မာတိကာသို့ ခုန်သွားရန်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

ဝီကီပီးဒီးယား မှ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
 မြန်မာအစိုးရအဖွဲ့အစည်း

ဆိပ်ကမ်း အာဏာပိုင်ရုံး
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၉၅၄ (ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးအဖွဲ့)
  • ၁၆ မတ် ၁၉၇၂ (ဆိပ်ကမ်းကော်ပိုရေးရှင်း)
  • ၃၁ မတ် ၁၉၈၃ (မြန်မာ့ဆိပ်ကမ်းအာဏာပိုင်)
ယခင်အဖွဲ့အစည်းဆိပ်ကမ်းကော်ပိုရေးရှင်း
ဌာနချုပ်အမှတ် (၁၀)၊ ပန်းဘဲတန်းလမ်း၊ ​ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝန်ကြီးများဗိုလ်ချုပ်ကြီး မြထွန်းဦး
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mpa.gov.mm

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (အင်္ဂလိပ်: Myanma Port Authority ) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် ပန်းဆိုးတန်းကူးတို့ဆိပ်

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ပင်လယ်ကူး သင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဝင်ထွက် ဆိုက်ကပ်နိုင်ရေးနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် ဝန်ဆောင်မှု ပေးသော ဌာနတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့သည် ၁၈ရာစု အလယ် အထိ ဒဂုံဟု အမည်တွင်ခဲ့ပြီး တံငါသည် ရွာငယ်ကလေးသာ ဖြစ်ခဲ့ကာ ဆိပ်ကမ်းမြို့ အဖြစ်မတည်ရှိသေးဘဲ သန်လျင်၊ ပုသိမ်၊ မုတ္တမနှင့် ပဲခူးမြို့များကိုသာ ဆိပ်ကမ်းမြို့များ အဖြစ် အသုံးများခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားမင်းသည် ဧရာဝတီမြစ်တလျှောက်ရှိ ဒေသများကို သိမ်းပိုက်ရာမှ ဒဂုံသို့ ရောက်ရှိခဲ့ပြီး၊ ရန်ကုန်မြို့ဟု ခေါ်တွင်စေကာ ပင်မဆိပ်ကမ်းမြို့ အဖြစ် စတင် တည်ထောင်ခဲ့သည်။

  • ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် ရန်ကုန်ဆိပ်ကမ်းကို ရေကြောင်းအရာရှိချုပ်အား အုပ်ချုပ်စေခဲ့သည်။
  • ၁၈၇၆ ခုနှစ်တွင် မြစ်ကမ်းနားကော်မတီဖြင့် ပြောင်းလဲအုပ်ချုပ်ခဲ့သည်။
  • ၁၈၇၉ ခုနှစ်တွင် ဆိပ်ကမ်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
  • ၁၈၈၀ ခုနှစ်တွင် ရေဝန်မင်းကြီးများအဖွဲ့ (ရန်ကုန်ဆိပ်ကမ်း ရေဝန်များရုံး)ဖြင့် အုပ်ချုပ်ခဲ့သည်။
  • ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းအက်ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သည်။
  • ၁၉၅၄ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်ခဲ့သည်။
  • ၁၆-၃-၁၉၇၂ နေ့တွင် ဆိပ်ကမ်းကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
  • ၃၁-၃-၁၉၈၉ နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ [][]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]
  • ကုန်လုပ်ငန်းဌာန
  • ကိုယ်စားလှယ်လုပ်ငန်းဌာန
  • ​ရေ​ကြောင်းဌာန
  • မြို့ပြအင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • စာရင်းဌာန
  • လုပ်သား​ရေးရာဌာန
  • ဗဟိုပစ္စည်းထိန်းဌာန
  • နိုင်/လူ/တိုးဌာန
  • ​ဆေးဌာနခွဲ
  • အတွင်းစာရင်းစစ်ဌာနခွဲ
  • ရခိုင်ဆိပ်ကမ်း
  • ဧရာဝတီဆိပ်ကမ်း
  • တနင်္သာရီဆိပ်ကမ်း
  • မွန်ဆိပ်ကမ်း

