မြန်မာနိုင်ငံကျမ်းစာအသင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာဘာသာဖြင့် ကျမ်းစာအုပ်များစွာ ထုတ်ဝေခဲ့သည်။ ဆရာယုဒသန် ဟေလသဘာသာ (ဂရိ) နှင့် ဟေဘရူးဘာသာ (Hebrew) တို့မှ ဘာသာပြန်ခဲ့သော ကျမ်းစာကို ခေတ်သုံးမြန်မာ၊ ပုံစံအမျိုးမျိုးဖြင့် ထုတ်ဝေသည့် အသင်းကြီးဖြစ်သည်။ အင်တာနက်ခေတ်တွင် မြန်မာ အွန်လိုင်းကျမ်းစာများကို မြန်မာနိုင်ငံကျမ်းစာအသင်း ၏ http://myanmarbible.com တွင်ရယူ၊ ဖတ်ရှုနိုင်သည်။

မြန်မာလူမျိုစုများ ကချင်၊ကရင်၊ချင်း၊ရှမ်း၊ရဝမ်၊လီစူး..စသည့်ဘာသာမျိုးစုံဖြင့် ကျမ်းစာအုပ်များကို ထုတ်ဝေ၊ဖြန့်ချိလှျက်ရှိသည်။ အွန်လိုင်းဘိုင်ဘယ် Online Bible တွင်လည်း ကြည့်ရှု၊ဖတ်ရှုနိုင်သည်။

ကျမ်းစာနှင့်ဆိုင်သည့် အဘိဓာန်၊ အနက်ဖွင့်ကျမ်းနှင့် စာအုပ်မျိုးစုံတို့ကို ဘာသာပြန်ထုတ်ဝေနေသော မြန်မာနိုင်ငံကျမ်းစာအသင်း နှင့်အတူ၊ ခရစ်ယာန်စာပေ CLC အသင်းတစ်ခုလည်း ရန်ကုန်တွင်ရှိသည်။ ကာသိုလစ်အသင်းတော် Roman Catholic အသင်းတော်မှလည်း ကျမ်းစာအုပ်များကို ဘာသာပြန်ထုတ်ဝေလှျက်ရှိသည်။