မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ သဘင်အစည်းအရုံး

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)
ဖွဲ့စည်းခြင်း၁၉၄၅; ၈၁ နှစ် အကြာက (၁၉၄၅)
အမျိုးအစားအနုပညာအဖွဲ့အစည်း
ဦးတည်ချက်သဘင်အနုပညာရှင်များ၏ အကျိုးကို ဆောင်ရွက်ပေးရန်
ဌာနချုပ်အင်းစိန်ဘူတာရုံလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
ဝန်ဆောင်မှုဒေသ
မြန်မာနိုင်ငံ
ရုံးသုံးဘာသာစကား
မြန်မာ
ဥက္ကဋ္ဌ
ဦးဖိုးချစ်
နှီးနွယ်အဖွဲ့အစည်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (မိတ်ဖက်)

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)သည် မြန်မာနိုင်ငံရှိ ဇာတ်၊ အငြိမ့်၊ ဆိုင်း၊ ဆပ်ကပ်၊ မျက်လှည့် စသည့် ရိုးရာသဘင်အနုပညာရပ်များနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၏ အကျိုးကို ဆောင်ရွက်ပေးသည့် အဓိကအဖွဲ့အစည်းကြီး ဖြစ်သည်။မြန်မာနိုင်ငံသဘင်အစည်းအရုံးကို ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ ရိုးရာသဘင်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘင်ပညာရှင်များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။မြန်မာသဘင်အစည်းအရုံးသည် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်၊ အင်းစိန်ဘူတာရုံလမ်း တွင် တည်ရှိသည်။ လက်ရှိသဘင်အစည်းရုံး၏ ဥက္ကဋ္ဌမှာ ဦးဖိုးချစ်ဖြစ်သည်။ အစည်းအရုံးတွင် အမှုဆောင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကို မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး သဘင်အနုပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ []

တာဝန်ထမ်းဆောင်ခဲ့ကြသူများ

[ပြင်ဆင်ရန်]

ဥက္ကဋ္ဌများ

[ပြင်ဆင်ရန်]
  1. အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ( ၁၉၆၀ - ၁၉၆၉ )
  2. ဦးစိန်အောင်မင်း ( ၁၉၈၆ - ၂၀၀၆ )
  3. ဦးစိန်မာဒင် ( ၂၀၀၇ - ၂၀၁၂ )
  4. ဦးမြကြည် ( ၂၀၁၃ - ၂၀၁၅ )
  5. ဦးဖိုးချစ် ( ၂၀၁၅ - ယနေ့ထိ )

ကိုးကား

[ပြင်ဆင်ရန်]
  1. သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ပူးပေါင်းဆောင်ရွက်မှု (၂၀၂၃ ခုနှစ် မေလ ၈ ရက်)။ ၃ မတ် ၂၀၂၆ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။