မြွေကိုက်ဒဏ်ရာ
| Snakebite | |
|---|---|
| A rattlesnake bite on the foot of a 9-year-old girl in Venezuela | |
| အထူးပြု | Emergency medicine |
| လက္ခဏာများ | Two puncture wounds, redness, swelling, severe pain at the area[၁][၂] |
| ရှုပ်ထွေးမှုများ | Bleeding, kidney failure, severe allergic reaction, tissue death around the bite, breathing problems, amputation[၁][၃] |
| အကြောင်းရင်း | Snakes[၁] |
| အန္တရာယ်ညွန်းကိန်း | Working outside with one's hands (farming, forestry, construction)[၁][၃] |
| ကာကွယ်ခြင်း | Protective footwear, avoiding areas where snakes live, not handling snakes[၁] |
| ကုသခြင်း | Washing the wound with soap and water, antivenom[၁][၄] |
| ရောဂါလက္ခဏာ | Depends on type of snake[၅] |
| ကြိမ်ရေ | Up to 5 million a year[၃] |
| သေဆုံး | 94,000–125,000 per year[၃] |
မြွေကိုက်ဒဏ်ရာဆိုသည်မှာ အထူးသဖြင့် အဆိပ်ရှိသောမြွေကိုက်ခြင်းကြောင့် ဖြစ်လာသော ဒဏ်ရာကိုဆိုလိုသည်။ [၆] အဆိပ်ရှိသောမြွေကိုက်ခံရခြင်း၏ အဖြစ်များသောလက္ခဏာတစ်ခုမှာ မြွေ၏အစွယ် မှ ထိုးဖောက်ဒဏ်ရာ နှစ်ခုရှိနေခြင်းဖြစ်သည်။ [၁] တစ်ခါတစ်ရံတွင် အကိုက်ခံရခြင်းမှ အဆိပ်ထိုးသွင်းခံရနိုင်သည်။ [၃] ထိုအခါ ၎င်းနေရာတွင် တစ်နာရီခန့်ကြာသောအခါ နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် ပြင်းထန်သောနာကျင်မှုကို ဖြစ်ပေါ်စေနိုင်သည်။ [၁][၂] ပျို့အန်ခြင်း ၊ အမြင်အာရုံဝေဝါးခြင်း၊ ခြေလက်များ ထုံကျင်ခြင်းနှင့် ချွေးထွက်ခြင်းတို့ ဖြစ်လာနိုင်သည်။ [၁][၂] ကိုက်ခံရမှုအများစုသည် လက်၊ လက်မောင်း သို့မဟုတ် ခြေထောက်များတွင် ရှိသည်။ [၂][၇] ကိုက်ခံရပြီးနောက် ကြောက်ရွံ့လာသည့်အခါ နှလုံးခုန်မြန်ခြင်း နှင့် မူးဝေခြင်းလက္ခဏာများ အဖြစ်များသည်။ [၂] အဆိပ်ကြောင့် သွေးထွက်ခြင်း ၊ ကျောက်ကပ်ပျက်ခြင်း ၊ ပြင်းထန်သော ဓာတ်မတည့်မှု ၊ ကိုက်ခံရသည့်နေရာတစ်ဝိုက်ရှိ တစ်ရှူးများသေဆုံးခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်သည်။ [၁][၃] မြွေကိုက်ခံရခြင်းကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခြင်း သို့မဟုတ် အခြားနာတာရှည်ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ [၃] မြွေအမျိုးအစား၊ အကိုက်ခံရသော ခန္ဓာကိုယ်ဧရိယာ၊ ထိုးသွင်းလိုက်သော အဆိပ် ပမာဏနှင့် အကိုက်ခံရသူ၏ ယေဘုယျကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍ ရလဒ်ကွဲပြားနိုင်သည်။ [၅] ခန္ဓာကိုယ်အရွယ်အစားသေးငယ်သော ကလေးများတွင် ပြဿနာများသည် လူကြီးများထက် ပိုမိုပြင်းထန်လေ့ရှိသည်။ [၃][၈][၉]
