မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အတည်ပြုလူနာများ

ဝီကီပီးဒီးယား မှ

အောက်ပါတို့သည် မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုတွင် ရောဂါပိုးကူးစက်ခံရသော အတည်ပြုလူနာများ စာရင်းဖြစ်သည်။

တီးတိန်မြို့နယ်မှလူနာ၏ ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

ရင်းမြစ် ဆက်လက်ကူးစက်သူ
C1 C21
31
74
78
88

C1 - တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှလူနာ (၂၃ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ချင်းပြည်နယ်တီးတိန်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ရောဂါပိုးတွေ့ရှိခဲ့သော အသက် (၃၆)နှစ်အရွယ်အမျိုးသားမှာ မတ်လ(၁၃)ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှ အ​မေရိကန်​လေ​ကြောင်းလိုင်း (AA3269)ဖြင့် အ​မေရိကန်နိုင်ငံ ချီကာဂို (Chicago)သို့၎င်း၊ ထိုမှတစ်ဆင့် ကာတာနိုင်ငံဒိုဟာမြို့သို့ ကာတာ​လေ​ကြောင်းလိုင်း (Qatar 726)ဖြင့်လည်း​ကောင်း၎င်း ထွက်ခွာခဲ့သည်။ မတ်လ (၁၄)ရက်​နေ့တွင် ဒိုဟာမြို့မှ ကာတာ​လေ​ကြောင်းလိုင်း (Qatar 916)ဖြင့် ထွက်ခွာလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ​လေဆိပ်သို့ မတ်လ(၁၅)ရက်​နေ့ နံနက် (၅:၃၅)တွင်ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (UB 503)ဖြင့် ထွက်ခွာရာ မတ်လ(၁၅)ရက်နေ့ နေ့လယ် ၂:၃၀တွင် ကလေးမြို့သို့ ရောက်ရှိခဲ့သည်။

ကလေးမြို့တွင် မတ်လ (၁၅)ရက်မှ မတ်လ (၁၇)ရက်​​နေ့အထိ တပ်ဦးသီတာ၊ ရတနာပုံလမ်း၌ တည်းခိုခဲ့သည်။ မတ်လ (၁၅)ရက်​နေ့ ညနေတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့သည်။ မတ်လ (၁၆)ရက်နေ့တွင် ချယ်ရီဓာတ်ပုံစတူဒီယိုတွင် pre wedding ရိုက်ကူးခဲ့သည်။ မတ်လ (၁၇)ရက်နေ့တွင် ကလေးမြို့မှ ခရီးသည်(၁၂)ဦးပါဝင်သော ပြည်ချစ်သား အဝေးပြေးယာဉ်ဖြင့် တီးတိန်မြို့သို့ ထွက်ခွာခဲ့သည်။ ထိုညတွင် တီးတိန်မြို့နယ် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုခဲ့သည်။ မတ်လ (၁၈)ရက်နေ့တွင် ဘာသာရေးအသင်းကားဖြင့် ကယ်တဲလ်ကျေးရွာသို့ထွက်ခွာခဲ့သည်။ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖျားနာခဲ့ပြီး ထိုကျေးရွာရှိ PSIဆေးခန်းသို့ နံနက် (၈:၀၀)တွင် ပြသခဲ့သည်။ ထို့နောက် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်သံသယလူနာအဖြစ် ထားရှိခဲ့ကာ မတ်လ(၂၂)ရက်နေ့တွင် ဓာတ်ခွဲနမူနာအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ (၂၃)ရက်နေ့တွင် စစ်ဆေးခဲ့သည့်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့သည်။[၁]

C23 - တီးတိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလူနာ (၉ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် နေထိုင်သော ထိုအမျိုးသမီးသည် C1လူနာ၏ မိခင်ဖြစ်သည်။ လွန်ခဲ့သော ၁၄-ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း မတ်လ(၁၃)ရက်နေ့တွင် သားဖြစ်သူနှင့်အတူ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှ ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှတစ်ဆင့် မတ်လ၁၅ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ရောက်ခဲ့သည်။ ရန်ကုန်လေဆိပ်မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ထိုနေ့တွင်ပင်ထွက်ခွာခဲ့ပြီး မတ်လ၁၇ရက်နေ့တွင် တီးတိန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ မတ်လ(၁၈)ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ရောက်ခဲ့သည်။ မတ်လ(၁၉)ရက်နေ့တွင် C1လူနာသည် စတင်ဖျားခဲ့ပြီး အိမ်တွင်စောင့်ကြည့်ရာတွင် ဤအမျိုးသမီးကိုပါ စောင့်ကြည့်ခဲ့သည်။ C1လူနာအား ရောဂါအတည်ပြုပြီးနောက် ဤအမျိုးသမီးအား ရွာရှိ သီးခြားအိမ်တစ်လုံးတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး စောင့်ကြည့်မှုပြီးမြောက်ခါနီး၍ ဧပြီလ(၇)ရက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ(၉)ရက်နေ့ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ ဤအမျိုးသမီးသည် ရောဂါလက္ခဏာ ပြသခြင်းမရှိခဲ့ပေ။

C31 - တီးတိန်မြို့နယ်ပြည်သူ့​ဆေးရုံမှလူနာ (၁၁ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

အတည်ပြုလူနာC1သည် က​လေးမြို့မှ တီးတိန်မြို့သို့ သွားစဉ် ယခုလူနာ၏ ​နေအိမ်တွင် တည်းခိုခဲ့သည်။ လူနာC1အား အတည်ပြုလူနာအဖြစ် သတ်မှတ်ပြီး​နောက် ဤလူနာအား မတ်လ(၂၅)ရက်​နေ့မှစတင်ကာ ​နေအိမ်တွင် အသွားအလာကန့်သတ်​စောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ(၁၁)ရက်နေ့ ည (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။

ဤလူနာမှာ အတည်ပြုလူနာ C1နှင့် C23တို့နှင့် ထိ​တွေ့ခဲ့သည်။ ထိုလူနာများ ရန်ကုန်မြို့မှ က​လေးမြို့၊ ထိုမှတစ်ဆင့် တီးတိန်မြို့သို့ လာ​ရောက်စဉ် မတ်လ(၁၈)ရက်​နေ့က ဤလူနာ၏ ​နေအိမ်တွင် တစ်ညအိပ်တည်းခိုသွားခဲ့သည်။

C74 - (၁၄ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ဤလူနာသည် အတည်ပြုလူနာ C1နှင့်အတူ မတ်လ (၁၇)ရက်​နေ့က ပြည်ချစ်သားလိုင်းကားဖြင့် က​လေးမြို့မှ တီးတိန်မြို့သို့ ထွက်ခွာခဲ့သူဖြစ်သည်။ ထို့​ကြောင့် မတ်လ (၂၄)ရက်​နေ့တွင် က​လေးမြို့ ​နေအိမ်တွင် အသွားအလာကန့်သတ်ခဲ့သည်။ ဤလူနာသည် မတ်လ(၂၃)ရက်​နေ့နှင့် ဧပြီလ (၄)ရက်​နေ့တွင် က​လေးမြို့ တပ်ဦးသီတာရပ်ကွက်ရှိ သွား​ဆေးခန်းတွင် သွားပုံစံယူခြင်း၊ သွားစိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

C2 - ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှလူနာ (၂၃ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံတွင် တွေ့ရှိခဲ့သော အသက်(၂၆)နှစ်အရွယ် အမျိုးသားမှာ မတ်လ (၂၂)ရက်နေ့တွင် အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှ အမ်းမရိတ်​လေ​ကြောင်းလိုင်းဖြင့် ဒူဘိုင်းမြို့သို့၎င်း၊ ထိုမှတစ်ဆင့် ​လေယာဉ်အမှတ် FZ 1585ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့သည်။ ထိုသူသည် ရောက်ရှိစဉ်မှစ၍ ကိုယ်ပူဖျားနာခြင်းများနှင့် ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား မတ်လ၂၃ရက်နေ့တွင် ပေးပို့စစ်ဆေးရာ ထိုနေ့ညတွင် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။[၁]

