မြေငလျင်ဌာနခွဲ
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
|---|---|
| ဌာနချုပ် | နေပြည်တော် |
| ဝန်ကြီးများ | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
| ဌာနအကြီးအမှူးများ | ဒေါက်တာကျော်မိုးဦး၊ ညွှန်ကြားရေးမှူးချုပ် |
| မိခင်အဖွဲ့အစည်း | မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန |
| ဝက်ဘ်ဆိုက် | moezala.gov.mm |
မြေငလျင်ဌာနခွဲ သည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ ဌာနခွဲ တစ်ခုဖြစ်သည်။[၁] မြေငလျင်ဌာနခွဲသည် မြေငလျင်တိုင်းစခန်းများ ဖွင့်လှစ်ခြင်း၊ မြေငလျင်တိုင်းစက်များ တပ်ဆင်ခြင်း၊ မြေငလျင်တိုင်းစခန်းများမှ (၂၄)နာရီအချိန်ပြည့် တိုင်းတာချက်မှတ်တမ်းများကို လက်ခံရယူခြင်း၊ မြေငလျင်သတင်း ထုတ်ပြန်ပေးခြင်း၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်ခြင်း၊ မြေငလျင်အန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သည်။
ဌာနခွဲ ၏ စခန်းများ
[ပြင်ဆင်ရန်]မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊မြေငလျင်ဌာနခွဲ တွင် မြေငလျင်တိုင်းစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်သည်။
(က) မြေငလျင်တိုင်းစခန်း(Analog)စခန်း
(ခ) အင်အားပြင်းမြေငလျင်တိုင်းစခန်း
- နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ပြည်၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မုံရွာ၊ ညောင်ဦး၊ ပဲခူး၊ ပုသိမ် - (၁၁)စခန်း
(ဂ) လှိုင်းခွင်ကျယ်မြေငလျင်တိုင်းစခန်း
- ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ နမ့်စန်၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ၊ စစ်တွေ၊ထားဝယ်၊ညောင်ဦး၊ကသာ၊ကန့်ဘလူ၊ဂွ၊သီပေါ၊တောင်ငူ၊တောင်ကြီး၊ဟားခါး၊ကျိုင်းတုံ၊တမူး၊မြိတ်၊မြဝတီ - (၂၁)စခန်း
(ဃ) ကမ္ဘာလုံးဆိုင်ရာတည်နေရာပြစနစ်(Global Positioning System-GPS)
- ဂျိုးဖြူရေလှောင်တမံ(တိုက်ကြီးမြို့)၊ အင်းကလေး (ပဲခူးမြို့)၊ ဝေါမြို့၊ ရှမ်းအိပ်တောင်(ကျိုက်ထီးရိုး)၊ ဟားခါးမြို့၊ ရွှေဘိုမြို့၊ မလဲဆည်(စဉ့်ကူးမြို့)၊ နေပြည်တော်(မိုး/ဇလရုံး)၊ ညောင်ဦးမြို့၊ ကသာမြို့၊ တီးတိန်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ သက်ကယ်ကျင်းရွာ(ကလေးဝမြို့)၊ တောကြောင်းရွာ(တန့်ဆည်မြို့)၊ ကနီမြို့ - (၁၆)စခန်း
(င) ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်တိုင်းစခန်း
- စစ်တွေ၊ မော်လမြိုင်၊ ဟိုင်းကြီးကျွန်း - (၃)စခန်း
လုပ်ငန်းဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]မြေငလျင်ဌာနခွဲသည် ပြည်တွင်း/ပြည်ပ မြေငလျင်လှူပ်ရှားမှု အချက်အလက်များ စုစည်းထိန်းသိမ်းထားရှိလျက် သုတေသနပြုဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံကိန်းများအတွက် အကြံဉာဏ်များပေးခြင်း၊ မှတ်တမ်းအချက်အလက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သည်။
မြေငလျင်နှင့် ဆူနာမီဘေးအန္တရာယ် လျော့ပါးရေးအတွက် မြေငလျင်ဌာနခွဲသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ တို့နှင့် လက်တွဲပူးပေါင်းပြီးလည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့မြေငလျင်အန္တရာယ် လျော့ပါးရေးအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြေငလျင်အုပ်ချုပ်ရေးအဖွဲ့၊ ဂျပန်နိုင်ငံ မြေငလျင်ပညာရှင်များအဖွဲ့၊ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၊ ပစိဖိတ် ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အိန္ဒိယသမုဒ္ဒရာ ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အပြည်ပြည်ဆိုင်ရာ သမုဒ္ဒရာကော်မရှင်၊ ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးရေးဗဟိုဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြေငလျင်ဌာနခွဲ။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]