မြွေများသည် အမဲလိုက်ရန် မိမိကိုယ်ကိုကာကွယ်ရန်အတွက် ကိုက်တတ်ကြသည်။ [၁၀] ကိုက်ခံရနိုင်ခြေရှိသောအချက်များတွင် လယ်ယာလုပ်ငန်း ၊ သစ်တောလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဲ့သို့သော လက်ဖြင့်ပြင်ပတွင် အလုပ်လုပ်ခြင်းပါဝင်သည်။ [၁][၃] မြွေဆိပ်သင့်ခြင်း အဖြစ်များသော မြွေများတွင် elapids ( ငန်းမြွေ ၊ မြွေဟောက် နှင့် mambas ကဲ့သို့)၊ မြွေပွေး နှင့် ပင်လယ်မြွေများ ပါဝင်သည်။ [၄] မြွေမျိုးစိတ်အများစုတွင် အဆိပ်မရှိသောကြောင့် ၎င်းတို့၏သားကောင်ကို ညှစ်သတ်ကြသည်။ [၂] အဆိပ်ရှိသောမြွေများကို အန္တာတိကတိုက် မှလွဲ၍ ကျန်တိုက်ကြီးများတွင် တွေ့ရှိနိုင်သည်။ [၁၀] ကိုက်ခဲ့သောမြွေအမျိုးအစားကို များသောအားဖြင့် အတည်မပြုနိုင်ပါ။ [၄] ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြွေကိုက်ခံရခြင်းသည် "အပူပိုင်းနှင့် အပူလျော့ပိုင်းနိုင်ငံများစွာတွင် လျစ်လျူရှုခံရသော ပြည်သူ့ကျန်းမာရေးပြဿနာ" တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ [၉]
မြွေကိုက်ခံရခြင်းမှ ကာကွယ်ရာတွင် အကာအကွယ်ဖိနပ်များဝတ်ဆင်ခြင်း၊ မြွေများနေထိုင်ရာနေရာများကို ရှောင်ကြဉ်ခြင်းနှင့် မြွေများကို မကိုင်တွယ်ခြင်းတို့ ပါဝင်သည်။ [၁] ကုသမှုသည် မြွေအမျိုးအစားပေါ်တွင် တစ်စိတ်တစ်ပိုင်းမူတည်သည်။ [၁] ဒဏ်ရာကို ဆပ်ပြာနှင့်ရေဖြင့်ဆေးကြောပြီး အကိုက်ခံရသော ကိုယ်လက်အင်္ဂါကို ငြိမ်ငြိမ်ထားရမည်။ [၁][၄] အဆိပ်ကို စုပ်ထုတ်ရန်ကြိုးစားခြင်း၊ ဓားဖြင့် ဒဏ်ရာကို လှီးဖြတ်ခြင်း သို့မဟုတ် tourniquet အသုံးပြုခြင်းတို့ကို အကြုံမပြုပါ။ [၁] မြွေဆိပ်ဖြေဆေးသည် မြွေကိုက်ခံရခြင်းကြောင့် သေဆုံးခြင်းကို ထိရောက်စွာကာကွယ်နိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများ ရှိတတ်ပါသည်။ [၃][၁၁] အသုံးပြုရမည့် မြွေဆိပ်ဖြေဆေးအမျိုးအစားသည် မြွေအမျိုးအစားပေါ်တွင်မူတည်သည်။ [၄] မြွေအမျိုးအစားကို မသိရှိသည့်အခါတွင်၊ ထိုဒေသတွင်ရှိသော မြွေအမျိုးအစားများအပေါ် အခြေခံ၍ မြွေဆိပ်ဖြေဆေးကို မကြာခဏ ပေးလေ့ရှိသည်။ [၄] ကမ္ဘာ့ဒေသအချို့တွင် မှန်ကန်သော မြွေဆိပ်ဖြေဆေးအမျိုးအစားရရှိရန် ခက်ခဲခြင်းကြောင့် တစ်ခါတရံတွင် ဆေးမတိုးရခြင်းဖြစ်သည်။ [၃] နောက်ထပ်ပြဿနာတစ်ခုမှာ ဤဆေးဝါးများ၏ ကုန်ကျစရိတ်ဖြစ်သည်။ [၃] မြွေဆိပ်ဖြေဆေးသည် အကိုက်ခံရသည့်နေရာတစ်ဝိုက်တွင်သာ အကျိုးသက်ရောက်မှုရှိသည်။ [၄] အသက်ရှူမှုကို အကူအညီပေးရန်လည်း တစ်ခါတစ်ရံ လိုအပ်နိုင်ပါသည်။ [၄]
နှစ်စဉ် အဆိပ်ပြင်းသောမြွေကိုက်ခံရမှုအရေအတွက်သည် ငါးသန်းအထိ ရှိသည်။ [၃] ၎င်းမှ မြွေဆိပ်မိသူ ၂.၅ သန်းခန့်နှင့် သေဆုံးသူ ၂၀,၀၀၀ မှ ၁၂၅,၀၀၀ အထိ ရှိသည်။ [၃][၁၀] ကိုက်ခံရသည့်အကြိမ်ရေနှင့် ပြင်းထန်မှုသည် ကမ္ဘာ့ဒေသအသီးသီးတွင် များစွာကွဲပြားသည်။ [၁၀] အာဖရိက ၊ အာရှ နှင့် လက်တင်အမေရိက တို့တွင် အဖြစ်အများဆုံး အကိုက်ခံရပြီး [၃] ကျေးလက်ဒေသများတွင် ပိုမိုဖြစ်လေ့ရှိသည်။ [၃][၉] သြစတြေးလျ ၊ ဥရောပ နှင့် မြောက်အမေရိက တို့တွင် သေဆုံးမှုမှာ အတော်လေး ရှားပါးပါသည်။ [၁၀][၁၁][၁၂] ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်လျှင် လူပေါင်း ခုနစ်ထောင်မှ ရှစ်ထောင်ခန့်သည် အဆိပ်ရှိသော မြွေများ ကိုက်ခံရပြီး (လူ ၄၀,၀၀၀ တွင် တစ်ဦးခန့်) လူငါးဦးခန့် သေဆုံးသည် (လူ ၆၅ သန်းလျှင် တစ်ဦးခန့် သေဆုံးသည်)။ [၁]
