မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ မြေငလျင်ကော်မတီ
ဆောင်ပုဒ်ငလျင်ဒဏ် မှ လျော့ပါးသက်သာနိုင်သော အဆောက်အအုံများ တည်ဆောက်နေနိုင်ရေး၊ ရှိဆဲ အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်မွမ်းမံရေး
ဖွဲ့စည်းခြင်း၂၅ ဩဂုတ် ၁၉၉၉ (၁၉၉၉-၀၈-၂၅)
တည်ထောင်သူမြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်
တရားဝင်အနေအထားလှုပ်ရှားအဖွဲ့အစည်း
ဌာနချုပ်လှိုင်တက္ကသိုလ်များနယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
ဥက္ကဋ္ဌ
ဦးညွန့်မောင်စန်း
ဝက်ဘ်ဆိုဒ်myanmarearthquakecommittee.org

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ သည် မြန်မာနိုင်ငံတွင် မြေငလျင် ဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် ငလျင်ဆိုင်ရာသုတေသန လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၉၉ ခုနှစ် တွင် မြန်မာနိုင်ငံ မြေငလျင် ကော်မတီကို မြန်မာ့မီးရထား အငြိမ်းစား ဒုတိယအင်ဂျင်နီယာချုပ် ဦးသန်းမြင့်၊ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ညီလှငယ်၊ပါမောက္ခ ဒေါက်တာထင်အောင် တို့ ဦးဆောင်ကာ ထင်ရှားသည့် ငလျင်ပညာရှင်များ၊ဘူမိပညာရှင်များ၊မြို့ပြအင်ဂျင်နီယာများဖြင့် ဖွဲ့စည်းခဲ့သည်။[][] ထိုမတိုင်မီက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် တွင် ငလျင်ပညာ နှင့် ငလျင်အင်ဂျင်နီယာပညာဆိုင်ရာ အဖွဲ့ငယ် တစ်ခု အဖြစ် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။၂၀၀၃ တောင်တွင်းကြီးငလျင် ဖြစ်ပြီးနောက်တွင် အစိုးရ မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အောက်ရှိ မြေငလျင်ဌာနခွဲရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန တို့နှင့်ပါ ပိုမိုနီးကပ်စွာပူးပေါင်းခဲ့သည်။ထို့အပြင် ကော်မတီအတွင်းတွင် ဘာသာရပ် ခေါင်းစဉ်ခွဲ (၄)မျိုးဖြင့် သုတေသနအဖွဲ့များကိုလည်း ထပ်မံဖွဲ့စည်းတည်ထောင်ခဲ့သည်။မြေငလျင်ဆိုင်ရာ ပြည်ပအဖွဲ့အစည်းများနှင့်ပါ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည်။

ဖွဲ့စည်းထားရှိမှု

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ မြေငလျင် ကော်မတီ တွင်

  • ငလျင်ဘူမိဗေဒသုတေသနအဖွဲ့
  • ငလျင်အင်ဂျင်နီယာအတတ်ပညာ သုတေသနအဖွဲ့
  • ဘူမိရူပ နှင့် ငလျင်ပညာသုတေသနအဖွဲ့
  • ငလျင်ဘေးဆိုင်ရာစီမံခန့်ခွဲမှု သုတေသနအဖွဲ့ တို့ ရှိသည်။

မြေငလျင်ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူများ

[ပြင်ဆင်ရန်]
  • ဦးသန်းမြင့် (၁၉၉၉ - ၂၀၁၄)
  • ဦးကျော်စန်ဝင်း (၂၀၁၄ - ၂၀၁၅)
  • ဦးညွန့်မောင်စန်း (၂၀၁၆ - လက်ရှိ)

ပြုစုခဲ့သောမြေပုံများ

[ပြင်ဆင်ရန်]
စဉ် ခုနှစ် အမည် မြေပုံအနှစ်ချုပ်
၂၀၀၆ Seismic Zone Map of Myanmar မြန်မာနိုင်ငံ၏ ငလျင်ဇုံများအလိုက် ပြင်းထန်အား ခံရနိုင်ခြေကို ဇုံ (၅) ခု ခွဲခြားဖော်ပြထားသည့် မြေပုံ
၂၀၀၇ Tectonic Map of Myanmar မြန်မာနိုင်ငံ၏ ငလျင်လှုပ်နိုင်သော ပြတ်ရွေ့များ ကို ပြုစုဖော်ပြထားသည့် မြေပုံ
၂၀၁၂ Probablistic Seismic Hazard Maps of Myanmar မြန်မာနိုင်ငံ၏ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန်ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် ခွဲခြား ဖော်ပြထားသည့် မြေပုံ
၂၀၁၂ Seismic Hazard Map of Mandalay City မန္တလေးမြို့၏ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြ ထားသည့် မြေပုံ
၂၀၁၂ Seismic Risk Map of Mandalay မန္တလေးမြို့ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ်နိုင်သည့် ပျက်စီးဆုံးရှုံးနိုင်ခြေများကို နှစ် ၅၀၀ နှင့် နှစ် ၂၅၀၀ ကာလ အတွက် ခွဲခြား ဖော်ပြထားသည့်မြေပုံ
၂၀၁၂ Multi-hazard/isk maps of Rakhine Region ရခိုင်ပြည်နယ် ဒေသကြီး၏ နေရာဒေသအလိုက် ငလျင်၊ ဆူနာမီ၊ မုန်တိုင်း၊ ရေကြီးမှု၊ တောင်ပြိုမှု၊ တောမီး ဘေးအန္တရာယ် အမျိုးမျိုးခံရနိုင်ခြေ နှင့် ထိခိုက်နိုင်မှုများကို ဖော်ပြထားသည့်မြေပုံ
၂၀၁၄ Seismic Hazard of Yangon City ရန်ကုန်မြို့၏ နေရာဒေသအလိုက် အမြင့် ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားသည့် မြေပုံ
၂၀၁၄ Seismic Hazard Map of Bago City ပဲခူး မြို့ ၏ နေရာဒေသအလိုက် အမြင့်ဆုံးဖြစ်နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားသည့်မြေပုံ
၂၀၁၄ Seimic Hazard Map of Taungoo City တောင်ငူမြို့၏ နေရာဒေသအလိုက် အမြင့် ဆုံးဖြစ် နိုင်သည့် ငလျင်လှိုင်းရှိန် ကို နှစ် ၅၀၀ ကာလ နှင့် နှစ် ၂၅၀၀ ကာလ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားသည့်မြေပုံ

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံ ငလျင်ကော်မတီ နှစ်(၂၀)ပြည့် အခမ်းအနားကျင်းပ Myanmar Digital News (၂၅ ဩဂုတ် ၂၀၁၉)။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ငလျင်ကြီး လှုပ်မှာကို အချက်ပြနေတာလားလို့ ထင်တယ် The Irrawaddy (၅ အောက်တိုဘာ ၂၀၁၉)။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. မြေငလျင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ RFA Burmese (၈ အောက်တိုဘာ ၂၀၁၆)။ ၂၇ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။