မြူနှင့် မြူထူ

ဝီကီပီးဒီးယား မှ

မြူနှင့် မြူထူသည် များစွာ ကွဲပြားမှုမရှိ၊ မတိမ်းမယိမ်းတူကြသသည်။ မြေပြင်နှင့် ပင်လယ် ရေပြင်ပေါ်တွင် ဖြစ်စေ၊မနီးမဝေးတွင် ဖြစ်စေ စုဝေးနေသည့် တိမ်ကဲ့ သို့သော အခြင်းအရာကို မြူထူဟုခေါ်သည်။ ဤကဲ့သို့သော တိမ်တွင် ရေပေါက် ကလေးများသည် များစွာ မထူထပ်ဘဲ ခရီးဝေးဝေးသို့ မြင်နိုင်သည့်အခါ ထိုအခြင်းအရာကို မြူဟု ခေါ်သည်။လေထဲတွင် ဖုံမှုန်ကလေးများ လွှင့်ပါး လျက်ရှိသည်။ မည်မျှပင် သန့်ရှင်းသောလေ ဖြစ်လင့်ကစား ဖုံမှုန်များပါရှိ၏။ လေသည်အပူဓာတ်ဖြင့် ရေခိုးရေငွေ့များကို စုတ်ယူခဲ့ရာ ထိုရေခိုးရေငွေ့များသည် လေထဲရှိ ဖုံမှုန်ကလေးများပေါ်တွင် တင်လျက်ရှိနေကြ၏။ နွေး၍ စိုစွတ်ထိုင်းမှိုင်း သော ထိုလေသည် အေးမြသော မြေပြင်၊ သို့မဟုတ် ပင်လယ်ရေပြင်ပေါ်သို့ ဖြတ်၍ တိုက်ခတ်သောအခါလေထဲတွင်ပါသည့် ရေခိုးရေငွေ့တို့သည် တဖြည်း ဖြည်း စုခဲ၍ ရေသီးရေပေါက်ကလေးများ ဖြစ်လာပြီးလျှင် ဝေဆိုင်း၍ နေတော့၏။ ထိုရေသီးရေပေါက်ကလေးများသည် အတော်များများ ဝေဆိုင်းနေသည့်အခါ လမ်း ခရီးများကိုပင် မမြင်နိုင်အောင် ပိတ်ဆို့၍ နေလေသည်။ ဤကဲ့သို့သော အခြင်းအရာကို မြူထူဟု ခေါ်သည်။ ဤမြူထူမျိုးသည် နျူးဖောင်း လန်းကျွန်း ကမ်းခြေအလွန်တွင် မကြာခဏကျတတ်သည်။ ထိုနေရာရှိ နွေး၍စိုစွတ် ်သောလေသည် လားဗရာဒေါရေအေးစီးကြောင်းပေါ်သို့ ဖြတ်တိုက်သွားသဖြင့် မြူထူများ ပိတ်ဆိုင်းနေရကာ အနီးကပ်၍ပင် မမြင်နိုင်သောကြောင့် ခရီးအသွားအ လာများ မကြာခဏ ရပ်ဆိုင်းထားရလေသည်။ လန်ဒန်မြို့တော် လေသည် ဖုံ မှုန်များ၊ မီးခိုးများနှင့် ရောထွေးလျက်ရှိနေရာ မြူထူများသည် အလွန်ထူထပ်စွာ ပိတ်ဆို့နေသဖြင့် တစ်ခါတစ်ရံ ၄ ပေ ၅ ပေ အတွင်းလောက်မှာပင် တစ်ဖက်နှင့် ့်တစ်ဖက် မမြင်နိုင်ချေ။ လေလွင့် ဝေဆိုင်းနေသော ရေသီးရေပေါက်ကလေးများ သည် ထိုမျှလောက် မထူထပ်ဘဲ ခရီးဝေးဝေးသို့ မြင်နိုင်သည့်အခါ ထိုမြူထူကိုပင် မြူဟုခေါ်သည်။ မြူအထူအပါးသာ ခြားနားကြသည်။ မြူထူများ ပိတ်ဆိုင်းလျက်ရှိသောအခါ မြေပြင်၌လည်းကောင်း၊ ရေပြင်၌လည်း ကောင်း ခရီးအသွားအလာလွန်စွာ ခဲယဉ်းလျက်သဘေ‡ာများတွင် မြူထူခေါင်း လောင်းများ ထိုးခြင်း၊ ဥဩမှုတ်ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိကြသည်။ မြူထူပိတ်ဆို့နေသဖြင့် သွားလမ်းမမြင်နိုင်သော မီးရထားများမှာမူ ပေထုပ်များဖြင့် မြူထူကို ဖြိုခွဲရလေသည်။လေတိုက်သောအခါ၌လည်းကောင်း၊ အပူဓာတ်များလာ သောအခါ၌ လည်းကောင်း မြူထူများကို မတွေ့ရတော့ချေ။ ထိုကြောင့် နေထွက်လာသောအခါ မြူထူများကွယ်ပျောက်ရစမြဲ ဖြစ်၏။ သို့ရာတွင် အနောက် နိုင်ငံရှိ မြို့ကြီးများ၌ကား မြူထူသည် များလှသဖြင့်ဖုံမှုန့်၊ မီးခိုးတို့နှင့် ရစ်ဆိုင်းနေ ၍ တော်တော်နှင့် မြူထူမကွဲနိုင်ချေ။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)