မြန်မာနိုင်ငံ မြေငလျင်ကော်မတီ
| ဆောင်ပုဒ် | ငလျင်ဒဏ် မှ လျော့ပါးသက်သာနိုင်သော အဆောက်အအုံများ တည်ဆောက်နေနိုင်ရေး၊ ရှိဆဲ အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်မွမ်းမံရေး |
|---|---|
| ဖွဲ့စည်းခြင်း | ၂၅ ဩဂုတ် ၁၉၉၉ |
| တည်ထောင်သူ | မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် |
| တရားဝင်အနေအထား | လှုပ်ရှားအဖွဲ့အစည်း |
| ဌာနချုပ် | လှိုင်တက္ကသိုလ်များနယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ |
ဥက္ကဋ္ဌ | ဦးညွန့်မောင်စန်း |
| ဝက်ဘ်ဆိုဒ် | myanmarearthquakecommittee.org |
မြန်မာနိုင်ငံ မြေငလျင်ကော်မတီ သည် မြန်မာနိုင်ငံတွင် မြေငလျင် ဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် ငလျင်ဆိုင်ရာသုတေသန လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၉၉ ခုနှစ် တွင် မြန်မာနိုင်ငံ မြေငလျင် ကော်မတီကို မြန်မာ့မီးရထား အငြိမ်းစား ဒုတိယအင်ဂျင်နီယာချုပ် ဦးသန်းမြင့်၊ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ညီလှငယ်၊ပါမောက္ခ ဒေါက်တာထင်အောင် တို့ ဦးဆောင်ကာ ထင်ရှားသည့် ငလျင်ပညာရှင်များ၊ဘူမိပညာရှင်များ၊မြို့ပြအင်ဂျင်နီယာများဖြင့် ဖွဲ့စည်းခဲ့သည်။[၂][၃] ထိုမတိုင်မီက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် တွင် ငလျင်ပညာ နှင့် ငလျင်အင်ဂျင်နီယာပညာဆိုင်ရာ အဖွဲ့ငယ် တစ်ခု အဖြစ် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။၂၀၀၃ တောင်တွင်းကြီးငလျင် ဖြစ်ပြီးနောက်တွင် အစိုးရ မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အောက်ရှိ မြေငလျင်ဌာနခွဲ ၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန တို့နှင့်ပါ ပိုမိုနီးကပ်စွာပူးပေါင်းခဲ့သည်။ထို့အပြင် ကော်မတီအတွင်းတွင် ဘာသာရပ် ခေါင်းစဉ်ခွဲ (၄)မျိုးဖြင့် သုတေသနအဖွဲ့များကိုလည်း ထပ်မံဖွဲ့စည်းတည်ထောင်ခဲ့သည်။မြေငလျင်ဆိုင်ရာ ပြည်ပအဖွဲ့အစည်းများနှင့်ပါ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည်။
ဖွဲ့စည်းထားရှိမှု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ မြေငလျင် ကော်မတီ တွင်
- ငလျင်ဘူမိဗေဒသုတေသနအဖွဲ့
- ငလျင်အင်ဂျင်နီယာအတတ်ပညာ သုတေသနအဖွဲ့
- ဘူမိရူပ နှင့် ငလျင်ပညာသုတေသနအဖွဲ့
- ငလျင်ဘေးဆိုင်ရာစီမံခန့်ခွဲမှု သုတေသနအဖွဲ့ တို့ ရှိသည်။
မြေငလျင်ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူများ
[ပြင်ဆင်ရန်]- ဦးသန်းမြင့် (၁၉၉၉ - ၂၀၁၄)
- ဦးကျော်စန်ဝင်း (၂၀၁၄ - ၂၀၁၅)
- ဦးညွန့်မောင်စန်း (၂၀၁၆ - လက်ရှိ)
ပြုစုခဲ့သောမြေပုံများ
[ပြင်ဆင်ရန်]| စဉ် | ခုနှစ် | အမည် | မြေပုံအနှစ်ချုပ် |
| ၁ | ၂၀၀၆ | Seismic Zone Map of Myanmar | မြန်မာနိုင်ငံ၏ ငလျင်ဇုံများအလိုက် ပြင်းထန်အား ခံရနိုင်ခြေကို ဇုံ (၅) ခု ခွဲခြားဖော်ပြထားသည့် မြေပုံ |
| ၂ | ၂၀၀၇ | Tectonic Map of Myanmar | မြန်မာနိုင်ငံ၏ ငလျင်လှုပ်နိုင်သော ပြတ်ရွေ့များ ကို ပြုစုဖော်ပြထားသည့် မြေပုံ |
| ၃ | ၂၀၁၂ | Probablistic Seismic Hazard Maps of Myanmar | မြန်မာနိုင်ငံ၏ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန်ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် ခွဲခြား ဖော်ပြထားသည့် မြေပုံ |
| ၄ | ၂၀၁၂ | Seismic Hazard Map of Mandalay City | မန္တလေးမြို့၏ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြ ထားသည့် မြေပုံ |
| ၅ | ၂၀၁၂ | Seismic Risk Map of Mandalay | မန္တလေးမြို့ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ်နိုင်သည့် ပျက်စီးဆုံးရှုံးနိုင်ခြေများကို နှစ် ၅၀၀ နှင့် နှစ် ၂၅၀၀ ကာလ အတွက် ခွဲခြား ဖော်ပြထားသည့်မြေပုံ |
| ၆ | ၂၀၁၂ | Multi-hazard/isk maps of Rakhine Region | ရခိုင်ပြည်နယ် ဒေသကြီး၏ နေရာဒေသအလိုက် ငလျင်၊ ဆူနာမီ၊ မုန်တိုင်း၊ ရေကြီးမှု၊ တောင်ပြိုမှု၊ တောမီး ဘေးအန္တရာယ် အမျိုးမျိုးခံရနိုင်ခြေ နှင့် ထိခိုက်နိုင်မှုများကို ဖော်ပြထားသည့်မြေပုံ |
| ၇ | ၂၀၁၄ | Seismic Hazard of Yangon City | ရန်ကုန်မြို့၏ နေရာဒေသအလိုက် အမြင့် ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားသည့် မြေပုံ |
| ၈ | ၂၀၁၄ | Seismic Hazard Map of Bago City | ပဲခူး မြို့ ၏ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ်နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားသည့်မြေပုံ |
| ၉ | ၂၀၁၄ | Seimic Hazard Map of Taungoo City | တောင်ငူမြို့၏ နေရာဒေသအလိုက် အမြင့် ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားသည့်မြေပုံ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံ ငလျင်ကော်မတီ နှစ်(၂၀)ပြည့် အခမ်းအနားကျင်းပ။ Myanmar Digital News (၂၅ ဩဂုတ် ၂၀၁၉)။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ငလျင်ကြီး လှုပ်မှာကို အချက်ပြနေတာလားလို့ ထင်တယ်။ The Irrawaddy (၅ အောက်တိုဘာ ၂၀၁၉)။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြေငလျင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ။ RFA Burmese (၈ အောက်တိုဘာ ၂၀၁၆)။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။