C3 - ရန်ကုန်မြို့ အင်းစိန်ပြည်သူ့ဆေးရုံမှလူနာ (၂၅ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ဤလူနာသည် မတ်လ ၂၀ရက်​နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ကာတာ​လေ​ကြောင်းလိုင်း (0010 H)ဖြင့်လည်း​ကောင်း၊ ဒိုဟာမြို့မှ ထိုင်းနိုင်ငံ ဘန်​ကောက်မြို့သို့ ကာတာ​လေ​ကြောင်းလိုင်း (0830 H)ဖြင့်လည်း​ကောင်း ထွက်ခွာခဲ့သည်။ မတ်လ ၂၁ရက်​နေ့တွင် ဘန်​ကောက်မြို့ သုဝဏ္ဏဘူမိ​လေဆိပ်မှ PG701​​လေယာဉ်ဖြင့် လိုက်ပါလာရာ ရန်ကုန်မြို့ မင်္ဂလာဒုံ​လေဆိပ်သို့ ထို​နေ့နံနက် (၉:၄၅)တွင် ​ရောက်ရှိခဲ့သည်။

​လေဆိပ်မှ အင်းစိန်မြို့နယ်ရှိ ၎င်း​နေထိုင်ရာအိမ်သို့ အငှားယာဉ်ဖြင့် သွား​ရောက်ခဲ့ကာ မိသားစု၇ဦးနှင့် ​နေထိုင်ခဲ့သည်။ မတ်လ၂၂ရက်​နေ့တွင် အင်းစိန်မြို့နယ်ရှိ Hair Saloonသို့သွား​ရောက်ခဲ့သည်။ မတ်လ၂၃ရက်နေ့တွင် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းလက္ခဏာများကြောင့် အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့သည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ်လ ၂၄ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ပြီး မတ်လ၂၅ရက် နံနက် (၁:၀၀)အချိန်ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။[၂]

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C6

C4 - မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှလူနာ (၂၇ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွင်​နေထိုင်​သော အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာလူမျိုးအသက် (၃၃)နှစ်အရွယ်အမျိုးသားသည် အမေရိကန်နိုင်ငံ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ကာတာ​လေ​ကြောင်းလိုင်းဖြင့်၎င်း၊ ဒိုဟာမှ ရန်ကုန်မြို့သို့ မတ်လ၁၉ရက်နေ့ ညနေ၆နာရီတွင် Qatar Airline (QR 916)ဖြင့်၎င်း ပြန်လည် ရောက်ရှိလာခဲ့သည်။ တောင်ဥက္ကလာပမြို့နယ်တွင် တစ်ညတည်းခိုခဲ့ကာ မတ်လ၂၀ရက်နေ့ည ၁၀နာရီအချိန်တွင် ခိုင်မန္တ​လေးအဝေးပြေးကားဖြင့် မန္တလေးမြို့သို့ ထွက်ခွာခဲ့ကာ ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိနေအိမ်သို့ သုံးဘီးအငှားယာဉ်ဖြင့် ပြန်လည် ရောက်ရှိခဲ့သည်။ မတ်လ ၂၂ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများကြောင့် မတ်လ(၂၅)ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြသရာမှ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့သည်။ မတ်လ ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး မတ်လ ၂၇ရက်နေ့ နံနက် ၁:၄၅အချိန်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။[၃]ထိုလူနာမှာ ဧပြီလ (၃)ရက်​နေ့တွင် တစ်ကြိမ်၊ ဧပြီလ (၆)ရက်​နေ့တွင် တစ်ကြိမ် ​ရောဂါNegativeပြ၍ ဧပြီလ(၈)ရက်​နေ့တွင် ကန်​တော်နဒီ​ဆေးရုံတွင် သီးခြားထား၍ ​စောင့်ကြည့်ခဲ့ပြီး ဧပြီလ (၁၁)ရက်​နေ့တွင် မန္တ​လေးမြို့ရှိ နဒီမြန်မာဟိုတယ်သို့ ​ပြောင်း၍ ​စောင့်ကြည့်ခဲ့သည်။

C5 - ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှလူနာ (၂၇ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နေထိုင်သော အသက်၆၉နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျနိုင်ငံတွင် တစ်လခန့် သွားရောက်ကုသခဲ့သည်။ အပြန်တွင် စင်ကာပူနိုင်ငံ၌ ၄ရက်ခန့်နေထိုင်ခဲ့ကာ မတ်လ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထိုလူနာသည် မတ်လ ၁၀ရက်​နေ့တွင် ဩစ​တြေးလျနိုင်ငံမှ စ်ကာပူနိုင်ငံသို့ Emarte Airline SG EK-45ဖြင့်လည်း​ကောင်း၊မတ်လ ၁၄ရက်​နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Airline 8M 232ဖြင့်လည်း​ကောင်း စီးနင်းခဲ့သည်။ မတ်လ ၁၈ရက်နေ့မှစ၍ ဖျားခြင်း၊ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများကြောင့် မတ်လ၂၅ရက်နေ့မှစတင်ကာ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်ကုသခဲ့ပြီး ၂၆ရက်နေ့စစ်ဆေးချက်အရ ရောဂါပိုးတွေ့ရှိကြောင်း မတ်လ ၂၇ရက်နေ့ နံနက် ၁:၄၅အချိန်တွင်ထုတ်ပြန် အတည်ပြုခဲ့သည်။[၃]မတ်လ ၂၇ရက်​နေ့ နံနက်မှစ၍ ​ဝေဘာဂီအထူးကု​ဆေးရုံ အထူးကြပ်မတ်ကုသ​ဆောင်တွင်ထား၍ ကုသ​ပေးခဲ့​သော်လည်း အသက်အရွယ်ကြီးခြင်း၊​ကင်ဆာရောဂါအခံရှိခြင်းနှင့် ဓာတ်​ရောင်ခြည်ကုသမှုခံယူ​နေရသဖြင့် ခုခံအား ကျဆင်း​နေခြင်းတို့​ကြောင့် လူနာ၏ အ​ခြေအ​နေမှာ ဆိုးရွားလာပြီး မတ်လ၃၁ရက်နေ့ နံနက် ၇:၂၅အချိန်တွင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ရသည့် အ​ကြောင်းအရင်း[ပြင်ဆင်ရန်]

  • လတ်တ​လော ပြင်းထန် အသက်ရှူလမ်း​ကြောင်း ပိုးဝင်၍ ​သွေးဆိပ်တက်ခြင်း။
  • COVID - 19​ကြောင့်ဖြစ်ပွား​သော ပြင်းထန်အဆုတ်​ရောင်​ရောဂါ။
  • နှာ​ခေါင်းကင်ဆာ​ရောဂါအား ဓာတ်​ရောင်ခြည်ဖြင့် ​ဆေးကုသမှုခံယူ​နေခြင်း။

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C10

C6 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၂၈ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှ အသက်၂၉နှစ်အရွယ် အမျိုးသားမှာ မတ်လ၂၅ရက်နေ့ကအတည်ပြုခဲ့သော C3လူနာနှင့်အတူ မတ်လ၂၀ရက်​နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ကာတာ​ဘ​လေ​ကြောင်းလိုင်း (0010 H)ဖြင့်လည်း​ကောင်း၊ဒိုဟာမြို့မှ ထိုင်းနိုင်ငံ ဘန်​ကောက်မြို့သို့ ကာတာ​လေ​ကြောင်းလိုင်း (0830 H)ဖြင့်လည်း​ကောင်း။ ဘန်​ကောက်မြို့မှ ရန်ကုန်မြို့သို့ PG 701​လေယာဉ်ဖြင့်လည်း​ကောင်း ပြန်လည်​ရောက်ရှိခဲ့သည်။ မတ်လ ၂၁ရက်​နေ့ နံနက် (၉:၄၅)တွင် ရန်ကုန်​လေဆိပ်သို့ ​ရောက်ရှိကာ ​နေအိမ်တွင် Self quarantineဖြင့် ​နေထိုင်ခဲ့ပြီး C3လူနာအား အတည်ပြုပြီး​နောက် မတ်လ ၂၆ရက်နေ့မှစကာ ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာပိတ်ပင် စောင့်ကြည့်ခဲ့သည်။ ထို့နောက် ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၂၇ရက်နေ့ညတွင် စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ပြီး မတ်လ ၂၈ရက်နေ့ နံနက် ၁၂:၁၅မိနစ်ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ဤလူနာမှာ မတ်လ၂၉ရက်​နေ့ညပိုင်းအထိ ဖျားခြင်း၊​ချောင်းဆိုးခြင်းစသည့် ​ရောဂါလက္ခဏာများ မပြသခဲ့​ပေ။[၄]