ရည်မှန်းချက်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ ပင်လယ်ဆိပ်ကမ်းအသီးသီးသို့ ကုန်များ သယ်ဆောင်ရန်အတွက် ဝင် ̸ ထွက်သွားလာသည့် သင်္ဘောများ အားတိုတောင်းသော အချိန်ကာလအတွင်း ကုန်ချခြင်း၊ ကုန်တင် ခြင်း၊ တစ်ဆင့်လွှဲပြောင်းကုန်များကို လက်ခံပေးပို့ ခြင်းများ ပြုလုပ် ပြီး လျင်မြန်စွာ ပြန်လည်ထွက်ခွာနိုင်စေရန် လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြင့် တိုင်းပြည် အတွက် ဘဏ္ဍာငွေများကို ရှာဖွေပေးရန် ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း

[ပြင်ဆင်ရန်]

ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း အား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ဆိပ်ကမ်းဖြစ်သည်။

ရန်ကုန်မြစ်ဝနှင့်ချဉ်းကပ်ရေလမ်းကြောင်း

[ပြင်ဆင်ရန်]

ရန်ကုန်ဆိပ်ကမ်းသည် ရန်ကုန်မြစ်ပေါ်တွင် ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ်တွင် တည်ရှိပြီး မုတ္တမပင်လယ်ကွေ့ အပြင်စည်းခုံရေလမ်းကြောင်းမှ ကုန်းတွင်းပိုင်းသို့ ၃၂ ကီလိုမီတာ ကွာဝေးသည်။ ရန်ကုန် ဆိပ်ကမ်းသို့ ကုန်တန်ချိန် ၂၀၀ နှင့် အထက်ရှိသော ရေယာဉ်များ ဝင်ရောက်ပါက ရေကြောင်းပြအား မယူမဖြစ် တောင်းခံရယူဝင်ရောက်ရမည် ဖြစ်သည်။ ယေဘူယျအားဖြင့် ရေတက်ရေပြည့်ချိန်တွင် အတွင်းစည်းခုံနှင့် အပြင်စည်းခုံတို့အား ဖြတ်သန်း ဝင်ရောက်ရသည်။

ဒီရေအတက်အကျ

[ပြင်ဆင်ရန်]

ပျှမ်းမျှဒီရေအတက်အကျသည် ရေထရက်တွင် ခန့်မှန်း ၁၉.၃ပေ (၅.၈၅)မီတာနှင့် ရေသေရက်တွင် ၈.၄ ပေ (၂.၅၅)မီတာ ရှိသည်။ ၎င်းမှာ ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်း သတ်မှတ်ချက်ဖြစ်သည်။ အခြေခံရေစစ်မျဉ်းအတိုင်းမှတ်တိုင်သည် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ဆိပ်ကမ်းရုံးအနီးတွင် တည်ရှိသည်။

ရေစီးနှုန်း

[ပြင်ဆင်ရန်]

ရန်ကုန်မြစ်၏ ရေထရက် ရေစီးနှုန်းသည် ရေမိုင် ၄ မိုင်မှ ၆ မိုင်နှုန်း ရှိသည်။ ရေတက်ချိန်မှ ၁ နာရီ ၁၅ မိနစ်ခန့် အကြာတွင် ရေတက်ရေ စတင်စီးဆင်းပြီး ရေကျချိန်မှ မိနစ် ၃၀ ခန့် အကြာတွင် ရေကျရေ စတင် စီးဆင်းသည်။

လှိုင်းများ

[ပြင်ဆင်ရန်]

ရန်ကုန်မြစ်အတွင်းရှိ ရေလှိုင်းများသည် ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများအား အနှောင့်အယှက်မပေးနိုင်ပါ။ မြစ်ဝရှိလှိုင်းများအခြေအနေသည် လှိုင်းအမြင့် ၂ မီတာ ထက်နည်းသော လှိုင်းများသာ ဖြစ်ပေါ်လေ့ရှိသည်။

သင်္ဘောအရွယ်အစား

[ပြင်ဆင်ရန်]

ရန်ကုန်ဆိပ်ကမ်းသို့ ရေယာဉ်အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်သော သင်္ဘောများ ဝင်နိုင်ထွက်နိုင်ပြီး သီလဝါဆိပ်ကမ်းသို့ ရေယာဉ်အလျားမီတာ ၂၀၀၊ ရေစူး ၉ မီတာနှင့် ကုန်တန်ချိန် ၂၀၀၀၀ ရှိသော သင်္ဘောများ ဝင် ̸ ထွက်နိုင်သည်။

အလုပ်ချိန်

[ပြင်ဆင်ရန်]

