မြန်မာနိုင်ငံရှိ တိဘက်လူမျိုးများ
| လူဦးရေ စုစုပေါင်း | |
|---|---|
| ၂၀၀+ | |
| အများစု နေထိုင်သည့် နေရာ | |
| ဒဟွန်းဒမ်းရွာ၊ နောင်မွန်းမြို့နယ် | |
| ဘာသာစကား | |
| တိဘက်၊ ဗမာ | |
| ကိုးကွယ်မှု | |
| ဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| တိဘက် |
မြန်မာနိုင်ငံရှိ တိဘက်လူမျိုးများသည် တိဘက်ဒေသအပြင်ဘက်တွင် နေထိုင်ပြီး တိကျသောလူဦးရေမသိရှိရသေးပါ။ မြန်မာနိုင်ငံ မြောက်ဘက်စွန်းဒေသတွင်ရှိသော ဒဟွန်းဒမ်းရွာ၊ နောင်မွန်းမြို့နယ်တွင် တိဘက်လူမျိုးအမြားအပြားနေထိုင်သည်။၁၉၃၂ ခုနှစ်ကဲ့သို့ ၂၀ရာစုအစောပိုင်းကာလများတွင် တိဘက်ဒေသမှ ကုန်သွယ်မှုများဖြင့် ထိုဒေသသို့ပြောင်းရွေ့မှုများရှိခဲ့သည်။ ၂၀၀၃ခုနှစ်အထိ တိဘက်ခမ်းလူမျိုးကုန်သည်များသည် မြန်မာပြည်နယ်စပ်ဒေသများကိုဖြတ်၍ ကုန်သွယ်မှုများရှိနေဆဲဖြစ်သည်။[၁] ၂၀၀၂-၀၃ ခုနှစ်တွင်, California Academy of sciences မှ P. Christiaan Klieger နှင့် ဓာတ်ပုံဆရာ Dong Lin က သူတို့၏ဒုတိယအကြိမ် ခါကာဘိုရာဇီဒေသ ခရီးတွင် မနုဿဗေဒ စစ်တမ်းကိုအောင်မြင်စွာကောက်ယူနိုင်ခဲ့သည်။ သူတို့သည် ခမ်းတိဘက်လူမျိုးအပါအဝင် Nyima နှင့် Gyaltsen လူမျိုးများနေထိုင်ပြီး စုစုပေါင်း လူဦးရေ ၂၀၀နေထိုင်သည့် တဟွန်ဒမ်းရွာသို့ ရောက်ရှိခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 21 October 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., by Dr. Christiaan Klieger
- ↑ Klieger၊ P. Christiaan (2006)။ "A Tale of the Tibeto-Burman 'Pygmies'"။ in P. Christiaan Klieger (ed.)။ Proceedings of the Tenth Seminar of the IATS, 2003, Volume 2 Tibetan Borderlands။ Leiden။