C7 - နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံမှလူနာ (၂၈ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ဆွစ်ဇာလန်နိုင်ငံသူဖြစ်သော ဤလူနာမှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ထိုမှတစ်ဆင့် မတ်လ ၁၈ရက်​နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်ပြီး အစစ်အဆေးခံယူနေစဉ် မတ်လ ၂၂ရက်​နေ့တွင် ဖျားခြင်း၊ချောင်းဆိုးခြင်း ဝမ်းသွားခြင်းတို့ကြောင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံတွင် တက်ရောက်ကုသခဲ့သည်။ ထို့နောက် ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၂၇ရက်နေ့ညတွင် စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ပြီး မတ်လ ၂၈ရက်နေ့ နံနက် ၁၂:၁၅မိနစ်ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ ထိုသူသည် မတ်လ၁၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံတွင် အတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့်အတူ ၂နာရီကြာ အနီးကပ်ထိတွေ့ခဲ့သူဖြစ်သည်။[၄]ဤလူနာမှာ ဧပြီလ ၆ရက်​နေ့တွင် တစ်ကြိမ်၊ ဧပြီလ ၈ရက်​နေ့တွင် တစ်ကြိမ် ​ရောဂါNegativeပြ၍ ဧပြီလ၈ရက်​နေ့တွင် ဟိုတယ်တစ်ခုသို့ ​ပြောင်း၍ ​စောင့်ကြည့်ခဲ့သည်။

ပြင်သစ်ဧည့်လမ်းညွှန်၏ ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C8 မိသားစု (C28၊ C40၊ C71)
ခရီးသွားအဖွဲ့ (C11၊ C12၊ C13)
ပြန်လည်​ကောင်းမွန်သူ
C11၊ C12

C8 - ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှလူနာ (၂၈ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ အသက်၆၀အရွယ် အမျိုးသမီးမှာ ဧည့်လမ်းညွှန်ဖြစ်ကာ မတ်လ ၂၅ရက်နေ့မှစတင်ပြီး ချောင်းဆိုးခြင်း၊ အန်ခြင်းတို့ကြောင့် မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြသခဲ့သည်။ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်ခရီးသွား ၁၁ဦးနှင့်အတူ မတ်လ ၁၄ရက်မှ ၂၂ရက်​နေ့အထိ ခရီးသွားခဲ့သည်။ ထို့နောက် ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၂၇ရက်နေ့ညတွင် စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ပြီး မတ်လ ၂၈ရက်နေ့ နံနက် ၁၂:၁၅မိနစ်ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။[၄]ဤလူနာမှာ ​ရောဂါလက္ခဏာမ​ပေါ်​ပေါက်မီ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်​ဈေး၊တရုတ်တန်း၊ပန်းဆိုးတန်းနှင့် ရွှေတိဂုံဘုရားတို့အား သွား​ရောက်ခဲ့သည်။

C28 - ​ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၁၀ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဗဟန်းမြို့နယ်​နေ ဤလူနာမှာ လူနာC8နှင့် ထိ​တွေ့ခဲ့​သော မိသားစုဝင် (C8၏အကို)ဖြစ်သဖြင့် မတ်လ၂၈ရက်​နေ့တွင် ​နေအိမ်၌ အသွားအလာကန့်သတ်ထားရှိခဲ့သည်။ဧပြီလ ၇ရက်​နေ့တွင် ဖျားခြင်း၊ လည်​ချောင်းနာခြင်း ​ချောင်းဆိုးခြင်းတို့​ကြောင့် ဧပြီလ ၉ရက်​နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ ည (၁၀:၁၅)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ လူနာတွင် ဆီးချို၊​သွေးတိုး​ရောဂါအခံ​​ကြောင့် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့​ဆောင်ခဲ့သည်။

ဤလူနာမှာ C8လူနာ ရန်ကုန်​ဆေးရုံကြီးသို့တက်​ရောက်စဉ် ပြုစုခဲ့သူဖြစ်ပြီး ​ဝေဘာဂီ​ဆေးရုံသို့ သွား​ရောက်ရာတွင် တွဲ၍ ကား​ပေါ်သို့ တင်​ပေးခဲ့သည်။

မတ်လ ၂၈ရက်​နေ့မှစတင်ကာ ​​နေအိမ်တွင် အသွားအလာကန့်သတ်​စောင့်ကြည့်ခဲ့ပြီး ဧပြီလ ၇ရက်​နေ့တွင် ဖျားခြင်း၊လည်​ချောင်းနာခြင်း၊​ချောင်းဆိုးခြင်းတို့​ကြောင့် ၉ရက်​နေ့တွင် ရန်ကုန်အ​နောက်ပိုင်း​ဆေးရုံကြီးသို့ သွား​ရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သည်။

C40 - ​​မြောက်ဥက္ကလာပပြည်သူ့​ဆေးရုံကြီးမှလူနာ (၁၃ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်​နေထိုင်​သော ဤအမျိုးသမီးသည် အတည်ပြုလူနာ C8နှင့် C28တို့၏ အတူ​နေမိသားစုဝင်ဖြစ်သည်။C8လူနာအား အတည်ပြုပြီး​နောက် မတ်လ၂၈ရက်နေ့တွင် C28လူနာနှင့်အတူ အသွားအလာကန့်သတ်​စောင့်ကြည့်ခဲ့ပြီး ဧပြီ၉ရက်​နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်​ဆေးရာ ရောဂါပိုးNegativeဖြစ်သည်။ သို့​သော် လူနာမှာ ​မောခြင်း၊​ချောင်းဆိုးခြင်း​ကြောင့် ဧပြီ ၁၂ရက်​​နေ့တွင် ​​မြောက်ဥက္ကလာပပြည်သူ့​ဆေးရုံကြီးသို့ သွား​ရောက်ပြသရာ ​၎င်းအား စောင့်ကြည့်လူနာအဖြစ်ထားပြီး ဓာတ်ခွဲနမူနာထပ်မံရယူစစ်​ဆေးခဲ့သည်။ဧပြီလ ၁၃ရက်​နေ့ နံနက် (၁၂:၃၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့သည်။၎င်းတွင် ​သွေးတိုးနှင့် ​ကျောက်ကပ်​ရောဂါအခံရှိ​နေသည်။

C71 (၁၄ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်​နေထိုင်​သော ဤအမျိုးသမီးသည် အတည်ပြုလူနာ C8C28နှင့် C40တို့၏ အတူ​နေမိသားစုဝင်ဖြစ်သည်။ မတ်လ ၂၈ရက်​နေ့မှစ၍ ​နေအိမ်တွင် အသွားအလာ ကန့်သတ်ခဲ့သည်။ဤလူနာသည် မတ်လ ၂၆ရက်​နေ့အထိ ဆူး​လေရှိ AGDဘဏ်သို့ အကြို/အပို့ယာဉ်ဖြင့် ရုံးတက်ခဲ့သည်။

C11၊ C12၊ C13 - ရန်ကုန်မြို့ ဟိုတယ်တစ်ခုမှလူနာများ (၃၀ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

C8လူနာ၏ ခရီးသွားရာဇဝင်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ၄ဦးအား ရန်ကုန်မြိုရှိ ဟိုတယ်တစ်ခုတွင် မတ်လ ၂၈ရက်နေ့မှစ၍ အသွားအလာ ကန့်သတ်စောင့်ကြပ်စစ်ဆေးခဲ့ပြီး ၂၉ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၃ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မတ်လ၃၀ရက်နေ့ ည၇:၃၀အချိန် ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

ဤလူနာများသည် မတ်လ ၁၄ရက်​နေ့ ​နေ့လယ် (၁:၃၀)တွင် ရန်ကုန်မြို့မှ မန္တ​လေးမြို့သို့ အဲက​မ္ဘောဇ​လေ​ကြောင်းလိုင်း (K76221)ဖြင့် ထွက်ခွာခဲ့သည်။ မန္တ​လေးမြို့တွင် မတ်လ ၁၄ရက်​နေ့မှ ၁၆ရက်​နေ့အထိ ​နေထိုင်ခဲ့ကြပြီး ၁၆ရက်​နေ့တွင် မုံရွာမြို့သို့လည်း​ကောင်း၊ ၁၇ရက်​နေ့တွင် ပခုက္ကူမြို့သို့လည်း​ကောင်း၊၁၈ရက်​နေ့တွင် မုံရွာမြို့မှ ပုဂံမြို့သို့လည်း​ကောင်း၊ ၂၀ရက်​နေ့တွင် ပုဂံမြို့မှ အင်း​လေး၊ပင်းတယမြို့များသို့လည်း​ကောင်း ကားဖြင့်သွား​ရောက်ခဲ့သည်။ မတ်လ ၂၂ရက်​နေ့တွင် ငပလီသို့ 7Y-161​လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။၂၅ရက်​နေ့တွင် ရန်ကုန်သို့ ​လေ​ကြောင်းဖြင့် ပြန်လည်​ရောက်ရှိခဲ့ကာ တာ​မွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့သည်။ မတ်လ ၂၆ရက်​နေ့တွင် ရန်ကုန်မြို့တွင်းရှိ ​လေယာဉ်လက်မှတ်အ​ရောင်းဌာနသို့ သွား​ရောက်ခဲ့သည်။ မတ်လ ၂၈ရက်​နေ့တွင် C8လူနာအား အတည်ပြုပြီး​နောက် ၎င်းတို့အား တည်းခို​နေသည့်ဟိုတယ်ဆွင် အသွားအလာကန့်သတ်ကာ ​စောင့်ကြည့်ခဲ့သည်။[၅]

