မြန်မာမက်ထရိုဘဏ်လီမိတက်
| အမျိုးအစား | ပုဂ္ဂလိကဘဏ် |
|---|---|
| လုပ်ငန်း | ဘဏ်လုပ်ငန်း |
| တည်ထောင်သည့်နှစ် | ၂၃ ဇန်နဝါရီ ၂၀၁၄ |
| ဌာနချုပ် | အမှတ် (၃၁)၊ ပြည်လမ်းနှင့် မဟာမြိုင်လမ်းထောင့်၊ ကျွန်းတောအလယ်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ |
| ထုတ်ကုန်ပစ္စည်း | ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ |
| ဝက်ဘ်ဆိုက် | metrobank.com.mm |
မြန်မာ မက်ထရိုဘဏ် လီမိတက် (အင်္ဂလိပ်: Myanmar Metro Bank Limited)သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခု ဖြစ်သည်။[၁] ယခင်က မြန်မာအသေးစား ငွေရေးကြေးရေး ဘဏ်လီမိတက် (Myanmar Microfinance Bank Limited) အမည်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ မက်ထရိုဘဏ်အမည်သို့ ပြောင်းလဲခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာ မက်ထရိုဘဏ်သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ထံမှ ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို စတင်ရရှိခဲ့သည်။[၂] ထို့နောက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဘဏ်ခွဲများ စတင်ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများကို စတင်လည်ပတ်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေး ဘဏ်လိုင်စင် (Commercial Banking License) ကို ထပ်မံရရှိခဲ့သည်။
အမည်နှင့် အမှတ်တံဆိပ် ပြောင်းလဲခြင်း
[ပြင်ဆင်ရန်]၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာအသေးစား ငွေရေးကြေးရေး ဘဏ်လီမိတက်မှ မြန်မာ မက်ထရိုဘဏ် လီမိတက် အမည်သို့ ပြောင်းလဲခြင်းကို ဗဟိုဘဏ်က အတည်ပြုခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဘဏ်အမှတ်တံဆိပ် (Logo) အသစ်ကို အသုံးပြုခွင့် ရရှိခဲ့သည်။
ဝန်ဆောင်မှုများ
[ပြင်ဆင်ရန်]လက်ရှိတွင် မြန်မာ မက်ထရိုဘဏ်သည် ဘဏ်ခွဲပေါင်း ၁၄ ဘဏ် ဖွင့်လှစ်ထားရှိပြီး အများပြည်သူဆိုင်ရာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ CB Life နှင့် Metro Bank တို့အကြား အသက်အာမခံဝန်ဆောင်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း။ Metro Bank (၁၄ ဩဂုတ် ၂၀၂၅)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ ပထမဆုံးအသေးစားချေးငွေဘဏ်ဖွင့်လှစ်မည်။ DVB (၁၉ အောက်တိုဘာ ၂၀၁၃)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။