မာတိကာသို့ ခုန်သွားရန်

မြန်မာ့ရုပ်ရှင်တစ်သက်တာထူးချွန်ဆု

ဝီကီပီးဒီးယား မှ

မြန်မာ့ရုပ်ရှင်တစ်သက်တာထူးချွန်ဆု(အင်္ဂလိပ်: Lifelong Academy Award )သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကျင်းပပြုလုပ်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပေးအပ်သော ဆုတစ်ဆုဖြစ်သည်။ဆုအဖြစ် ရွှေစင်ငါးကျပ်သားပါရှိသည့်ရွှေစင်ရုပ်တုကို ချီးမြှင့်သည်။[]

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်၌ မေတ္တာနှင့်သူရာဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းကို စတင်ခဲ့သည်ဟု ယူဆကြပြီး၊ ၁၉၅၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ကို စတင်ကျင်းပ၍ ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ခဲ့သည်။ စတင်ချီးမြှင့်စဉ်က ဇာတ်ကားဆု (၃) ဆုနှင့် အမျိုးသားသရုပ်ဆောင်ပညာသည်ဆု၊ အမျိုးသမီးသရုပ်ဆောင်ပညာသည်ဆု ဟူ၍ စုစုပေါင်း (၅) ဆု ပေးအပ်ခဲ့သည်။

ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက်တာ ဦးတင်ယုအား ပထမဆုံး ချီးမြှင့်ခဲ့သည်။ ထိုဆုကို ဦးတင်ယု၏ အသက် ၉၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးကြည်စိုးထွန်း၊ ဦးအေးကြူလေး၊ ဦးဝင်းငြိမ်း အပါအဝင် ရုပ်ရှင်လောကသားအချို့က အကယ်ဒမီရွှေစင်ရုပ်တုဖြင့် အိမ်တိုင်ယာရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြရာမှ ရုပ်ရှင်တစ်သက်တာထူးချွန်ဆု စတင်ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ၆၂ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား၌ ဗိုလ်ကလေးတင့်အောင် အား မြန်မာ့ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို ချီးမြှင့်ခဲ့ခြင်းဖြင့် အဆိုပါဆုသည် တရားဝင်ဂုဏ်ပြုဆုတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ယင်းဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက်တာ ဦးတင်ယု အား လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စည်သူ ဗိုလ်ကလေးတင့်အောင်အား လည်းကောင်း[]၊ ၂၀၁၉ ခုနှစ်တွင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်အား လည်းကောင်း[]   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ အစီအစဉ်ဖြင့်   ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၀ပြည့်နှစ်၊ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင်     ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီ ရွှေစင်ရုပ်တုများကို   ပေးအပ်ချီးမြှင့်ခဲ့သည်။[]

ထိုသို့ပေးအပ်ချီးမြှင့်မှုအား ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၁၃ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်  ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ကျင်းပသည့် (၁၀၂)နှစ်မြောက်   မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန် ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက်  ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မူလအစပိုင်းတွင် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူများအား လစဉ်ထောက်ပံ့ကြေးပေးအပ်ခဲ့သော်လည်း မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၏ ရန်ပုံငွေအခက်အခဲကြောင့် ရှေးပိုင်းဆုရရှိသူများမှအပ အလင်္ကာကျော်စွာ ဦးအောင်မြင့်မြတ်မှစ၍ နောက်ပိုင်းဆုရရှိသူများကို လစဉ်ထောက်ပံ့ကြေး ပေးအပ်သည့်မူကို ရပ်ဆိုင်းခဲ့သည်။

တစ်သက်တာဆုရွေးချယ်ရေးမူများ

[ပြင်ဆင်ရန်]

မြန်မာ့ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့မှပူးပေါင်း၍ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် အောက်ပါအရည်အချင်းများကို မူတည်၍ ရွေးချယ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

(က) အသက်(၈၀)ပြည့်ပြီးသူဖြစ်ရမည်။

(ခ) မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူ (သို့မဟုတ်) နိုင်ငံတော်မှပေးအပ်သည့်ဘွဲ့ထူးဂုဏ်ထူးတစ်ခုခုရရှိသူဖြစ်ရမည်။

(ဂ) မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက်ထူးကဲစွာဆောင်ရွက်သူဖြစ်ရမည်။

