မြောင်းမြလူငယ်ကွန်ရက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

မြောင်းမြလူငယ်ကွန်ရက်ကို ၂၀၁၂ ဩဂုတ်လ ၈ ရက်နေ့မှ စတင်ကာ မြောင်းမြမြို့မှ လူငယ်များစုပေါင်းကာ ပညာရေးနိုင်ငံရေးလူမှုရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့သည်။ လက်ရှိအချိန်မှာ လူငယ်များ ပညာအရည်အသွေးမြင့်မားရေး ၊ အတွေးအခေါ်မြင့်မားရေး ၊ အလုပ်အကိုင်ရရှိရေးတို့အတွက် သင်တန်းများပို့ချသင်ကြားပေးလျက်ရှိသည်။

လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

       ကွန်ရက်စတင်ဖွဲ့စည်းစဉ်မှာပင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်မှုများဖြစ်ပေါ်နေသောကြောင့် ရေဘေးသင့် သာပေါင်း နှင့် ဒါးကကန်ကြီးထောင့်မြို့နယ်များရှိ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများပြီးမြောက်ချိန်တွင် စာကြည့်တိုက်တစ်ခုကို ထူထောင်ကာ ကွန်ရက်အဖွဲ့ဝင်များနှင့် အပတ်စဉ်စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့သည်။ ထိုကာလအတွင်း မုံရွာ လက်ပံတောင်းတောင်ဒေသတွင် သံဃာတော်များ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ မြောင်းမြမြို့ရဲစခန်းရှေ့ရှိ ပြည်လုံးချမ်းသာဘုရားဝန်းအတွင်း ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနကျောင်းကိုဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ်အထိဆိုပါက သုံးနှစ်ရှိပြီဖြစ်သည်။
      ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှစတင်၍ ကွန်ပြူတာပညာဒါနသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး လူငယ်များ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။
      ၂၀၁၆ ခုနှစ် ဧပြီလတွင် အမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်း၊ အင်္ဂလိပ်စာ 4 skills သင်တန်းနှင့် ဂျပန်စကားပြောသင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့သည်။