C9 - ပုလဲမြို့သစ်ပြည်သူ့ဆေးရုံမှလူနာ(၂၉ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ဤလူနာမှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီးတွင်​နေထိုင်​သော အသက် (၄၄)နှစ်အရွယ် အအမျိုးသားဖြစ်သည်။ မတ်လ၂၅ရက်​နေ့ ည​နေပိုင်းတွင် ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံ မဲ​ဆောက်မြို့သို့ ရောက်ရှိကာ မြန်မာနိုင်ငံ မြဝတီမြို့သို့ ည ၇နာရီခန့်တွင် ​ရောက်ရှိသည်။ ထို့​နောက် လူ (၅၇)ဦးပါဝင်​သော ရွှေနန်းထိုက် အ​ဝေး​ပြေးယာဉ်ဖြင့် ထွက်ခွာလာရာ မတ်လ၂၆ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့သည်။ ထို့နေ့တွင်ပင် ဖျားခြင်း၊ချောင်းဆိုးခြင်းတို့ကြောင့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပုလဲမြို့သစ်ဆေးရုံတွင် ​စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ်ကုသခဲ့သည်။ ထို့နောက် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး မတ်လ၂၉ရက်နေ့ ည၁၀:၃၀ အချိန်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။[၆]ဧပြီလ (၁၇)ရက်​နေ့ ည(၈:၀၀)ထုတ်ပြန်ချက်အရ နှစ်ကြိမ်ဆက် ​ရောဂါNegativeပြကာ ပြန်လည် ​ကောင်းမွန်လာခဲ့သည်။

C10 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၂၉ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော ဤအမျိုးသားမှာ မတ်လ၂၇ရက်နေ့က အတည်ပြုလူနာ C5နှင့် အနီးကပ်ထိတွေ့ခဲ့၍ မတ်လ၂၈ရက်နေ့တွင် ဝေဘာဂီဆေးရုံ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ မတ်လ၂၉ရက်နေ့ ည၁၀:၃၀ အချိန်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။ဤလူနာမှာ ဖခင်ဖြစ်သူ လူနာအား ရန်ကုန်ပြည်သူ့​ဆေးရုံကြီးတွင် လိုက်ပါပြုစုခဲ့ခြင်းဖြစ်သည်။[၆]

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C5

C14- ကျောက်မဲပြည်သူ့ဆေးရုံမှလူနာ (၃၀ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက်၂၄နှစ်အရွယ် အမျိုးသားမှာ ထိုင်းနိုင်ငံတွင် ​နေထိုင်စဉ်ကပင် ဗိုက်​အောင့်ခြင်း၊ အန်ခြင်းတို့​ကြောင့် မတ်လ ၂၅ရက်​နေ့တွင် ဘန်​ကောက်မြို့မှ အငှားယာဉ်ဖြင့် ပြန်လာပြီး တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ​နေထိုင်ခဲ့သည်။ မတ်လ ၂၇ရက်​နေ့ ​နေ့လယ် (၁:၃၀)တွင် အဲက​မ္ဘောဇ​လေ​ကြောင်းလိုင်းဖြင့် မန္တ​လေးသို့ထွက်ခွာခဲ့သည်။ မန္တ​လေးအပြည်ပြည်ဆိုင်ရာ​လေဆိပ်တွင် သူငယ်ချင်းဖြစ်သူများမှ လာ​ရောက်ကြိုခဲ့ပြီး ​ကျောက်မဲမြို့သို့ တိုက်ရိုက်ထွက်ခွာခဲ့သည်။​ကျောက်မဲသို့ ​ရောက်ရှိ​သောအခါ ​ကျောက်မဲ​ဆေးရုံ ပြင်ပလူနာဌာနသို့ သွား​ရောက်ပြသခဲ့ပြီး ​နေအိမ်တွင် အသွားအလာကန့်သတ်ကာ ​စောင့်ကြည့်ခဲ့ပြီး မတ်လ၂၈ရက်နေ့ ည(၉:၄၅)အချိန်တွင် အလွန်အမင်း အန်ခြင်း၊ချောင်းဆိုးခြင်းများကြောင့် ညနေပိုင်းတွင် ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံအား အ​ကြောင်းကြားရာ ​ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ မတ်လ၃၀ရက်နေ့ ည၇:၃၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။ မတ်လ ၃၁ရက်​နေ့တွင် ​ကျောက်မဲမြို့မှ လားရှိုးပြည်သူ့​ဆေးရုံသို့ ​ပြောင်းကာ ကုသ​ပေးခဲ့သည်။[၅]

သူနာပြုအမျိုးသမီးနှင့် ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C15 မိသားစု C17 ဆရာဝန် (C30) သူနာပြု (C118၊C119)
C18
C19
C20
​သေဆုံးသူ
C17

C15 - ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံမှလူနာ (၃၁ မတ် ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်တိုင်း၊ နိုင်ငံခြားသားများအား ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် လုပ်ကိုင်နေသော ဗဟန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးမှာ မတ်လ ၂၇ရက်နေ့တွင် ဖျားခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းတို့ကြောင့် မတ်လ၃၀ရက်နေ့တွင် ဗဟန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့သည်။ ထို့နောက် စောင့်ကြည့်ကြပ်မတ်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ မတ်လ၃၁ရက်နေ့ ည၈:၀၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။[၇]ဤလူနာမှာ အတည်ပြုလူနာ C8 (သို့မဟုတ်) C11၊C12၊C13တို့ဖြင့် ထိ​တွေ့ခဲ့သည်ဟု အချို့​သော ပုဂ္ဂလိကသတင်းစာများမှ​ဖော်ပြကြ​သော်လည်း အစိုးရမှ တရားဝင်​ပြောကြားထားခြင်းမရှိ​ပေ။

C17 - ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလူနာများ (၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

အတည်ပြုလူနာ C15၏ အမျိုးသားဖြစ်ကာ ​ပေါက်​ခေါင်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သည်။ အတည်ပြုလူနာဖြစ်သူ ဇနီးသည်မှာ မတ်လ၂၆ရက်​နေ့တွင် ဖျားခြင်း၊လည်​ချောင်းနာခြင်းတို့​ကြောင့် အတူ​နေ သား၊သမီးနှင့် တူမတို့အား လာ​ရောက်​ခေါ်​ဆောင်ရန် ​ပြောသဖြင့် မတ်လ ၂၆ရက်​နေ့ညပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ​နေအိမ်သို့ လာ​ရောက်​ခေါ်​ဆောင်ကာ မတ်လ၂၇ရက်​နေ့တွင် တာဝန်ကျရာ ​ပေါက်​ခေါင်းမြို့ရှိ ​နေအိမ်သို့ ထွက်ခွာခဲ့သည်။ ထို​နေ့ ​နေ့လယ်ပိုင်း၌ ပြည်မြို့ရှိ စတိုးဆိုင်တစ်ခုတွင် လိုအပ်​သော ပစ္စည်းများ ဝယ်ယူခဲ့သည်။ မတ်လ ၃၀ရက်​နေ့တွင် ဇနီးဖြစ်သူအား အတည်ပြုလူနာအဖြစ် သတ်မှတ်ပြီး​နောက် ၎င်းတို့ ၄ဦးအား​​ပေါက်​ခေါင်းမြို့ ​နေအိမ်တွင် အသွားအလာကန့်သတ်ခဲ့သည်။ဧပြီလ ၂ရက်​နေ့ ည(၈:၀၀)ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ်ပါဝင်ခဲ့ပြီး ​​ပေါက်​ခေါင်းမြို့မှ ပြည်မြို့ ပြည်သူ့​ဆေးရုံသို့ ​ပြောင်းကာ ကုသ​ပေးခဲ့သည်။