ကိုးကားချက်များ
[ပြင်ဆင်ရန်]- 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 Venomous Snakes။ U.S. National Institute for Occupational Safety and Health (24 February 2012)။ 29 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2015 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 Gold, Barry S. (1 April 2002). "Bites of venomous snakes". The New England Journal of Medicine 347 (5): 347–56. doi:. PMID 12151473.
- 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 Animal bites: Fact sheet N°373။ World Health Organization (February 2015)။ 4 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2015 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 8 Neglected tropical diseases: Snakebite။ World Health Organization။ 30 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2015 တွင် ပြန်စစ်ပြီး။
- 1 2 Marx၊ John A. (2010)။ Rosen's emergency medicine : concepts and clinical practice (7 ed.)။ Philadelphia: Mosby/Elsevier။ p. 746။ ISBN 9780323054720။ 21 မေ 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။
- ↑ Definition of Snakebite (in en)။ 17 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 June 2019 တွင် ပြန်စစ်ပြီး။
- ↑ Daley, BJ (June 2014). "Venomous snakebites.". JEMS : A Journal of Emergency Medical Services 39 (6): 58–62. PMID 25109149.
- ↑ Peden၊ M. M. (2008)။ World Report on Child Injury Prevention (အင်္ဂလိပ်ဘာသာစကားဖြင့်)။ World Health Organization။ p. 128။ ISBN 9789241563574။ 2 ဖေဖော်ဝါရီ 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။
- 1 2 3 Snake antivenoms: Fact sheet N°337။ World Health Organization (February 2015)။ 18 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 Kasturiratne, A. (4 November 2008). "The global burden of snakebite: a literature analysis and modelling based on regional estimates of envenoming and deaths". PLOS Medicine 5 (11): e218. doi:. PMID 18986210.
- 1 2 Gutiérrez, José María (2007). "Trends in Snakebite Envenomation Therapy: Scientific, Technological and Public Health Considerations". Current Pharmaceutical Design 13 (28): 2935–50. doi:. PMID 17979738.
- ↑ Chippaux, J. P. (1998). "Snake-bites: appraisal of the global situation". Bulletin of the World Health Organization 76 (5): 515–24. PMID 9868843.