မြန်မာ့ရှားပါးပတ္တမြားကြီးများ
![]() ၁၉၉၀ ပြည့်နှစ်တွင် ရရှိခဲ့သော နဝတ ပတ္တမြား | |
| အမျိုးအစား | ပတ္တမြား (Ruby) |
|---|---|
| ထွက်ရှိရာဒေသ | မိုးကုတ်မြို့၊ မန္တလေးတိုင်းဒေသကြီး |
| ကာလ | ကုန်းဘောင်ခေတ်မှ ယနေ့ခေတ်အထိ |
| ထင်ရှားသောပတ္တမြားများ | ပတ္တမြားငမောက်၊ နဝတ၊ နစက |
| အလေးချိန် (အကြီးဆုံး) | ၂၁,၄၅၀ ကရက် (၄,၂၉၀ ဂရမ်) |
| အရောင် | ခိုသွေးရောင် (Pigeon's Blood) |
ပတ္တမြားများထွက်ရှိရာ မိုးကုတ်ဒေသ | |
မြန်မာ့ရှားပါးပတ္တမြားကြီးများသည် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာသမိုင်းတွင် ခေတ်အဆက်ဆက် ရှာဖွေတွေ့ရှိခဲ့သည့် အလေးချိန်၊ အရောင်နှင့် အရည်အသွေး ထူးခြားထက်မြက်သော ပတ္တမြားကြီးများကို ဆိုလိုသည်။ ၎င်းတို့တွင် ရတနာပုံခေတ် ရွှေတိုက်တော်စာရင်းဝင် သမိုင်းဝင် နန်းစဉ်ပတ္တမြားများအပြင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ထပ်မံတူးဖော်ရရှိခဲ့သည့် အဖိုးတန် ကမ္ဘာကျော် ပတ္တမြားကြီးများလည်း ပါဝင်သည်။ ပတ္တမြားမြေဟု ကျော်ကြားသော မိုးကုတ်ဒေသမှ ထွက်ရှိသည့် ဤရှားပါးပတ္တမြားကြီးများကို နိုင်ငံတော်၏ အဖိုးတန်ရတနာများအဖြစ် မှတ်တမ်းတင် ထိန်းသိမ်းထားရှိသည်။[၁][၂][၃]
သမိုင်းဝင် နန်းစဉ်ပတ္တမြားများ
[ပြင်ဆင်ရန်]ရတနာပုံရွှေတိုက်တော်စာရင်းအရ ထင်ရှားသော နန်းစဉ်ပတ္တမြားများမှာ အောက်ပါအတိုင်း ဖြစ်သည်[၄][၅]-
| စဉ် | အမည် | အလေးချိန် (ရတီ) | ရရှိသည့်ကာလ / မင်းဆက် | အချက်အလက်အကျဉ်း |
|---|---|---|---|---|
| ၁ | ပတ္တမြားငမောက် | ၉၀ ကျော် | သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) | အကျော်ကြားဆုံး နန်းစဉ်ပတ္တမြားကြီးဖြစ်သည်။ |
| ၂ | လှော်ကားတင်ကြီး | ၄၀ ကျော် | သက္ကရာဇ် ၁၁၉၉ (သာယာဝတီမင်း) | - |
| ၃ | ဆင်ဖြူတော် | ၄၀ | - | - |
| ၄ | လှော်ကားတင်ကလေး | ၂၀ ခန့် | ဗဒုံမင်း (ဘိုးတော်ဘုရား) | - |
| ၅ | ဆင်မတော် | ၁၀ | - | - |
| ၆ | စံကျောက်တော် | ၆ | - | အခြားကျောက်များကို စံထားနှိုင်းယှဉ်ရာတွင် အသုံးပြုသည်။ |
ခေတ်သစ်ရှာဖွေတွေ့ရှိမှုများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ထင်ရှားသော ပတ္တမြားကြီး ၅ ပွင့် သည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှ ပေါ်ထွက်ခဲ့သည်။ ၎င်းတို့အနက် ၁၉၉၀ ပြည့်နှစ်တွင် အလေးချိန် ၉၉.၂၅ ဂရမ် (၄၉၆.၂၅ ကရက်) ရှိ နဝတ ပတ္တမြား၊ ၂၀၂၂ ခုနှစ်တွင် အလေးချိန် ၅၅၇.၈၅ ဂရမ် (၂၇၈၉.၂၅ ကရက်) ရှိ နစက ပတ္တမြား နှင့် ၂၀၂၆ ခုနှစ် တွင် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိ ၂၀၂၆ ပတ္တမြား မှာ ပိုမိုထင်ရှားသည်။၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သော ပတ္တမြားသည် အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း၊ ၂၀၂၆ ခုနှစ်တွင် နောက်ဆုံးတွေ့ရှိခဲ့သော ပတ္တမြားသည် အရောင်နှင့် အရည်အသွေး ပိုမိုကောင်းမွန်သည့်အတွက် တန်ဖိုးပိုမိုမြင့်မားကာ မြန်မာ့ကျောက်မျက်သမိုင်းတွင် အလွန်တန်ဖိုးရှိသည့် ရတနာများအဖြစ် မှတ်တမ်းတင်ထားခြင်း ခံရသည်။[၆][၇]
၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက မိဘဘိုးဘွားများလက်ထက်မှ ထိန်းသိမ်းထားရှိသည့် ၂၇၈၉.၂၅ ကရက်ရှိ ပတ္တမြားကြီးကို လှူဒါန်းခဲ့ရာ ၎င်းအား နစက ပတ္တမြား (နိုင်ငံတော်ပတ္တမြား) အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သည်။ အဆိုပါ ပတ္တမြားကြီးသည် မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ပွတ်ချောအမျိုးအစားဖြစ်ကာ အပြစ်အနာအဆာ ကင်းစင်သည့် ရှားပါးရတနာဖြစ်သည်။[၈]
မြန်မာ့ခေတ်သစ်သမိုင်းဝင် ထင်ရှားသော ပတ္တမြားကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပတ္တမြားအမည် | တွေ့ရှိ/လှူဒါန်းနှစ် | အလေးချိန် (ကရက်) | အလေးချိန် (ဂရမ်) | မှတ်ချက် |
|---|---|---|---|---|---|
| ၁ | နဝတ ပတ္တမြား | ၁၉၉၀ | ၄၉၆.၂၅ | ၉၉.၂၅ | နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် လှူဒါန်းခဲ့သည်။ |
| ၂ | ၁၉၉၆ ပတ္တမြား | ၁၉၉၆ | ၂၁,၄၅၀.၀၀ | ၄,၂၉၀.၀၀ | အလေးချိန်အားဖြင့် အများဆုံးဖြစ်သည်။ |
| ၃ | ၂၀၁၃ ပတ္တမြား | ၂၀၁၃ | ၁,၉၀၇.၀၀ | ၃၈၁.၄၀ | နိုင်ငံတော်သို့ လှူဒါန်းမှုအဖြစ် လက်ခံရရှိခဲ့သည်။ |
| ၄ | နစက ပတ္တမြား | ၂၀၂၂ | ၂,၇၈၉.၂၅ | ၅၅၇.၈၅ | နိုင်ငံတော်သို့ လှူဒါန်းမှုအဖြစ် လက်ခံရရှိခဲ့သည်။ |
| ၅ | ၂၀၂၆ ပတ္တမြား | ၂၀၂၆ | ၁၁၀၀၀ | ၂၂၀၀ | အရောင်နှင့် အရည်အသွေး အကောင်းဆုံးဖြစ်ပြီး တန်ဖိုးအမြင့်မားဆုံးဖြစ်သည်။ |
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "သီပေါမင်းခေတ်က ငမောက်နဲ့ နန်းစဉ်ရတနာတွေ ဘယ်ရောက်သွားသလဲ" (in my)၊ BBC News မြန်မာ။
- ↑ အောင်နိုင်။ "စစ်တပ်နှင့် အပေါင်းပါများ၏ မိုးကုတ်ပတ္တမြားလုပ်ကွက်များ TNLA လက်အောက်ရောက် - Myanmar Now" (in en-US)၊ Myanmar Now၊ 2024-07-26။
- ↑ Antique Giant Ruby Unearthed in Mogok Gem Tract - Global New Light Of Myanmar (in en-US) (2026-05-08)။ 2026-05-08 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2017-11-05)။ ပတ္တမြား ငမောက် မြန်မာတွေ လက်ထဲ ပြန်ရောက်တော့မလား (in en-US)။ 2026-05-08 တွင် ပြန်စစ်ပြီး။
- ↑ Who stole Burma’s royal ruby? (in en-GB)။ 2026-05-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသော ပတ္တမြားကြီးအား ကြည့်ရှု | Ministry Of Information (in en)။ 2026-05-08 တွင် ပြန်စစ်ပြီး။
- ↑ မိုးကုတ်ရတနာမြေမှ ပတ္တမြားကြီး ၁ လုံး ရှာဖွေတွေ့ရှိ (in en)။ 2026-05-08 တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကျင်းပ | News and Periodical Enterprise။ 2026-05-08 တွင် ပြန်စစ်ပြီး။
