မြန်မာနိုင်ငံရှိ အားလပ်ရက်များ

ဝီကီပီးဒီးယား မှ
(မြန်မာ ရုံးပိတ်ရက်များ မှ ပြန်ညွှန်းထားသည်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့ က

နှစ်စဉ် အမိန့်ကြော်ငြာစာဖြင့် ကြေညာ၍

အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ကို

သတ်မှတ်ပါသည်။

အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ[ပြင်ဆင်ရန်]

နေ့အမည် ရက်စွဲ ကြာချိန် အကြောင်းအရာ
လွတ်လပ်ရေးနေ့ ဇန်နဝါရီလ

( ၄ ) ရက်

၁ ရက် ဗြိတိသျှအင်ပါယာမှလွတ်လပ်ရေးရရှိခြင်း
ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ

( ၁၂ ) ရက်

၁ ရက် ပင်လုံညီလာခံကိုဂုဏ်ပြုခြင်း
တောင်သူလယ်သမားနေ့ မတ်လ

( ၂ ) ရက်

၁ ရက် -
တပေါင်းလပြည့်နေ့ တပေါင်းလပြည့် ၁ ရက် တပေါင်းပွဲတော်
တော်လှန်ရေးနေ့ မတ် ၂၇ ၁ ရက် ဂျပန်တို့ကိုစတင်တော်လှန်ခဲ့ခြင်း
မြန်မာနှစ်သစ်ကူး

ရုံးပိတ်ရက်များ

ရက်

အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်နှင့် နှစ်ဆန်းတစ်ရက်နေ့
မေဒေးနေ့ မေ ၁ ၁ ရက် အလုပ်သမားနေ့
ကဆုန်လပြည့်နေ့ ကဆုန်လပြည့် ၁ ရက် ဂေါတမဗုဒ္ဓ ဗျာဒိတ်ရခြင်း၊ ဖွားတော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်းတို့ဖြစ်ရာနေ့
အာဇာနည်နေ့ ဇူလိုင် ၁၉ ၁ ရက် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရမှုကို အောက်မေ့ခြင်း
ဝါတွင်းသုံးလ စတင်ခြင်း ဝါဆိုလပြည့် ၁ ရက် ဂေါတမဗုဒ္ဓ ပဋိသန္ဓေတည်ခြင်း၊ တောထွတ်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသည့်နေ့ဖြစ်ခြင်း
သီတင်းကျွတ်လပြည့်နေ့ ၅ ရက် မီးထွန်းပွဲတော်ကျင်းပသည်။
တန်ဆောင်တိုင်ပိတ်ရက်များ တန်ဆောင်မုန်းလပြည့်နေ့အထိ ၄ ရက်
အမျိုးသားနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ၁ ရက် တက္ကသိုလ်ကျောင်းသားများ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ခဲ့ကြခြင်း
ခရစ္စမတ်နေ့ ဒီဇင်ဘာ ၂၅ ၁ ရက် ယေရှုခရစ်တော်၏မွေးနေ့
အီဒုလ်အဿွဟာနေ့ ကြေညာချက်အလိုက်ပြောင်းလဲနိုင် ၁ ရက်
ဒီပါဝလီနေ့ ကြေညာချက်အလိုက်ပြောင်းလဲနိုင် ၁ ရက်
ကရင်နှစ်သစ်ကူးနေ့ ပြာသိုလဆန်း ၁ ရက် ၁ ရက်

အထိမ်းအမှတ်နေ့များ[ပြင်ဆင်ရန်]