မြေမညီသော် ရေနှင့်ညှိ၊ လူမညီသော် သေနှင့်ညှိ၊ သွေးမညီသော် ဆီနှင့်ညှိ

ဝီကီပီးဒီးယား မှ

မြေမညီသော် ရေနှင့်ညှိ၊ လူမညီသော် သေနှင့်ညှိ၊ သွေးမညီသော် ဆီနှင့်ညှိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မြေမျက်နှာပြင် မညီညာလျှင် ရေချိန်နှင့် ညှိရ၏။ လူအချင်းချင်း မညီညွတ်လျှင် သေရည်ဝိုင်းတွင် ညှိနှိုင်းရ၏။ သွေးသား မညီညွတ်လျှင် နှမ်းဆီစသည့် အဆီတစ်မျိုးမျိုးဖြင့် သွေးသားညီညွတ်အောင် ပြုရ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။