ဆုရရှိသူများစာရင်း

[ပြင်ဆင်ရန်]
စဉ် ချီးမြှင့်သည့်ခုနှစ် အမည် ဆုရရှိချိန်အသက် ဆုရရှိချိန် ရုပ်ရှင်ဖြတ်သန်းခဲ့သည့်ကာလ ရရှိခဲ့သည့် ဂုဏ်ထူး/ဘွဲ့ထူး/အတွေ့အကြုံ မှတ်ချက်
၁။ ၂၀၁၀ တင်ယု ၉၀ ၆၃ အကယ်ဒမီဆုရှင် အိမ်တိုင်ယာရောက်ပေးအပ်ခြင်း
၂။ ၂၀၁၇ ဗိုလ်ကလေးတင့်အောင် ၉၅ ၆၀ အကယ်ဒမီဆုရှင်၊အလင်္ကာကျော်စွာ၊စည်သူ၊ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အခမ်းအနားဖြင့်စပေး
၃။ ၂၀၁၈ မြင့်မြင့်ခင် ၈၄ ၆၈ စည်သူ၊အကယ်ဒမီများရှင် အခမ်းအနားဖြင့်
၄။ ၂၀၂၀ ညွန့်ဝင်း ၈၂ ၅၉ အလင်္ကာကျော်စွာ၊စည်သူ၊အကယ်ဒမီများရှင် Covid-19 ကပ်ရောဂါကာလဖြစ်သဖြင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွင်

ပေးအပ်ခဲ့သည်။

၅။ အောင်လွင် ၈၇ ၆၃ အလင်္ကာကျော်စွာ၊အကယ်ဒမီဆုရှင်
၆။ ၂၀၂၃ အောင်မြင့်မြတ် ၈၂ ၅၅ စည်သူ လစဉ်ချီးမြှင့်ငွေပေးအပ်နိုင်ခြင်းမရှိပါ။
၇။ နွဲ့နွဲ့စန်း ၈၁ ၅၃ စည်သူ၊အကယ်ဒမီဆုရှင်
၈။ ပန်းချီစိုးမိုး ၈၂ ၆၃ အကယ်ဒမီ ၂ဆုရှင်၊အလင်္ကာကျော်စွာ၊ဂုဏ်ထူးဆောင်ပါရဂူဘွဲ့
၉။ ၂၀၂၄ ကြည်စိုး ၉၁ ၆၅ အလင်္ကာကျော်စွာ
၁၀။ ခင်သန်းနု ၈၄ ၆၃ အကယ်ဒမီ ၃ဆုရှင်၊အလင်္ကာကျော်စွာ၊စည်သူ
၁၁။ ဝါဝါဝင်းရွှေ ၈၂ ၆၃ အကယ်ဒမီ ၃ဆုရှင်၊အလင်္ကာကျော်စွာ၊စည်သူ
၁၂။ မောင်နှင်းမိုး ၇၉ ၆၂ အလင်္ကာကျော်စွာ
၁၃။ ၂၀၂၅ ဌေးအောင် ၉၃ ၇၀ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့
၁၄။ ခင်လေးဆွေ ၉၃ ၇၂ အသံတိတ်ခေတ်ရုပ်ရှင်မင်းသမီးကြီး
၁၅။ ကြည်စိုးထွန်း ၈၀ ၅၃ အကယ်ဒမီများရှင်၊အလင်္ကာကျော်စွာ၊စည်သူ၊ဂုဏ်ထူးဆောင်ပါရဂူဘွဲ့

ကိုးကား

[ပြင်ဆင်ရန်]
  1. ACADEMY AWARD 2025: GOLD STATUETTES & FASHION AWARDS PRESENTED MITV (8 Feb 2026)။ 22 Feb 2026 တွင် ပြန်စစ်ပြီး။
  2. ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆု ၁၁ ဆုနှင့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုတို့ကိုပါ ထည့်သွင်းချီးမြှင့်ခဲ့ Eleven Media Group (၂၄ မတ် ၂၀၁၈)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကို ဒေါ်မြင့်မြင့်ခင် ရရှိ Myanmar Digital News (၂၃ မတ် ၂၀၁၉)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. (၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို အကယ်ဒမီညွန့်ဝင်းနှင့် အကယ်ဒမီအောင်လွင်ရရှိ၊ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ဖွင့်ပွဲနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကျင်းပ မြဝတီနေ့စဉ် (၁၃ အောက်တိုဘာ ၂၀၂၂)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။