မြန်မာလက်ဟန်ပြ ဘာသာစကား
| မြန်မာလက်ဟန်ပြ ဘာသာစကား | |
|---|---|
| မြန်မာနိုင်ငံသုံး လက်ဟန်ပြ ဘာသာစကား | |
ဒေသခံ ပြောဆိုသူများ | ၂၇၀,၀၀၀ (၂၀၂၁)e25 |
အမေရိကန် လက်ဟန်ပြ ဘာသာစကား?
| |
| ဒေသိယစကား | |
| ဘာသာစကားကုဒ်များ | |
| ISO 639-3 | ysm |
| Glottolog | myan1234[၁] |
မြန်မာ လက်ဟန်ပြ ဘာသာစကား (အင်္ဂလိပ်: Burmese Sign Language) သည် မြန်မာနိုင်ငံတွင် နားမကြားသူများနှင့် လက်ဟန်ပြ ဘာသာစကားကို အသုံးပြုသူများ ဆက်သွယ်ပြောဆိုရာတွင် အသုံးပြုသော လက်ဟန်ပြ ဘာသာစကားတစ်ခုဖြစ်သည်။ ၎င်းဘာသာစကားတွင် လက်၏ပုံသဏ္ဌာန်၊ လက်လှုပ်ရှားမှု၊ ကိုယ်ဟန်အမူအရာနှင့် မျက်နှာအမူအရာတို့ကို ပေါင်းစပ်အသုံးပြု၍ အဓိပ္ပာယ်များကို ဖော်ပြသည်။ မြန်မာနိုင်ငံရှိ နားမကြားသူများ၏ လူမှုဘဝ၊ ပညာရေးနှင့် ဆက်သွယ်ပြောဆိုမှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး မြန်မာ့လူမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများနှင့်လည်း ဆက်နွှယ်မှုများ ရှိသည်။[၂]
မြန်မာနိုင်ငံတွင် သိရှိထားသော လက်ဟန်ပြ ဘာသာစကား တစ်မျိုး သို့မဟုတ် နှစ်မျိုး ရှိသည်။ ရန်ကုန်နှင့် မန္တလေးဒေသများတွင် အသုံးပြုသော လက်ဟန်များမှာ တစ်ခုနှင့်တစ်ခု ကွဲပြားမှုများ ရှိသော်လည်း ယင်းတို့သည် ဘာသာစကားတစ်မျိုး၏ ဒေသိယကွဲပြားမှုများ ဖြစ်သည်လား သို့မဟုတ် သီးခြားဘာသာစကားနှစ်မျိုး ဖြစ်သည်လားဆိုသည်မှာ အတိအကျ မသတ်မှတ်နိုင်သေးပေ။ မြန်မာနိုင်ငံရှိ နားမကြားသူများအတွက် ပညာသင်ကြားပေးသည့် ကျောင်းများအနက် သမိုင်းကြောင်းရှည်လျားသော ကျောင်းများမှာ ရန်ကုန်မြို့ရှိမေရီချက်ပ်မန်း နားမကြားသူများကျောင်း(Mary Chapman School for the Deaf)၊ မန္တလေးမြို့ရှိနားမကြားသူများကျောင်း(School for the Deaf, Mandalay) နှင့် ကလေးမြို့ရှိအီမန်နျူရယ် နားမကြားသူများကျောင်း(Immanuel School for the Deaf) တို့ ဖြစ်ကြသည်။ မေရီချက်ပ်မန်း နားမကြားသူများကျောင်းကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး[၃]၊ မန္တလေးရှိ နားမကြားသူများကျောင်းကို ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ၊ ကလေးမြို့ရှိ အီမန်နျူရယ် နားမကြားသူများကျောင်းကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နားမကြားသူများအတွက် အစိုးရကျောင်းတစ်ကျောင်းကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Myanmar Sign"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ Myanmar Sign Language (ysm)။ 17 August 2026 တွင် ပြန်စစ်ပြီး။
- ↑ Mary Chapman, School for the Deaf Children (Myanmar) (18 April 2010)။ 18 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 August 2026 တွင် ပြန်စစ်ပြီး။
- ↑ Kamei, Nobutaka (2004). "Sign Language in Myanmar: One Language or Two?". Sign Languages of Asia 5: 10–19. Japan Institute for Sign Language Studies.