မြောက်ဦး ရမ်းချောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
| ရမ်းချောင်းဒေသ လေကြောင်းတိုက်ခိုက်ခံရမှု | |
|---|---|
| ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
မြောက်ဦးမြို့နယ်အတွင်း ရမ်းချောင်း တည်နေရာ | |
| နေရာ | ရမ်းချောင်းအနီး၊ မြောက်ဦးမြို့နယ် |
| ကိုဩဒိနိတ် | 20°31′07″N 93°11′22″E / 20.5186°N 93.1895°Eကိုဩဒိနိတ်: 20°31′07″N 93°11′22″E / 20.5186°N 93.1895°E |
| ရက်စွဲ | ၁၈ ဇန်နဝါရီ ၂၀၂၅ ညနေ ၄:၄၅ – ၄:၄၇ |
| သေဆုံးသူဦးရေ | ၂၈ ဦး (ကလေး ၈ ဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်) |
ဒဏ်ရာရဦးရေ | ၂၅ ဦး (စစ်သုံ့ပန်းမိသားစုဝင်များ) |
| ပြစ်မှုကျူးလွန်သူများ | |
| |
မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းကျေးရွာအနီးတစ်ဝိုက်၌ ဖြစ်ပွားခဲ့သော တပ်မတော်(လေ)၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထို တိုက်ခိုက်မှုကြောင့် စစ်ပွဲအတွင်း အာရက္ခတပ်တော် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းမိသားစုဝင်များအား ယာယီထိန်းသိမ်းထားရှိသည့်နေရာ ထိမှန်ခဲ့ပြီး ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၂၈ ဦး သေဆုံးခဲ့ရသည်။[၁][၂][၃]
ဖြစ်စဉ်အကျဉ်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တပ်မတော်(လေ)၏ ဂျက်တိုက်လေယာဉ် (၁) စီးသည် ရမ်းချောင်းအနီးတစ်ဝိုက်အား တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ် နှင့် ၄ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ခိုက်ခံရသည့်နေရာမှာ အာရက္ခတပ်တော်က စစ်ပွဲများအတွင်း လက်ရဖမ်းဆီးထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို မကြာမီကာလတစ်ခုအတွင်း ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိထားသော ယာယီထိန်းသိမ်းထားသည့် နေရာဖြစ်နေသည်။[၄]
သေဆုံးသူများစာရင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦး၏ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။တိုက်ခိုက်မှုကြောင့် စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် အသက် ၁၅ နှစ်အောက် ကလေးငယ် ၈ ဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်သည်။ ဒဏ်ရာရရှိသူ ၂၅ ဦးတွင်လည်း ၁၅ နှစ်အောက် ကလေးငယ် ၁၂ ဦးနှင့် အမျိုးသမီး ၁၃ ဦး ပါဝင်ခဲ့ကာ အချို့မှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရသည်။[၅]
| စဉ် | အမည် | အသက် | ကျား/မ | လူမျိုး/ဘာသာ | နေရပ်လိပ်စာ |
|---|---|---|---|---|---|
| ၁ | ဒေါ်မခင်အေး | ၄၃ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ဘီလူးကန်ရပ်ကွက် |
| ၂ | ဒေါ်နှင်းနွယ်ဝင်း | ၃၃ | မ | ဗမာ/ဗုဒ္ဓ | ချောက်မြို့၊ အမှတ်(၈)ရပ်ကွက် |
| ၃ | မရွန်းလတ်လတ်ကို | ၂၃ | မ | ဗမာ/ဗုဒ္ဓ | ပဲခူးမြို့၊ မဟာစေတီရပ်ကွက် |
| ၄ | ဒေါ်ခိုင်သန်းကြည် | ၄၈ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့နယ်၊ ကင်းချောင်းကျေးရွာ |
| ၅ | မောင်အောင်ရဲဝင်း | ၁၂ | ကျား | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာ |
| ၆ | ဒေါ်မစံအေး | ၅၁ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာ |
| ၇ | ဒေါ်သွယ်သွယ်စိုး | ၃၉ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် |
| ၈ | မောင်ရန်နိုင်ဝင်း | ၅ | ကျား | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် |
| ၉ | မနန္ဒာမိုး | ၁၅ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာ |
| ၁၀ | ဒေါ်ပါစကွာလီနာ | ၃၈ | မ | ကယော/ခရစ်ယာန် | လွိုင်ကော်၊ ဖရူဆို၊ ဟိုယာကျေးရွာ |
| ၁၁ | မောင်အောင်မျိုးလင်း | ၉ | ကျား | ဗမာ/ဗုဒ္ဓ | လက်ပတန်းမြို့နယ်၊ ဂျိုးပင်ကျေးရွာ |
