မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ


မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ သည် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၁ / ၂၀၂၅) နှင့် (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်) ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်ပြဋ္ဌာန်းသော ဥပဒေဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းသည်ဟု နိဒါန်းတွင် ပါရှိသည်။ ဥပဒေတွင် အခန်း (၁၃)ခန်း၊ ပုဒ်မပေါင်း (၄၇)ခု ပါဝင်သည်။ ဥပဒေတွင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း စသည်တို့ပါဝင်သည်။[၁]
အခန်းများ
[ပြင်ဆင်ရန်]ဥပဒေတွင် အခန်း (၁၃)ခန်း၊ ပုဒ်မပေါင်း (၄၇)ခုပါဝင်ပြီး ပြဋ္ဌာန်းထားသည့် အခန်းနံပါတ်အလိုက် ခေါင်းစဉ်နှင့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည် –
- အခန်း(၁) အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက် ၊
- အခန်း(၂) ရည်ရွယ်ချက်များ ၊
- အခန်း(၃) ဖွဲ့စည်းခြင်း ၊
- အခန်း(၄) တာဝန်နှင့်လုပ်ပိုင်ခွင့်များ ၊
- အခန်း(၅) ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး ၊
- အခန်း(၆) ပင်လယ်ရေကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး ၊
- အခန်း(၇) အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်း ၊
- အခန်း(၈) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး ၊
- အခန်း(၉) ပူးပေါင်းဆောင်ရွက်ခြင်း ၊
- အခန်း(၁ဝ) တားမြစ်ချက်များ ၊
- အခန်း(၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များ ၊
- အခန်း(၁၂) ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် လွှဲပြောင်းခြင်း ၊
- အခန်း(၁၃) အထွေထွေ ။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့
[ပြင်ဆင်ရန်]မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းဥပဒေထိန်းသိမ်းရေးနှင့် စိုးမိုးရေးအဖွဲ့ဖြစ်ပြီး တပ်မတော်၏အစိတ်အပိုင်း တပ်ဖွဲ့[မှတ်စု ၁]တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ခရီးသွားလာရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ ရေနက်ဆိပ်ကမ်းလုပ်ငန်းများ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းစသည့် ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းများကို စောင့်ကြပ်ကာကွယ်ရန်နှင့် တရားမဝင်ကျူးကျော်လာမှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်တွင်း ဒုက္ခသည်များကို ရှာဖွေကယ်ဆယ်ရန်၊ ပင်လယ်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရှေးရှုစောင့်ရွက်ရန်နှင့် မြန်မာ့ရေပိုင်နက်အတွင်းရှိ ရေပေါ်ရေအောက်လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုရန် တာဝန်ယူရသည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]- ↑ တပ်မတော် (ရေ)၏ ကြီးကြပ်မှုဖြင့်
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ[လင့်ခ်သေ] (မြန်မာဥပဒေသတင်းအချက်အလက်စနစ်)
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- စာသားအပြည့်အစုံ (မြန်မာဘာသာ)[လင့်ခ်သေ] (မြန်မာဥပဒေသတင်းအချက်အလက်စနစ်)။