ဤလူနာမှာ ဧပြီလ၈ရက် နံနက်(၃:၄၀)တွင် ပြည်မြို့၌ ကွယ်လွန်သွားခဲ့သည်။

​သေဆုံးရသည့်အ​ကြောင်းအရင်းများ[ပြင်ဆင်ရန်]

  • ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း
  • ​သွေးတိုး​ရောဂါအခံ

C18၊C19၊C20 - ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလူနာများ (၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

အတည်ပြုလူနာ C15နှင့် အနီးကပ်ထိတွေ့ခဲ့သော မိသားစုဝင်၄ဦးအား ပဲခူးတိုင်း ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၄၇နှစ်အရွယ်ခင်ပွန်းဖြစ်သူ၊၁၀နှစ်အရွယ် သားဖြစ်သူ၊ ၈နှစ်အရွယ် သမီးဖြစ်သူနှင့် ၁၈နှစ်အရွယ် တူမဖြစ်သူတို့တွင် ရောဂါပိုးတွေ့ရှိကြောင်း ဧပြီလ၂ရက်နေ့ ည၈:၀၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။ အတည်ပြုလူနာC17ကွယ်လွန်ပြီး​နောက် မိခင်ဖြစ်သူ C15လူနာ၏ ​မေတ္တာရပ်ခံချက်အရ ၎င်းတို့ ၃ဦးအား ပြည်မြို့မှ မိခင်ရှိရာ ရန်ကုန်မြို့ ​ဝေဘာဂီအထူးကု​ဆေးရုံသို့ ​ပြောင်းကာ ကုသ​ပေးခဲ့သည်။[၈]

C30 - ​ဝေဘာဂီ​ဆေးရုံမှလူနာ (၁၁ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ပြည်မြို့ပြည်သူ့​ဆေးရုံတွင် တာဝန်ထမ်း​ဆောင်​နေ​သော ​မေ့​ဆေးဆရာဝန်တစ်ဦးသည် အတည်ပြု (​သေဆုံး)လူနာ C17အား ကုသရာတွင် အ​ခြေအ​နေအရ ထိ​တွေ့ခဲ့ရသူဖြစ်သည်။၎င်းအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၁ရက်နေ့ ည (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ ထို့​ကြောင့် အ​ဖြေထွက်ပြီးလျှင် ချက်ချင်း ပြည်မြို့မှ ရန်ကုန်မြို့ ​ဝေဘာဂီအထူးကု​ဆေးရုံသို့ ​ခေါ်​ဆောင် ကုသ​ပေးခဲ့သည်။ဤ ဆရာဝန်မှာ ပထမဆုံး​သော ​​ကုသ​ပေးရင်း ရောဂါကူးစက်ခံရသည့် ​ဆေးဝန်ထမ်းဖြစ်သည်။

C118၊C119 - ပြည်မြို့ပြည်သူ့​ဆေးရုံမှလူနာများ (၂၀ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ပြည်မြို့ပြည်သူ့​ဆေးရုံတွင် တာဝန်ထမ်း​ဆောင်​နေ​သော သူနာပြုဆရာမ ၂ဦးဖြစ်သည်။​အတည်ပြုလူနာ C17၊C30တို့နှင့် ထိ​တွေ့မှုရှိခဲ့သည်။၎င်းတို့၂ဦးမှာ ဒုတိယ​မြောက်နှင့် တတိယ​​မြောက် ကူးစက်ခံရ​သော ​ဆေးဝန်ထမ်းများဖြစ်သည်။

C16 - မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှလူနာ (၁ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ဧရာဝတီတိုင်း ရေကြည်မြို့တွင်နေထိုင်သော အသက်၆၃နှစ်အရွယ် အမျိုးသမီးမှာ မတ်လ၁၅ရက်နေ့တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ပြန်လည်ရောက်ရှိလာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုပြီး မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက်၊ နီလာ (၁)လမ်းတွင် တည်းခိုနေထိုင်ခဲ့သည်။ ထိုအချိန်အတွင်း ၂ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရသဖြင့် ​မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပ​ဆေးခန်းတစ်ခုသို့ သွား​ရောက်ပြသခဲ့ကာ ​ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက်သဖြင့် မတ်လ၃၀ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ပြီး အ​ရေး​ပေါ်ဌာနတွင် ပြသခဲ့သည်။ ထိုစဉ် ခရီးသွားရာဇဝင်နှင့် ခရီးသွားပြန်လာသူများနှင့် ထိ​တွေ့မှုရာဇဝင်အား လိမ်လည်ဖြည့်စွက်ခဲ့သဖြင့် ​ဆေးရုံမှ ကျန်းမာ​ရေးဝန်ထမ်း (၁၇)ဦးမှာ အနီးကပ်ထိ​တွေ့ခဲ့သူများ ဖြစ်သွားကာ စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့ရသည်။ ဒူဘိုင်းမှပြန်လာ​သောသားဖြစ်သူနှင့် ထိ​တွေ့မှုကို သိရှိပြီး​နောက် ​စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ သီးခြားထားရှိခဲ့ပြီးမတ်လ၃၁ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဧပြီလ၁ရက်နေ့ ည၈:၀၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။

ဤအမျိုးသမီးကြီးသည် မတ်လ၁၅ရက်​နေ့တွင် ရန်ကုန်မြို့ သမိုင်းလမ်းဆုံသို့ ဘတ်စ်ကားဖြင့်တစ်ကြိမ်သွား​ရောက်ခဲ့သည်။ဤလူနာမှာ လူ​ပေါင်း ၈၉ဦးနှင့် ထိ​တွေ့မိခဲ့ပြီး​ လူ​ပေါင်း (၅၈)ဦးအား အသွားအလာကန့်သတ်​စောင့်ကြည့်ခဲ့ရသည်။

ဧပြီလ ၈ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လူမှုကွန်ယက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားချက်အရ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။[၉]

ကွယ်လွန်ရသည့်အ​ကြောင်းအရင်း[ပြင်ဆင်ရန်]

  • နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပိတ်သွားခြင်း
  • ပြင်းထန်အဆုတ်ရောင်ရောဂါ
  • အမျိုးအစား (၂)ဆီးချိုရောဂါ
  • နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအခံ

C21 - ရန်ကုန်အရှေ့ပိုင်းဆေးရုံမှလူနာ (၄ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သော ထိုအမျိုးသမီးသည် မတ်လ၂၄ရက်နေ့တွင် KE-082​လေယာဉ်ဖြင့် အမေရိကန်နိုင်ငံ နယူး​ယောက်မြို့မှ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့သို့ထွက်ခွာခဲ့ရာ မတ်လ၂၅ရက်​နေ့ ည​နေ (၄:၀၀)တွင် ​ရောက်ရှိခဲ့သည်။ ထို​နေ့ည (၈:၀၀)တွင် ဆိုလ်းမြို့မှ KE-659ဖြင့် ထိုင်းနိုင်ငံ ဘန်​ကောက်မြို့သို့ထွက်ခွာခဲ့သည်။ ထိုမှတစ်ဆင့် မတ်လ ၂၆ရက်​နေ့တွင် MAI​လေ​ကြောင်းလိုင်း (8M-336)​လေယာဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သည်။၎င်းနှင့်အတူ မိခင်နှင့်မောင်ဖြစ်သူတို့ပါ အတူပါရှိသည်။ ထို့နောက် ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထား​သောဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြည့်ခဲ့သည်။​လေဆိပ်မှ ဟိုတယ်သို့ သတ်မှတ်ထား​သော ဘတ်စ်ကားဖြင့် လူ(၁၈)ဦးနှင့်အတူ သွား​ရောက်ခဲ့သည်။ သိုတယ်တွင် အ​မေဖြစ်သူနှင့် တစ်ခန်းတည်း​နေထိုင်ခဲ့ပြီး ​မောင်ဖြစ်သူမှာ အခြားအခန်းတွင် ​နေထိုင်ခဲ့သည်။

ဧပြီလ၂ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း မောပန်းခြင်းတို့ကြောင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဧပြီလ၄ရက်နေ့ ည၈:၀၀အချိန်ထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိကြောင်း ကြေညာခဲ့သည်။[၁၀]

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C22

C22 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၆ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

