မြိုင်ပုလဲသို့ရှောင်ဖဲသည့်ထုံး

ဝီကီပီးဒီးယား မှ

မြိုင်ပုလဲသို့ရှောင်ဖဲသည့်ထုံး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၆၁ ခုနှစ်တွင် မောင်းထောင်ရွာအနီးအနားရှိ သံဃာများ ဂိုဏ်းကွဲကြသဖြင့် ရေးဖွဲ့ထားသည်။

မြိုင်ပုလဲသို့ရှောင်ဖဲသည့်ထုံး[ပြင်ဆင်ရန်]

သာသနာပိုင်နှစ်ဆူထွက်ခဲ့ပေါ့၊ ဘူနက်သန် မြေခံကောင်းတဲ့၊ ရွာမောင်းရွှေထောင်ကြီးက၊ ထီးခရိုင်နိုင်ငံချုပ်လေသို့၊ ဂိုဏ်းချုပ်အုပ်ထံ၊ ကြိုးနွံကြရ၊ မျိုးဝံသ သာသနာ။

ထောင့်နှစ်ရာခြောက်ဆယ်လွှမ်းမိုးလို့၊ အစွန်းသည်တခုတွင်မှ၊ မည်သူ့မည်လိုဟု မကြည်ညိုပုဂ္ဂိုလ်များက၊ ခက်ထန်ကာ မျက်မာန်ပွားကြ၊ ဘုရားရှင်သမ္ဗုဒ္ဓေါသော်မှ၊ ပြည်ကောသမ္ဘီခရိုင်က၊ မဟောနိုင် တောမြိုင်ပုလဲသို့၊ ရညဝါ၊ ကြဉ်ကာဖဲရ၊ ထိုနဲအတူအယူပြားလို့၊ တခြားသည်၊ နှိုင်းကာမညှိနိုင်ဘု၊ ဂိုဏ်းမရှိသင်္ဃာ။

ဘယ်ရပ်ဘယ်ရွာက၊ ဘယ်ဒကာဘယ်သူလှူတော့၊ အတူတူမခံလျှင်းစို့နှင့်၊ ငပယင်းရွာစည်ပါပုဂ္ဂိုလ်ထိ၊ ရွာအုတ်ဖိုလက်ပန်သို့ရောက်ကရော့၊ အနောက်တသွယ်ပ၊ ခွတ်တနယ်တောင်နတ်ရင်းနှင့်၊ စက်လင်းပုံတောင်ရွာသစ်ထိ၊ တားမြစ်ကြကိုယ်ဆိုင်ရာ၊ ခိုင်မာလို့ ကြပ်တင်း။

မြို့ကန္နီတဝက်ဂိုဏ်းနှင့်၊ တပိုင်းတောင် ညောင်ကန်ရွာက၊ သည်ဆရာ အညှာပြုလို့၊ ဒကာတွေသဒ္ဓါနုချေတော့၊ အယုဝိညာဉ်ချုပ်ရှာတဲ့၊ ထေရ်ပုဂ္ဂိုလ်ရှင်၏ ပုတ္တလင်နယ်တောင်ပိုင်းမတော့၊ ခေါင်ဂိုဏ်းတွင်သင်္ဃာကြီးတွေဘို့၊ နာသီးပုံပွေလို့လောရော့၊ ပြည်ကောသမ္ဘီဌာနကဲ့သို့၊ သံဃာတွေကြဉ်စာငှလို့၊ ဂပြောင်းဂပြန် အပေါင်းမဆံကြရအောင်၊ ကျောင်းကအရင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဘူနက်သန် = ဘူမိနက်သန်၊ မင်္ဂလာရှိသောမြေ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။