နေ့ဂိုဏ်း အလုပ်ချိန်သည် ၀၈:၀၀ နာရီမှ ၁၆:၀၀ နာရီအထိလည်းကောင်း၊ ညဂိုဏ်းအလုပ်ချိန်သည် ၂၀:၀၀ နာရီမှ ၀၄:၀၀ နာရီအထိလည်းကောင်း ပုံမှန်ဆောင်ရွက်ပေးနေသည်။ အချိန်ပိုလုပ်ကိုင်ရန် လိုအပ်ပါက အလုပ်ချိန် ကာလ အတွင်း ကြိုတင်တောင်းခံနိုင်သည်။

ISPS Code ၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေ

[ပြင်ဆင်ရန်]

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုံခြုံရေးနှင့် ပတ်သက်၍ ၁-၇-၀၄ နေ့မှစပြီး ၂၀၀၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ ချုပ်၏ ချမှတ်ထားသော ISPS Code အရ ဆောင်ရွက်လျက် ရှိသည်။

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ

[ပြင်ဆင်ရန်]
  1. ရေကြောင်းပြလုပ်ငန်း
  2. ကုန်သေတ္တာနှင့်အထွေထွေကုန်ကိုင်တွယ်မှုလုပ်ငန်း
  3. ရေငုပ်လုပ်ငန်း
  4. တွန်းသင်္ဘောဝန်ဆောင်မှုလုပ်ငန်း
  5. သင်္ဘောကိုယ်စားလှယ်လုပ်ငန်း
  6. မီးငြိမ်းသတ်ခြင်းလုပ်ငန်း
  7. ဆိပ်ကမ်းလုံခြုံမှုဆောင်ရွက်ခြင်းလုပ်ငန်း
  8. ရေချိုဖြည့်ဆည်းပေးခြင်းလုပ်ငန်း
  9. သင်္ဘောပြင်ဆင်မှုလုပ်ငန်း

မြန်မာနိုင်ငံရှိဆိပ်ကမ်းများ

ဆိပ်ကမ်း တိုင်းဒေသကြီး/ ပြည်နယ်
ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး
စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ ရခိုင်ပြည်နယ်
ပုသိမ် ဧရာဝတီတိုင်းဒေသကြီး
မော်လမြိုင် မွန်ပြည်နယ်
ထားဝယ်၊ မြိတ်၊ ကော့သောင်း တနင်္သာရီတိုင်းဒေသကြီး

ရန်ကုန်ဆိပ်ကမ်းရှိဆိပ်ခံတံတားများ

[ပြင်ဆင်ရန်]

ဗိုလ်အောင်ကျော်တံတား အမှတ်(၃)

[ပြင်ဆင်ရန်]

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

  • စုစုပေါင်းဧရိယာ - ၁၅ ဧက
  • ဖွင့်လှစ်သည့်နေ့ - ၁၉၉၈ ခုနှစ် ဩဂုတ်လ
  • ကုန်သေတ္တာကိုင်ဆောင်နိုင်မှု - ၁၅၁၅ TEUs
  • အအေးခန်း ကုန်သေတ္တာကိုင်ဆောင်နိုင်မှု - ၅၄ Units

ဗိုလ်တထောင်အမှတ်(၂)ကုန်းတွင်းကုန်သေတ္တာစခန်း

[ပြင်ဆင်ရန်]

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

  • ဖွင့်လှစ်သည့်နေ့ - ၂.၁၂.၉၉
  • လွင်ပြင်ဧရိယာ - ၁၆.၄၅ ဧက
  • ထားသိုနိုင်သောကုန်သေတ္တာလုံးရေ
  • ကုန်ပြည့်ကုန်သေတ္တာ - ၁၉၆ TEUs
  • ကုန်လွတ်ကုန်သေတ္တာ - ၈၀၀ TEUs
  • အအေးခန်းကုန်သေတ္တာ - ၆၀ Units
  • စုစုပေါင်းထားသိုလှောင်နိုင်သောကုန်သေတ္တာ - ၂၈၂၂ TEUs

ဗိုလ်တထောင်အမှတ်(၁)ကုန်းတွင်းကုန်သေတ္တာစခန်း

[ပြင်ဆင်ရန်]

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Allied Container Services Singapore (ဖက်စပ်လုပ်ငန်း)