အတည်ပြုလူနာ C21၏ မိခင်ဖြစ်သည်။ သမီးဖြစ်သူအား အတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီး​နောက် ၎င်းနှင့် သားဖြစ်သူအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ဧပြီလ၆ရက်နေ့ ည၈:၀၀အချိန်ထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိကြောင်း ကြေညာခဲ့သည်။[၁၁]

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C21

အင်းစိန်ဘာသာ​ရေးပွဲမှ ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C24 - ​မြောက်ဥက္ကလာပပြည်သူ့​ဆေးရုံကြီးမှလူနာ (၁၀ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ​နေထိုင်​သော ထိုအမျိုးသားသည် စင်ကာပူနိုင်ငံတွင် သွား​ရောက်အလုပ်လုပ်ကိုင်​နေသူဖြစ်ပြီး မတ်လ၁၉ရက်​နေ့တွင် Silk Air​လေ​ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်​ရောက်ရှိခဲ့သည်။ ရန်ကုန်​ရောက်ပြီး​နောက် ၆မိုင်ခွဲ စီးတီးမတ်သို့ ၅ကြိမ်ခန့်သွား​ရောက်ခဲ့သည်။

ဧပြီလ ၁ရက်​နေ့တွင် ဖျားခြင်း၊​မောပန်းခြင်းခံစားခဲ့ရ​သော်လည်း ​ဆေးရုံ၊​ဆေးခန်းသို့ သွား​ရောက်ပြသခြင်းမရှိဘဲ ​ပျောက်ကင်းသွားသည်။ဧပြီလ၆ရက်​နေ့တွင် လည်​ချောင်းနာခြင်း ​ချောင်းဆိုးခြင်းများ​ကြောင့် ၈ရက်​နေ့တွင် မရမ်းကုန်းမြို့နယ် ​ဒေသန္တရ​ကျန်းမာ​ရေးဌာနသို့ သွား​ရောက်ပြသရာ ​မြောက်ဥက္ကလာပ​ဆေးရုံကြီးသို့ ညွှန်းပိုးခဲ့ပြီးဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက် ၃နာရီအချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။

ဤလူနာမှာ လွန်ခဲ့​သော ၁၄ရက်အတွင်း ​ရောဂါအတည်ပြုလူနာများနှင့် ထိ​တွေ့မှု မရှိခဲ့​ပေ။ ရန်ကုန်မြို့ရှိ အတူ​နေထိုင်သည့် မိသားစုဝင် ၄ဦး၊ အလုပ်သမား ၃ဦးတို့အား ​စောင့်ကြပ်ကြည့်ရှုခဲ့သည်။ဤလူနာမှာ အတည်ပြုလူနာ ၅၀​ကျော် ကူးစက်ခံခဲ့ရသည့် အင်းစိန်ဘာသာ​ရေးပွဲနှင့် ဆက်စပ်မှုရှိခဲ့ပြီး ထိုကူးစက်မှု၏ အဓိကရင်းမြစ်သဖွယ်ဖြစ်ခဲ့သည်။ ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၊ ဗဟို​ကူးစက်​​ရောဂါတိုက်ဖျက်​ရေးဌာနခွဲ၏ ဧပြီလ ၁၇ရက်​နေ့အထိမှတ်တမ်းအရ ဤဘာသာ​ရေးပွဲနှင့် ဆက်စပ်၍ ထိ​တွေ့ခဲ့သူ ၂၇၄ဦးရှိကာ ဧပြီလ ၁၈ရက်​နေ့အထိ အတည်ပြုလူနာ ၄၄ဦးရှိပြီး ​သေဆုံးသူ ၁ဦးရှိသည်။

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

  • 26
  • 34 35 36 37
  • 41 42 43 44 45 46 47 48 49
  • 50 51 52 54 55 56 57 58 59
  • 60 61 62 63 64 69
  • 70 72 73 74 75 76 77
  • 80 81 84 86 89
  • 90 91 94

C26 - ရန်ကုန်ပြည်သူ့​ဆေးရုံကြီးမှလူနာ (၁၀ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်​နေ ဤအမျိုးသမီးသည် ခရီးသွားရာဇဝင် မရှိ​သော်လည်း ဧပြီလ၁ရက်​နေ့မှစတင်၍ ​ချောင်းဆိုးခြင်း၊လည်း​ချောင်းနာခြင်းတို့​ကြောင့် ဧပြီလ ၈ရက်​နေ့တွင် ရန်ကုန်ပြည်သူ့​ဆေးရုံကြီးတွင် သွား​ရောက်ပြသခဲ့ပြီး ​စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက် ၃နာရီထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ဤလူနာသည် ​လေဖြတ်ထားသူတစ်ဦးဖြစ်ကာ ​သွေးတိုးနှင့် ဆီးချို​​ရောဂါအခံရှိသည်။

လွန်ခဲ့​သော ၁၄ရက်အတွင်း ​ရောဂါဖြစ်ပွား​နေ​သော​နေရာများသို့ ခရီးသွားရာဇဝင်၊အတည်ပြုလူနာများနှင့် ထိ​တွေ့ခြင်းတို့ မရှိ​ခဲ့​ပေ။ သို့​သော် ခင်ပွန်းဖြစ်သူမှာ မတ်လ၂၀ရက်​နေ့တွင် စင်ကာပူနိုင်ငံမှပြန်လာသူတစ်ဦး (C24)နှင့် ၃နာရီခန့် အနီးကပ်ထိ​တွေ့ခဲ့ကာ ၂၉ရက်​နေ့တွင် ဖျားခဲ့ပြီး​နောက် ပြန်လည်သက်သာသွားသည်။ ခင်ပွန်းဖြစ်သူမှာ အတည်ပြုလူနာ C63ဖြစ်သည်။

ဆက်စပ်လူနာများ[ပြင်ဆင်ရန်]

C63

C25 - ရန်ကုန်ပြည်သူ့​ဆေးရုံကြီးမှလူနာ (၁၀ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဗဟန်းမြို့နယ်​နေ ဤအမျိုးသားမှာ လွန်ခဲ့​သော ၁၄ရက်အတွင်း ​ရောဂါဖြစ်ပွား​နေ​သော​နေရာများသို့ ခရီးသွားရာဇဝင် မရှိ​သော်လည်း ဧပြီလ၂ရက်​နေ့မှစ၍ ဖျားခြင်း၊​ချောင်းဆိုးခြင်းတို့​ကြောင့် ဧပြီလ ၉ရက်​နေ့တွင် ရန်ကုန်ပြည်သူ့​ဆေးရုံကြီးသို့ သွား​ရောက်ပြသခဲ့ပြီး ​စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက် ၃နာရီထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ဤလူနာတွင် ​သွေးတိုးနှင့် ဆီးချို​ရောဂါအခံများရှိသည်။

ဤလူနာမှာ မတ်လ ၂၃ရက်​နေ့တွင် တနင်္သာရီတိုင်း မြိတ်မြို့သို့ ရန်ကုန်​လေဆိပ်မှ မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း (UB-303)ဖြင့် လိုက်ပါခဲ့ကာ ဟိုတယ်တစ်ခုတွင် တည်းခို​နေထိုင်ခဲ့သည်။ ထို့​နောက် မြိတ်မြို့တွင် ကျင်းပ​သော မင်္ဂလာပွဲတစ်ခုသို့ တက်​ရောက်ခဲ့သည်။ မတ်လ ၂၅ရက်​နေ့တွင် မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း (UB-386)ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ဤလူနာတည်းခိုခဲ့သည့် ဟိုတယ်အား Lockdownချခဲ့ပြီး မင်္ဂလာပွဲစီစဉ်သူများအားလည်း ​ဒေသန္တရအမိန့်​ဖောက်ဖျက်သဖြင့် အ​ရေးယူရန် တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားခဲ့သည်။

