မာတိကာသို့ ခုန်သွားရန်

စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင်

ဝီကီပီးဒီးယား မှ

စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင် နှင့် အတူတူဖြစ်သည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင် ဆိုသည်မှာ ခံစစ်အနေအထားဖြင့် ခုခံတိုက်ခိုက်သော အင်အား တစ်ရာသည် တိုက်စစ်ဆင်လာသော အင်အား တစ်ထောင်နှင့် ညီမျှသည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် ခံစစ်သည် တိုက်စစ်ထက် အင်အားအသာစီးရသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် စစ်ရေးဗျူဟာနှင့် သက်ဆိုင်သော အယူအဆတစ်ခုကို ဖော်ပြသည်။ ခံစစ်အနေအထားတွင် တပ်ဖြန့်ထားခြင်း၊ မြေပြင်အနေအထားကို အသုံးချခြင်း စသည့် အားသာချက်များရှိသောကြောင့် တိုက်စစ်ဘက်မှ အင်အားများစွာ အသုံးပြုရသော်လည်း ခံစစ်ကို အလွယ်တကူ မထိုးဖောက်နိုင်ပါ။ ဤဆိုရိုးစကားသည် စစ်ရေးတွင် ခံစစ်၏ အရေးပါမှုကို သွယ်ဝိုက်၍ သွန်သင်ထားသည်။

မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင်

[ပြင်ဆင်ရန်]

မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင် ဆိုသော ဆိုရိုးစကားသည်လည်း စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင် နှင့် အဓိပ္ပာယ်တူညီပြီး မြို့ကို ခံစစ်အနေအထားဖြင့် ကာကွယ်သော အင်အားတစ်ရာသည် မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ချီတက်လာသော အင်အားတစ်ထောင်နှင့် ညီမျှသည်ဟု ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင် ဟူသကဲ့သို့ မိမိတို့ဂဠုန်တပ်သားများမှာ လာသမျှ အစိုးရစစ်တပ်ကို ရှေ့သို့ ထွက်၍ တိုးမတက်လာနိုင်အောင်ခုခံ တိုက်ခိုက်နိုင်သော်လည်း…၊ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၉၇] ကျိုးဆောင်။ ၄၇။ ကိုးကား အမှား - Invalid parameter "'kyoesaung47" in <ref> tag. The supported parameters are: dir, follow, group, name.