018။ 21 August 2018 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ ဉာဏ်စိုးဝင်း (၈ ဇွန် ၂၀၁၈)။ မွန်ပြည်နယ်အလံသစ် လွှတ်တော် အတည်ပြု။ ၂၅ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. ထွန်းမြတ်သူ (၈ ဇွန် ၂၀၁၈)။ မွန်ပြည်နယ် ကိုယ်စားပြုအလံကို အတည်ပြု။ ၂၅ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]