C27 - ကျိုက်မ​ရောပြည်သူ့​ဆေးရုံမှလူနာ (၁၀ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်မှ ဤအမျိုးသမီးမှာ ထိုင်းနိုင်ငံ လျပူရီခရိုင်သို့ အလုပ်အကိုင်ရှာ​ဖွေရန် တစ်လခန့် သွား​ရောက်ခဲ့စဉ်က ဗိုက်​အောင့်​ဝေဒနာခံစားခဲ့ရပြီး တစ်လခန့် ​ဆေးရုံတက်ခဲ့ရသည်။ မတ်လ ၂၀ရက်​နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ၎င်း​နေထိုင်ရာ ​ကျေးရွာသို့ ပြန်လည်​ရောက်ရှိပြီး ​နေအိမ်တွင်အသွားအလာကန့်သတ်​စောင့်ကြည့်မှုခံ​နေရာမှ မတ်လ၂၉ရက်တွင် သတ်မှတ်​နေရာသို့ ​ပြောင်း၍ အသွားအလာကန့်သတ်မှု ခံယူခဲ့သည်။ မတ်လ၃၀ရက်​နေ့တွင် ထပ်မံဗိုက်​​အောင့်သဖြင့် ကျိုက်မ​ရောပြည်သူ့​ဆေးရုံသို့ ​ပြောင်းကာ အသွားအလာကန့်သတ် ​စောင့်ကြပ်ကြည့်ရှုမှု ခံယူခဲ့ပြီး ဧပြီလ၈ရက်​နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက်၃နာရီထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။

C29 - (၁၁ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရှမ်းပြည်နယ် ​တောင်ကြီးမြို့​နေ ဤအမျိုးသားမှာ မတ်လ ၂၇ရက်​နေ့ ည(၁၁:၃၀)တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာတာနိုင်ငံ ဒိုဟာမြို့မှတစ်ဆင့် QR-916​လေယာဉ်ဖြင့် ပြန်လည်​ရောက်ရှိခဲ့သည်။ မတ်လ၂၈ရက်​နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်​ရောက်ရှိပြီး ရန်ကုန်​လေဆိပ်မှတစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်​နေရာတွင် အသွားအလာကန့်သတ်​စောင့်ကြည့်ရန် ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၁ရက်နေ့ ည (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။

ဤလူနာမှာ အသွားအလာကန့်သတ်ခြင်း ၁၄ရက်ပြည့်၍ ဧပြီလ ၁၁ရက်​နေ့တွင် ရန်ကုန်မြို့မှ က​​လောမြို့သို့ ထွက်ခွာခဲ့ရာ ည​နေ (၅:၁၅)တွင် ​ရောက်ရှိခဲ့သည်။ ထို့​နောက် ​တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာစဉ် အတည်ပြုလူနာအဖြစ် သတ်မှတ်ခံခဲ့ရသဖြင့် ထိုလူနာအား ​တောင်ကြီးမြို့ စဝ်စံထွန်း​ဆေးရုံကြီးသို့ ညွှန်းပို့၍ကုသ​ပေးခဲ့သည်။

C32 - လှည်းကူးပြည်သူ့​ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ လှည်းကူးမြို့နယ်​နေ အမျိုးသားတစ်ဦးသည် မတ်လ၂၃ရက်​နေ့မှစ၍ ဖျားခြင်း၊​ချောင်းဆိုးခြင်း​ကြောင့် မတ်လ၁၈ရက်​နေ့တွင် လှည်းကူးပြည်သူ့​ဆေးရုံသို့ သွား​ရောက်ပြသခဲ့သည်။၎င်းသည် လွန်ခဲ့​သော ၃လခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွား​ရောက် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် ​စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။

ဤလူနာသည် မတ်လ ၂၄ရက်​နေ့တွင် တရုတ်လိုင်စင်အငှားယာဉ်ဖြင့် ​လောက်ကိုင်မြို့နယ် မက်မုံရူးရွာမှ နန့်ဆန်မြို့သို့လည်း​ကောင်း၊ မတ်လ ၂၅ရက်​နေ့တွင် လားရှိုးမြို့သို့သွား​ရောက်ကာ တည်းခိုခန်းတွင် တစ်ညအိပ်တည်းခိုခဲ့သည်။ မတ်လ ၂၆ရက်​နေ့တွင် ရွှေမန္တလာ(လားရှိုး-ရန်ကုန်)အ​ဝေး​ပြေးယာဉ်ဖြင့် ပြန်လာခဲ့ကာ ရန်ကုန်-မန္တ​လေးအမြန်လမ်း ၁၄မိုင် ၅ဖာလုံတွင်ဆင်းကာ ဆိုင်ကယ်ကယ်ရီဖြင့်​နေအိမ်သို့ ပြန်လာခဲ့သည်။

C33 - အင်းစိန်ပြည်သူ့​ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်​နေ အမျိုးသမီးတစ်ဦးသည် ဧပြီလ ၇ရက်​နေ့မှစတင်ကာ ဖျားခြင်း၊​ချောင်းဆိုးခြင်း နှာရည်ယိုခြင်းတို့​ကြောင့် ဧပြီလ ၁၀ရက်​နေ့တွင် အင်းစိန်ပြည်သူ့​ဆေးရုံကြီးသို့ သွား​ရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။၎င်းသည် လွန်ခဲ့​သော ၁၄ရက်အတွင်း ခရီးသွားရာဇဝင် မရှိ​ပေ။

C34၊ C35၊ C36၊ C37 - အင်းစိန်ပြည်သူ့​ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ အင်းစိန်မြို့နယ်​နေ ဤလူနာများသည် နိုင်ငံခြားသားများပါဝင်​သော ဘာသာ​ရေးအခမ်းအနားတစ်ခုသို့ တက်​ရောက်ခဲ့ကြသည့် သင်းအုပ်ဆရာ​တော်နှင့် ဓမ္မ​တေးအဖွဲ့ဖြစ်သည်။ဧပြီလ ၈ရက်​နေ့မှစ၍ C34လူနာမှာ ဖျားခြင်း၊ လည်​ချောင်းနာခြင်းကိုလည်း​ကောင်း၊ C35လူနာမှာ အသက်ရှူကြပ်ခြင်းနှင့် လည်​ချောင်းနာခြင်းကိုလည်း​ကောင်း၊ C36လူနာသည် ဖျားခြင်း၊လည်​ချောင်းနာခြင်း၊နှာရည်ယိုခြင်းကိုလည်း​ကောင်း ၊ C37လူနာသည် ဖျားခြင်း၊​​ချောင်းဆိုးခြင်းကိုလည်း​ကောင်း ခံစားခဲ့ကြရ၍ ဧပြီ ၁၀ရက်​နေ့တွင် အင်းစိန်​ဆေးရုံကြီးသို့ သွား​ရောက်ပြသခဲ့သည်။၎င်းတို့အား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာများအဖြစ် ပါဝင်လာခဲ့သည်။

C38 - အင်းစိန်ပြည်သူ့​ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ အင်းစိန်မြို့နယ်​နေ ဤအမျိုးသမီးသည် မတ်လ ၂၆ရက်​နေ့မှစကာ ဖျားခြင်း၊ ​ချောင်းဆိုးခြင်းနှင့် ဝမ်းသွားခြင်းတို့​ကြောင့် ဧပြီလ ၁၀ရက်​နေ့တွင် အင်းစိန်ပြည်သူ့​ဆေးရုံကြီးသို့ သွား​ရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။

C39 - ရန်ကုန်ပြည်သူ့​ဆေးရုံကြီးမှလူနာ (၁၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်​နေ အသက်၈၅နှစ်အရွယ် အမျိုးသားမှာ ဧပြီလ ၄ရက်​နေ့တွင် ဖျားခြင်း၊​ချောင်းဆိုးခြင်းကို ခံစားခဲ့ရသည်။ ထို့​ကြောင့် ဧပြီလ ၁၁ရက်​နေ့တွင် ရန်ကုန်ပြည်သူ့​ဆေးရုံကြီးသို့ သွား​ရောက်ပြသခဲ့ရာ ​စောင့်ကြည့်လူနာအဖြစ် ကုသခဲ့သည်။ လူနာသည် ပြည်ပနိုင်ငံများသို့ သွား​ရောက်ခဲ့ခြင်းမရှိ​​သော်လည်း ဆီးချိုနှင့် နှလုံး​​သွေး​ကြောကျဉ်း​ရောဂါ ခံစား​နေရသူဖြစ်သည်။​ဆေးရုံစတက်စဉ်ကပင် ​​အလွန်​မောပန်းလျက်ရှိကာ ​သွေးအတွင်း​အောက်ဆီဂျင် ​လျော့ကျခြင်းတို့​ကြောင့် လိုအပ်​သော ကုသမှုများ​ပေးခဲ့​သော်လည်း ဧပြီလ ၁၂ရက်​နေ့ နံနက် (၆:၀၀)တွင် ကွယ်လွန်သွားခဲ့သည်။ဧပြီလ ၁၂ရက် ည(၆:၃၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာဖြစ်​ကြောင်း ​ပြောကြားခဲ့ပြီး ည(၈:၀၀)ထုတ်ပြန်ချက်တွင် ​သေဆုံးခဲ့ပြီဖြစ်​ကြောင်း အ​သေးစိတ် ထုတ်ပြန်ခဲ့သည်။

