မြို့သူကြီးစေတီတော်

ဝီကီပီးဒီးယား မှ

မြို့သူကြီးစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့၊ ရွှေကူရပ်ကွက်တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည်။ စေတီတော်ကို သက္ကရာဇ် ၁၁၄၈ ခုနှစ် (အေဒီ ၁၇၈၇ ) တွင် ဘိုးတော်မင်းတရားကြီးလက်ထက် သီရိမဟာဇေယျဗိုလ်ဘွဲ့ခံ မြို့သူကြီး ဦးမြတ်သာထွန်းနှင့် သူကြီးကတော် ဒေါ်ရွှေရုပ်တို့က တည်ထားကိုးကွယ်ခဲ့ကြသည်။ မြို့သူကြီး၏ ကောင်းမှုကုသိုလ်ဖြစ်သောကြောင့် "မြို့သူကြီးစေတီတော်"ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ကြသည်။ စေတီတော်သည် ရင်ပြင်အကျယ်အဝန်း ၄၀၀ တောင်၊ ဖိနပ်တော် ၄၀ တောင်နှင့် ဉာဏ်တော်အမြင့် ၄၆ တောင်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]