| ၁၂ | ဒေါ်ဦးစောနု | ၅၆ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက် |
| ၁၃ | မောင်အောင်သူရိန်လင်း | ၂ | ကျား | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက် |
| ၁၄ | မောင်ရန်ကျော်ဖြိုး | ၁၃ | ကျား | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက် |
| ၁၅ | ဒေါ်အဝိုင်း | ၅၈ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ပြင်ဈေးရပ်ကွက် |
| ၁၆ | ဒေါ်စောယုခိုင် | ၄၈ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက် |
| ၁၇ | ဒေါ်ဦးစောခင် | ၅၉ | မ | ရက္ခိုင်/ဗုဒ္ဓ | ရသေ့တောင်မြို့နယ်၊ တင်းကုန်ကျေးရွာ |
| ၁၈ | မောင်အောင်စစ်မင်း | ၁၀ | ကျား | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ |
| ၁၉ | မစုပြည့်နွယ်ကြည် | ၁၄ | မ | ရက္ခိုင်/ဗုဒ္ဓ | မင်းပြားမြို့နယ်၊ ဘူးပင်ကျေးရွာ |
| ၂၀ | ဒေါ်မဦးကြည် | ၃၉ | မ | ရက္ခိုင်/ဗုဒ္ဓ | မင်းပြားမြို့နယ်၊ ဘူးပင်ကျေးရွာ |
| ၂၁ | ဒေါ်ဦးလှသိန်း | ၄၃ | မ | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ဝသဲရပ်ကွက် |
| ၂၂ | ဒေါ်ခင်မာချို | ၄၇ | မ | ရက္ခိုင်/ဗုဒ္ဓ | မင်းပြားမြို့နယ်၊ လက်မကျေးရွာ |
| ၂၃ | ဒေါ်မီမီမင်းထွဋ်ဦး | ၃၇ | မ | ဗမာ/ဗုဒ္ဓ | ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ |
| ၂၄ | မောင်အောင်ဆန်းမင်း | ၆ | ကျား | ရက္ခိုင်/ဗုဒ္ဓ | မြောက်ဦးမြို့၊ ဝသဲရပ်ကွက် |
| ၂၅ | ဒေါ်အောင်စောနု | ၅၆ | မ | ရက္ခိုင်/ဗုဒ္ဓ | မင်းပြားမြို့နယ်၊ လက်မယာကျေးရွာ |
| ၂၆ | ဒေါ်မေလာဘီ | ၄၆ | မ | ရက္ခိုင်/ဗုဒ္ဓ | ကျောက်တော်မြို့နယ်၊ ညောင်ပင်လှကျေးရွာ |
| ၂၇ | ဒေါ်သန်းသန်းနု | ၅၉ | မ | ရက္ခိုင်/ဗုဒ္ဓ | စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာ |
| ၂၈ | ဒေါ်ခင်ဦး | ၄၈ | မ | ရက္ခိုင်/ဗုဒ္ဓ | တောင်ကုတ်မြို့နယ်၊ လမုမော်ကျေးရွာ |
တုံ့ပြန်မှုများ
[ပြင်ဆင်ရန်]အာရက္ခတပ်တော် ပြန်ကြားရေးအရာရှိ ဦးခိုင်သုခက ယခုကဲ့သို့ စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်း (Geneva Conventions) ခေါ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။[၆]
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]- ဒလက်ချောင်းဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၂၀၂၆ မတ် ၈)
- ချောင်းတူရွာဖြစ်စဉ် (၂၀၂၆ ဇန်နဝါရီ ၂၀)
- ရှင်ရွာဖြစ်စဉ် (၂၀၂၄ စက်တင်ဘာ ၈)
- နခခ (၂) ဖြစ်စဉ် (၂၀၂၄ စက်တင်ဘာ ၉)
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြောက်ဦး AA စစ်သုံ့ပန်းစခန်း တိုက်ခိုက်ခံရမှုကြောင့် ၂၈ ဦး သေဆုံး (in my)။ 2026-05-02 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2025-01-19)။ မြောက်ဦးက AA ရဲ့ အချုပ်စခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းနှစ်ဆယ်ကျော် သေဆုံး (in my)။ 2026-05-02 တွင် ပြန်စစ်ပြီး။
- ↑ News၊ Western (2025-01-19)။ မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ (in en-US)။ 2026-05-02 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီက မြောက်ဦး ရမ်းချောင်းကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသက် ၁၅ နှစ်အောက် ကလေး ၈ ဦးနှင့် အမျိုးသမီး ၂၁ ဦး အသက်ဆုံးရှုံးခဲ့ရ (in my)။ 2026-05-02 တွင် ပြန်စစ်ပြီး။
- ↑ ရမ်းချောင်းထဲက ငိုရှိုက်သံ (in my)။ 2026-05-02 တွင် ပြန်စစ်ပြီး။
- ↑ ရောင်နီ (2025-01-20)။ AA ထိန်းချုပ်နယ်မြေတွင် လေတပ်တိုက်ခိုက်မှုကြောင့် ၆၄ ဦးခန့် သေဆုံး (in en-US)။ 2026-05-02 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]