  • ဖွင့်လှစ်သည့်နေ့ - ၁၉၉၆ ခုနှစ် ဇူလိုင်လ
  • လွင်ပြင်ဧရိယာ - ၉.၇၅ ဧက
  • ထားသိုနိုင်သော ကုန်သေတ္တာလုံးရေ - ၄၀၀၀ TEUs
  • အအေးခန်းကုန်သေတ္တာ - ၃၀ Units
  • စုစုပေါင်းထားသိုလှောင်နိုင်သောကုန်သေတ္တာ - ၄၀၃၀ TEUs

MITT တံတားများ

[ပြင်ဆင်ရန်]

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ

  • ဆိုက်ကပ်နိုင်သောသင်္ဘောအရေအတွက် - ၅ စီး
  • တံတားအလျား - ၁၀၀၀ မီတာ
  • ဆိပ်ခံရှေ့ရေအနက် - ၁၀ မီတာ
  • တင်ချသည့်ကုန်ပစ္စည်း - ကုန်သေတ္တာ၊ အထွေထွေကုန်ပစ္စည်း
  • တံတားအမျိုးအစား - သံကူကွန်ကရစ်
  • ဖွင့်လှစ်သည့်နေ့ - ၉-၁-၁၉၉၇

MIPL တံတားများ

[ပြင်ဆင်ရန်]

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ

  • ဆိုက်ကပ်နိုင်သောသင်္ဘော အရေအတွက် - ၁ စီး
  • တံတားအလျား - ၂၀၀ မီတာ
  • ဆိပ်ခံရှေ့ရေအနက် - ၁၀ မီတာ
  • တင်ချသည့်ကုန်ပစ္စည်း - စားသုံးဆီနှင့်အထွေထွေကုန်ပစ္စည်း
  • တံတားအမျိုးအစား - သံကူကွန်ကရစ်
  • ဖွင့်လှစ်သည့်နေ့ - ၂၅-၃-၁၉၉၈

မြန်မာ့စက်မှုဆိပ်ကမ်းတံတား

[ပြင်ဆင်ရန်]

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ

  • ဆိုက်ကပ်နိုင်သောသင်္ဘောအရေအတွက် - ၂ စီး
  • တံတားအလျား - ၃၁၀ မီတာ
  • ဆိပ်ခံရှေ့ရေအနက် - ၈ မီတာ
  • တင်ချသည့်ကုန်ပစ္စည်း - ကုန်သေတ္တာ
  • တံတားအမျိုးအစား - သံကူကွန်ကရစ်
  • ဖွင့်လှစ်သည့်နေ့ - ၄-၁-၂၀၀၃


အလုံတံတားအမှတ်(၁) ၊ (၂) နှင့် (၃)

[ပြင်ဆင်ရန်]

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ

အမှတ်(၁) အလုံဆိပ်ခံတံတား

[ပြင်ဆင်ရန်]
  • တံတားအလျား - ၁၉၈ မီတာ
  • ဖွင့်လှစ်သည့်နေ့ - ၂၀၀၀ ခုနှစ် မတ်လ

အမှတ်(၂) အလုံဆိပ်ခံတံတား

[ပြင်ဆင်ရန်]
  • တံတားအလျား - ၁၅၆ မီတာ
  • ဖွင့်လှစ်သည့်နေ့ - ၁၉၉၇ ခုနှစ် ဒီဇင်ဘာ

အမှတ်(၃) အလုံဆိပ်ခံတံတား

[ပြင်ဆင်ရန်]
  • တံတားအလျား - အလျား ၈၅၂ ပေ
  • ဖွင့်လှစ်သည့်နေ့ - ၂၅-၁၁-၂၀၀၅
  • စုစုပေါင်းထားသိုလှောင်နိုင်သောကုန်သေတ္တာ - ၃၀၀၀ TEUs

နိုင်ငံတကာဆက်သွယ်ဆောင်ရွက်မှု

[ပြင်ဆင်ရန်]

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် International Association of Ports & Habours (IAPH) အဖွဲ့ဝင်အဖြစ် ၁၉၅၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ASEAN Port Association အဖွဲ့ သို့ ၂၀၀၅ခုနှစ် မေလ ၂၅ရက်တွင် ဝင်ရောက် ခဲ့သည်။

ဓာတ်ပုံများ

[ပြင်ဆင်ရန်]

အကိုးအကား

[ပြင်ဆင်ရန်]

ပြင်ပဆက်သွယ်ရေး

[ပြင်ဆင်ရန်]