C41 - အင်းစိန်ပြည်သူ့​ဆေးရုံမှလူနာ (၁၃ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ​နေထိုင်​သော ဤအမျိုးသားမှာ ဧပြီလ ၆ရက်​နေ့မှစတင်ကာ ဖျားခြင်း၊​ချောင်းဆိုးခြင်း၊ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးချိခြင်းတို့ ခံစားခဲ့ရ​သော်လည်း ​ရောဂါလက္ခဏာမပြင်းထန်၍ ​ဆေးရုံမပြခဲ့​ပေ။ဤလူနာသည် အတည်ပြုလူနာများဖြစ်​သော C24၊ C34၊ C35၊ C36၊ C37တို့နှင့် ဘာသာ​ရေးအခမ်းအနား အတူတက်ခဲ့ဖူးသည်။ လူနာသည် ဧပြီ ၁၂ရက်​နေ့တွင် ဖျားခြင်း၊​​ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့​ကြောင့် အင်းစိန်ပြည်သူ့​ဆေးရုံသို့ လာ​ရောက်ပြသခဲ့သည်။၎င်းအား စောင့်ကြည့်လူနာအဖြစ်ထားပြီး ဓာတ်ခွဲနမူနာထပ်မံရယူစစ်​ဆေးခဲ့ပြီး ဧပြီလ ၁၃ရက်​နေ့ နံနက် (၁၂:၃၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့သည်။

C120 - (၂၁ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဒဂုံမြို့သစ်အ​ရှေ့ပိုင်းမြို့နယ်တွင်​နေထိုင်​သော ဤအမျိုးသမီးမှာ ရန်ကုန်မြို့ မြန်မာပလာဇာတွင်ရှိ​သော MPTအ​ရောင်းဆိုင်မှ ဝန်ထမ်းဖြစ်သည်။ အတည်ပြုလူနာအဖြစ်​ကေကကညာအပြီး အတူ​နေမိသားစုဝင် ၄ဦးကိုပါ ​အသွားအလာကန့်သတ်​စောင့်ကြည့်ခဲ့ပြီး ​နေထိုင်ရာ ရပ်ကွက်အား အသွားအလာကန့်သတ်ခဲ့သည်။

C121 - ​တောင်ကြီးမြို့မှလူနာ (၂၁ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရှမ်းပြည်နယ် ​တောင်ကြီးမြို့​နေ အသက်၂၁နှစ်အရွယ် အမျိုးသမီးမှာ မတ်လ ၂၂ရက်​နေ့တွင် အင်္ဂလန်မှ ရန်ကုန်မြို့သို့ ​ရောက်ရှိ၍ ထို​နေ့မှစ၍ ဧပြီလ၅ရက်​နေ့အထိ သတ်မှတ်ထား​သော Yangon Airport Hotelတွင် အသွားအလာကန့်သတ်​စောင့်ကြည့်မှုခံယူခဲ့သည်။၁၄ရက်ပြည့်၍ ရန်ကုန်မြို့မှ ဟဲဟိုး​လေဆိပ်သို့ ​Golden Myanmar​လေ​ကြောင်းလိုင်းဖြင့် ပြန်လာခဲ့သည်။ ထိုမှတစ်ဆင့် ​တောင်ကြီးမြို့ရှိ ​နေအိမ်သို့ ဖခင်ဖြစ်သူမှ ကားဖြင့် ​ခေါ်​ဆောင်ခဲ့သည်။

လူနာသည် ရန်ကုန်မြို့တွင် ​နေစဉ်ကပင် အနံ့အရသာ​ကောင်းစွာ မခံစားခဲ့ရ၍ စစ်​ဆေး​ပေးရန်​တောင်းဆိုခဲ့​သော်လည်း တာဝန်ရှိသူများက အံသွား​ပေါက်​နေ၍ ပိုးသတ်​ဆေးစားထား​သော​​ကြောင့်သာဖြစ်​ကြောင်း​ပြော၍ စစ်​ဆေးမှုမပြုလုပ်ခဲ့​ပေ။ဧပြီ ၁၅ရက်​နေ့တွင် ​တောင်ကြီးမြို့ စဝ်စံထွန်း​ဆေးရုံသို့ ထပ်မံသွား​ရောက်ခဲ့ပြန်ရာ ရန်ကုန်တွင် တာဝန်ရှိသူများက စစ်​ဆေး​ပေးရန်အဆင်မ​ပြေ​ကြောင်း​ပြောကာ သာမန်လူနာအဖြစ် ပြန်လွှတ်ခဲ့သည်။ ထို့​နောက် ရပ်ကွက်အုပ်ချုပ်​ရေးမှူးမှတစ်ဆင့် အထက်သို့ အဆင့်ဆင့်တင်ပြခဲ့ပြီးကာမှ ဧပြီလ၁၉ရက်​နေ့တွင် ဓာတ်ခွဲနမူနာထပ်မံရယူစစ်​ဆေးခဲ့ပြီး ဧပြီလ ၂၁ရက်​နေ့ နံနက် (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့သည်။

ဤလူနာသည် ​တောင်ကြီးမြို့မ​ဈေး၊​တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်ဘုရား၊​တောင်ကြီးမြို့ရှိ ဟိုတယ်တစ်ခုမှ bar၊ ကယားပြည်နယ်၊ လွိုင်​ကော်မြို့အနီးရှိ ရှမ်းပြည်နယ်၊ ဖယ်ခုံ​တောင်​ပေါ်ပရဟိတ​ကျောင်းများသို့ သွားလာခဲ့သည်။ ထို​တောင်​ပေါ်​ကျောင်းသို့ သွား​ရောက်ရန် လမ်းပြ​ပေးမည့်သူအား လွိုင်​ကော်မြို့သို့ သွား​ရောက်​ခေါ်​ဆောင်ကာ ပြန်လည် ပို့​ပေးခဲ့​သေးသည်။

C122 - ​ရန်ကုန်မြို့၊ သာကေတမှလူနာ (၂၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အသက် ၂၈-နှစ်၊ ကျား၊ C 84 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C123 - ​ရန်ကုန်မြို့၊ အင်းစိန်မှလူနာ (၂၂ ဧပြီ ၂၀၂၀)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၁၈-နှစ်၊ မ၊ C108 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C124 - ​ရန်ကုန်မြို့၊ မင်္ဂလာဒုံလူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အသက် ၄၅-နှစ်၊ ကျား၊ C 89 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C125 - ​ရန်ကုန်မြို့၊ ဗိုလ်တထောင်လူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အသက် ၁၈-နှစ်၊ ကျား၊ C 110 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C126 - ​ရန်ကုန်မြို့၊ တာမွေ လူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အသက် ၄၇-နှစ်၊ ကျား၊ C 87 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C127 - ​ရန်ကုန်မြို့၊ အင်းစိန် လူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၂၄-နှစ်၊ မ၊ C 94 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C128 - ​ရန်ကုန်မြို့၊ တောင်ဥက္ကလာပ လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်၊ အသက် ၅၄-နှစ်၊ ကျား၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C129 - ​ရန်ကုန်မြို့၊ သာကေတ လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အသက် ၃၁-နှစ်၊ မ၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C130 - ​ရန်ကုန်မြို့၊ အင်းစိန် လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၆၅-နှစ်၊ မ၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C131 - ​ရန်ကုန်မြို့၊ အင်းစိန် လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၂၈-နှစ်၊ မ၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။

C132 - ​မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အသက် ၈၀-နှစ်၊ ကျား၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။ ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named mohs23
  2. COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (25-3-2020, 01:00 AM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  3. ၃.၀ ၃.၁ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (27-3-2020, 1:45 AM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  4. ၄.၀ ၄.၁ ၄.၂ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (28-3-2020, 00:15 AM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. ၅.၀ ၅.၁ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (30-3-2020, 7:30 PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  6. ၆.၀ ၆.၁ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (29-3-2020, 10:30 PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။ 13 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (31-3-2020, 8:00 PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  8. COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (2-4-2020, 8:00PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  9. COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (1-4-2020, 8:00PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  10. COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (4-4-2020, 8:00 PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
  11. COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (6-4-2020, 8:00PM)ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။ 13 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။