မြန်မာနိုင်ငံ ရင်ချင်းဆက်အမြွာ ခွဲစိပ်မှုမှတ်တမ်း

ဝီကီပီးဒီးယား မှ
  1. ပထမအကြိမ် - မနန်းစိုး၊ မနန်းစံ (၁၉၇၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့) ရန်ကုန်မြို့
  2. ဒုတိယအကြိမ် - အေးအေးငြိမ်း၊ အိအိငြိမ်း (၁၉၉၃ ခုနှစ်) ရန်ကုန်မြို့
  3. တတိယအကြိမ် - မိုးပပမောင်၊ မိုးပပအောင် တင်ပဆုံအရိုးကွင်းဆက် (၂၀၀၂ ခုနှစ်) မန္တလေးမြို့
  4. စတုတ္ထအကြိမ် - မစိုပြေလင်း၊ မစိုပြေဝင်း (၂၀၀၉ ခုနှစ်) ရန်ကုန်မြို့
  5. ပဉ္စမအကြိမ် - မအင်ကြင်းခိုင်၊ မအင်ကြင်းလှိုင် (၂၀၁၁ ခုနှစ်)ရန်ကုန်မြို့
  6. ဆဋ္ဌမအကြိမ် - ရန်ကင်း ၊ ရန်ရှင်း (၂၀၁၁ ခုနှစ်) ရန်ကုန်မြို့
  7. သတ္တမအကြိမ် - အောင်ခန့်ကျော် ၊ အောင်မြတ်ကျော် တင်ချင်းဆက် (၂၀၁၂ ခုနှစ်) မန္တလေးမြို့
  8. အဋ္ဌမအကြိမ် - ရင်ချင်းဆက်  ? ၊  ? (၂၀၁၃ ခုနှစ်) ရန်ကုန်မြို့


စိုပြေဝင်း၊ စိုပြေလင်း ရင်ချင်းဆက် အမြွှာညီအစ်မနှစ်ယောက်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ခွဲစိပ်မှုပြုလုပ်ခဲ့ပြီး ညီမအငယ်ဖြစ်သူ စိုပြေလင်းမှာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် ကျောက်ကပ်ရောင်‌ေဝဒနာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တွင် မွေးဖွားခဲ့သည့် မအင်ကြင်းခိုင်နှင့် မအင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာအား ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၉ ရက်နေ့က ခွဲစိပ်ခဲ့သည်။ ရန်ကုန်ကလေးဆေးရုံကြီး၊ တိုးချဲ့ဆောင်တွင် နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ခွဲစိပ်မှု စတင်ပြင်ဆင်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ် တွင် ပါမောက္ခဒေါက်တာထူးဟန် က စတင်ခွဲစိပ်ပေးခဲ့ရာ နံနက် ၁၀ နာ ရီ ၁၁ မိနစ်တွင် သီးခြားစီခွဲထုတ်နိုင်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]